HomeSportကမ္ဘာ့အကောင်းဆုံး တိုက်စစ်ကစားသမား (၁၀) ဦး။

ကမ္ဘာ့အကောင်းဆုံး တိုက်စစ်ကစားသမား (၁၀) ဦး။

- Advertisement -

၁၀။ မာကိုရူးစ် (ဒါ့မွန်)

ဒဏ်ရာနဲ့ ကြံ့ခိုင်မှု ပြဿနာများသာ မာကိုရူးစ်ကို မနှိပ်စက်ခဲ့ပါက အဆိုပါ ဂျာမနီကစားသမားသည် ယခုထက် ပိုမိုမြင့်မားသည့် အဆင့်အတန်းတစ်ခုကို ရောက်ရှိနေမည်မှာ အသေအချာပင်ဖြစ်ပါတယ်။ လက်ရှိအချိန်တွင်မူ မာကိုရူးစ်အနေနဲ့ ဒူးအရွတ်ကြောဒဏ်ရာရရှိနေပေမယ့် ယခုနှစ်ဘောလုံးရာသီ ဒေ့ါမွန်အသင်းရဲ့ အမြင့်ပျံခရီး၌ အကောင်းဆုံးခြေစွမ်းပြနေပြီး ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင်လည်း (၁၅) ဂိုးသွင်းယူထားသည့် မာကိုရူးစ်ထက် ဂိုးပိုမိုသွင်းယူထားနိုင်သည့် ကစားသမားကလည်း (၃) ယောက်သာ ရှိပါတယ်။

၉။ ဂါရတ်ဘေးလ် (ရီးရဲယ်မက်ဒရစ်)

ပြီးခဲ့သည့် ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ၌ ရီးရဲယ်မက်ဒရစ်အသင်းအတွက် အနိုင်ဂိုးနှစ်ဂိုးသွင်းယူပြီးနောက် ဂါရတ်ဘေးလ်သည် အသင်းက ထွက်ခွာရန် သတင်းများကျယ်လောင်စွာ ထွက်ပေါ်ခဲ့ပါတယ်။ စီရော်နယ်ဒိုထွက်ခွာသွားပြီဖြစ်သည့် ရီးရဲယ်မက်ဒရစ်အသင်းတိုက်စစ်အတွက် အဓိက ဦးဆောင်ကစားသမားအဖြစ် ဂါရတ်ဘေးလ်အပေါ် မျှော်လင့်ချက်များထားခဲ့ကြပေမယ့် အဆိုပါ ဝေးလ်စ်လက်ရွေးစင်ကစားသမားမှာမူ အသင်းအတွက် ပုံမှန်ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေရပြီး ယခုနှစ်ရာသီအတွက် လာလီဂါ ပွဲစဉ် (၁၇) ပွဲသာ ကစားခွင့့်ရရှိခဲ့ပါတယ်။ သို့ရာတွင် ဇီဒန်းလက်ထက်၌ အခွင့်အရေးအနည်းငယ်ပြန်ရလာဟန်ရှိသည့် ဂါရတ်ဘေးလ်အနေနဲ့ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်ကစားသမားများထဲမှ တစ်ဦးအဖြစ် ပါဝင်နေဆဲလည်း ဖြစ်ပါတယ်။

- Advertisement -

၈။ ရာဟင်မ်စတာလင် (မန်စီးတီး)

ပြီးခဲ့သည့် ဘောလုံးရာသီ၌ မန်စီးတီးအသင်းအတွက် (၂၃) ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု (၁၂) ကြိမ် ပြုလုပ်နိုင်ခဲ့သည့် စတာလင်အနေနဲ့ ယခုနှစ် ဘောလုံးရာသီ၌လည်း အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြလျက်ရှိပါတယ်။ နောက်ဆုံး ကစားခဲ့သည့် အင်္ဂလန်အသင်းရဲ့ ယူရို- ၂၀၂၀ ခြေစစ်ပွဲနှစ်ပွဲတွင်လည်း အကောင်းဆုံး ခြေစွမ်းပြကစားကာ ဂိုးများသွင်းယူနိုင်ခဲ့ပြီး တောင်ပံကစားသမားတစ်ယောက်ထံ၌ ရှိသင့်ရှိထိုက်သည့် လျင်မြန်မှု၊ လိမ္မာပါးနပ်မှုများနဲ့ ပြည့်စုံနေသလို ဘောလုံးမရှိချိန်၌လည်း ပြိုင်ဘက်နောက်တန်းကစားသမားများအတွက် အန္တရာယ်ရှိသည့် ရွေ့လျားမှုများ ပြုလုပ်နိုင်သည့် စတာလင်အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်လာနိုင်ဖွယ်ရှိကြောင်း ထင်ကြေးပေးမှုများလည်း ရှိခဲ့ပါတယ်။

- Advertisement -

၇။ မာနေး (လီဗာပူး)

လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင်ဆုအတွက် ဦးဆောင်လျက်ရှိသည့် မန်စီးတီး တိုက်စစ်မှူး အဂွေရိုရဲ့နောက် တစ်ဂိုးအကွာ၌ ရပ်တည်လျက်ရှိနေသည့် မာနေးသည် လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၁၇) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ပြေးအား ရုန်းအားကောင်းကောင်းဖြင့် ပြိုင်ဘက်ခံစစ်တန်းကို အလဲလဲအပြိုပြိုဖြစ်စေပြီး အသင်းဖော်ကစားသမားများအတွက် အခွင့်အရေးများ ဖန်တီးပေးနိုင်သလို ဘောလုံးခြေထောက်ထဲ မရှိချိန်၌ပါ အကောင်းဆုံး ပုံစံများနဲ့ ရွေ့လျားကစားနိုင်သည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ကန်ချက်ကောင်းကောင်းနဲ့ ဂိုးများသွင်းယူနိုင်သည့် မာနေးကို ခေါ်ယူရန် စပိန်အင်အားကြီးကလပ် ရီးရဲယ်မက်ဒရစ်အသင်းကလည်း စိတ်ဝင်စားလျက်ရှိပါတယ်။

၆။ ဆာလာ (လီဗာပူး)

ပြီးခဲ့သည့် ဘောလုံးရာသီမစတင်ခင် နွေရာသီ အပြောင်းအရွှေ့၌ ရိုးမားအသင်းထံမှ ပြောင်းရွှေ့ရောက်ရှိလာခဲ့သည့် ဆာလာသည် အသင်းသစ်နဲ့ ပထမဆုံးရာသီ၌ပင် ပြိုင်ပွဲစုံ သွင်းဂိုး (1209၄၄) ဂိုးအထိ သွင်းယူပေးပြီး ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ လီဗာပူးအသင်းရဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲတက်လှမ်းရာ လမ်းကြောင်းတစ်လျှောက်၌လည်း အကောင်းဆုံးပုံစံများ ပြသနို်င်ခဲ့သည့် ဆာလာသည် ပြိုင်ဘက်ခံစစ်ဇုန်ထဲတွင် လျင်မြန်မှုအပြည့်နဲ့ လှုပ်ရှားမှုများ ပြုလုပ်နိုင်သည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

၅။ ဟာဇက် (ချဲလ်ဆီး)

ရီးရဲယ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ကစားလိုကြောင်း ဖွင့်ဟဝန်ခံထားသည့် ဟာဇက်သည် ချဲလ်ဆီးအသင်းရဲ့ အဓိက တိုက်စစ်ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ (၂၀၁၅) ခုနှစ်နဲ့ (၂၀၁၇) ခုနှစ်များ၌ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့သည့် ချဲလ်ဆီးအသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနို်င်သည့် ဟာဇက်သည် တစ်ဦးချင်းထူးချွန်သည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းခေါင်းဆောင်ဖြစ်သည့် ဟာဇက်ရဲ့ လှည့်စားမှု နဲ့ မြန်နှုန်းမြင့် ပြေးအားများက ပြိုင်ဘက်ခံစစ်အတွက် ထိန်းချုပ်ရခက်ခဲနေဆဲဖြစ်ပါတယ်။

၄။ နေမာ (PSG)

ဘာစီလိုနာအသင်းမှ ထွက်ခွာပြီး PSG အသင်းထံ ပြောင်းရွှေ့ခဲ့သည့် နေမာအတွက် လက်ရှိအချိန်အထိ အောင်မြင်မှု မည်မည်ရရ ရရှိခဲ့ခြင်းမရှိသေးပေမယ့် အသက် (၂၇) နှစ်အရွယ်ရှိပြီဖြစ်သူ အဆိုပါ ဘရာဇီးလက်ရွေးစင်အသင်းခေါင်းဆောင်ရဲ့ ခြေစွမ်းကိုမူ မေးခွန်းထုတ်စရာပင် မလိုအပ်ပေ။ ဖျော်ဖြေမှုဆန်ဆန်ကစားဟန် နဲ့ ပြိုင်ဘက်များကို ကျော်ဖြတ်လေ့ရှိပြီး အဆိုပါ ကစားပုံကြောင့်ပင် ပြိုင်ဘက်ကစားသမားများရဲ့ အဓိက ပစ်မှတ်ထား လူချကစားခြင်းကို ခံရလေ့ရှိသည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ PSG အသင်းအတွက် ပြိုင်ပွဲစုံ (၅၃) ပွဲကစားပြီးချိန်၌ (၄၈) ဂိုးသွင်းယူပေးထားပြီး ဂိုးဖန်တီးမှု (၂၄) ကြိမ် ပြုလုပ်ပေးထားနိုင်သည့် နေမာသည် ကမ္ဘာ့အန္တရာယ်အရှိဆုံး တိုက်စစ်ကစားသမားများထဲမှ တစ်ယောက်အဖြစ် ပါဝင်နေဆဲဖြစ်ပါတယ်။

- Advertisement -

၃။ ဂရစ်ဇ်မန်း (အက်သလက်တီကို)

လက်ရှိအချိန်တွင် အသင်း၌ မပျော်မရွှင်ဖြစ်နေပြီး လာမည့်နွေရာသီ အပြောင်းအရွှေ့၌ အက်သလက်တီကိုအသင်းကထွက်ခွာမည်ဟု သတင်းများထွက်ပေါ်နေသည့် ဂရစ်ဇ်မန်းရဲ့ နေရာကို အစားထိုးရန် ခက်ခဲနေမည်မှာ အသေအချာပင်ဖြစ်ပါတယ်။ အခွင့်အရေးများကို ဖန်တီးပေးနိုင်သည့် အပြင် ကိုယ်တိုင်လည်း ဂိုးများသွင်းယူနိုင်သည့် ဂရစ်ဇ်မန်းသည် အသင်းလိုက်စုဖွဲ့ကစားပုံကောင်းမွန်သည့် ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိဘောလုံးရာသီ၌ အက်သလက်တီကိုအသင်းအတွက် (၁၈) ဂိုးသွင်းယူပေးထားနိုင်သည့် ဂရစ်ဇ်မန်းအနေနဲ့ လာမည့် ဘောလုံးရာသီ၌ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားရန်အတွက်လည်း သတင်းများကျယ်လောင်စွာထွက်ပေါ်လျက်ရှိပါတယ်။

၂။ အမ်ဘာပေ (PSG)

ပြီးခဲ့သည့် (၂၀၁၈) ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ရှုံးထွက်အဆင့်၌ ပြင်သစ်အသင်းက အာဂျင်တီးနားအသင်းကို ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲမှစတင်ကာ အမ်ဘာပေအတွက် ကစားသမားဘဝ အကောင်းဆုံးအချိန်များစတင်ခဲ့သည်ဟု ဆိုရမှာလည်း ဖြစ်ပါတယ်။ အသက် (၂၀) အရွယ်သာရှိသေးသည့် အမ်ဘာပေအနေနဲ့ ပြင်သစ်လီဂူးပြိုင်ပွဲ၌လည်း စံချိန်မှတ်တမ်းကောင်းများကို ဆက်တိုက်ဆိုသလို ချိုးဖြတ်ပြနေပြီး ယခုနှစ်ဘောလုံးရာသီအတွင်း၌ PSG အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားများဖြစ်ကြသည့် နေမာ ကာဗာနီတို့ ဒဏ်ရာရရှိနေချိန်၌ပင် အသင်းရဲ့ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်ကစားနိုင်ခဲ့ပါတယ်။ PSG အသင်းအတွက် ပြိုင်ပွဲစုံ (၃၅) ပွဲ၌ (၃၁) ဂိုးအထိသွင်းယူပေးပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့သည့် အမ်ဘာပေသည် အနာဂတ်ရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ်လည်း သတ်မှတ်ခြင်းခံထားရသည့် ကစားသမားတစ်ဦးဖြစ်ပါတယ်။

၁။ မက်ဆီ (ဘာစီလိုနာ)

ကမ္ဘာပေါ်၌ ဘောလုံးပေးပို့မှု အကောင်းမွန်ဆုံး ကစားသမား၊ ဘောလုံးဆွဲပြေးမှု အကောင်းမွန်ဆုံး ကစားသမားဖြစ်ပြီး အခွင့်အရေးများစွာကိုလည်း ဖန်တီးပေးနိုင်သလို ကိုယ်တိုင်လည်း ဂိုးများသွင်းယူပေးနိုင်သည့် မက်ဆီသည်လည်း ကမ္ဘာ့အကောင်းဆုံး တိုက်စစ်ကစားသမား (၁၀) ဦးစာရင်းထဲ၌ ပါဝင်လျက်ရှိပါတယ်။ ယခုနှစ်ရာသီ၌ ဘာစီလိုနာအသင်းအတွက် အထူးခြေစွမ်းပြကစားလျက်ရှိသည့် မက်ဆီသည် လာလီဂါရွှေဖိနပ်ဆုအပြင် ဥရောပရွှေဖိနပ်ဆုကိုပါ ရယူနိုင်ရန်အတွက် ရေပန်းစားလျက်ရှိပါတယ်။

Soshwe ရဲ့ ပရိသတ် တွေကော ဘယ်လိုထင်ကြပါသလဲ…

Comment လေးတေေွပေးသွားပါဦးနော် . . .
<Unicode Version>

 

 

ကမာၻ႕အေကာင္းဆံုး တုိက္စစ္ကစားသမား (၁၀) ဦး။

၁၀။ မာကိုရူးစ္ (ဒါ့မြန္)

 

ဒဏ္ရာနဲ႔ ႀကံ႕ခိုင္မႈ ျပႆနာမ်ားသာ မာကုိရူးစ္ကို မႏွိပ္စက္ခ့ဲပါက အဆုိပါ ဂ်ာမနီကစားသမားသည္ ယခုထက္ ပိုမုိျမင့္မားသည့္ အဆင့္အတန္းတစ္ခုကို ေရာက္ရွိေနမည္မွာ အေသအခ်ာပင္ျဖစ္ပါတယ္။ လက္ရွိအခ်ိန္တြင္မူ မာကိုရူးစ္အေနနဲ႔ ဒူးအရြတ္ေၾကာဒဏ္ရာရရွိေနေပမယ့္ ယခုႏွစ္ေဘာလံုးရာသီ ေဒ့ါမြန္အသင္းရဲ႕ အျမင့္ပ်ံခရီး၌ အေကာင္းဆံုးေျခစြမ္းျပေနၿပီး ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲတြင္လည္း (၁၅) ဂိုးသြင္းယူထားသည့္ မာကိုရူးစ္ထက္ ဂုိးပိုမိုသြင္းယူထားႏုိင္သည့္ ကစားသမားကလည္း (၃) ေယာက္သာ ရွိပါတယ္။

 

၉။ ဂါရတ္ေဘးလ္ (ရီးရဲယ္မက္ဒရစ္)

 

ၿပီးခ့ဲသည့္ ေဘာလံုးရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ႕ ဗိုလ္လုပြဲ၌ ရီးရဲယ္မက္ဒရစ္အသင္းအတြက္ အႏုိင္ဂိုးႏွစ္ဂိုးသြင္းယူၿပီးေနာက္ ဂါရတ္ေဘးလ္သည္ အသင္းက ထြက္ခြာရန္ သတင္းမ်ားက်ယ္ေလာင္စြာ ထြက္ေပၚခ့ဲပါတယ္။ စီေရာ္နယ္ဒုိထြက္ခြာသြားၿပီျဖစ္သည့္ ရီးရဲယ္မက္ဒရစ္အသင္းတိုက္စစ္အတြက္ အဓိက ဦးေဆာင္ကစားသမားအျဖစ္ ဂါရတ္ေဘးလ္အေပၚ ေမွ်ာ္လင့္ခ်က္မ်ားထားခ့ဲၾကေပမယ့္ အဆုိပါ ေဝးလ္စ္လက္ေရြးစင္ကစားသမားမွာမူ အသင္းအတြက္ ပုံမွန္ေျခစြမ္းျပသႏုိင္ရန္ ရုန္းကန္ေနရၿပီး ယခုႏွစ္ရာသီအတြက္ လာလီဂါ ပြဲစဥ္ (၁၇) ပြဲသာ ကစားခြင့့္ရရွိခ့ဲပါတယ္။ သို႔ရာတြင္ ဇီဒန္းလက္ထက္၌ အခြင့္အေရးအနည္းငယ္ျပန္ရလာဟန္ရွိသည့္ ဂါရတ္ေဘးလ္အေနနဲ႔ ကမာၻ႕အေကာင္းဆံုး တုိက္စစ္ကစားသမားမ်ားထဲမွ တစ္ဦးအျဖစ္ ပါဝင္ေနဆဲလည္း ျဖစ္ပါတယ္။

 

၈။ ရာဟင္မ္စတာလင္ (မန္စီးတီး)

 

ၿပီးခ့ဲသည့္ ေဘာလံုးရာသီ၌ မန္စီးတီးအသင္းအတြက္ (၂၃) ဂိုးသြင္းယူၿပီး ဂိုးဖန္တီးမႈ (၁၂) ႀကိမ္ ျပဳလုပ္ႏုိင္ခ့ဲသည့္ စတာလင္အေနနဲ႔ ယခုႏွစ္ ေဘာလံုးရာသီ၌လည္း အသင္းအတြက္ အေကာင္းဆံုး ေျခစြမ္းျပလ်က္ရွိပါတယ္။ ေနာက္ဆံုး ကစားခ့ဲသည့္ အဂၤလန္အသင္းရဲ႕ ယူရုိ- ၂၀၂၀ ေျခစစ္ပဲြႏွစ္ပဲြတြင္လည္း အေကာင္းဆံုး ေျခစြမ္းျပကစားကာ ဂိုးမ်ားသြင္းယူႏုိင္ခ့ဲၿပီး ေတာင္ပံကစားသမားတစ္ေယာက္ထံ၌ ရွိသင့္ရွိထိုက္သည့္ လ်င္ျမန္မႈ၊ လိမၼာပါးနပ္မႈမ်ားနဲ႔ ျပည့္စံုေနသလုိ ေဘာလံုးမရွိခ်ိန္၌လည္း ၿပိဳင္ဘက္ေနာက္တန္းကစားသမားမ်ားအတြက္ အႏၱရာယ္ရွိသည့္ ေရြ႕လ်ားမႈမ်ား ျပဳလုပ္ႏုိင္သည့္ စတာလင္အေနနဲ႔ ကမာၻ႕အေကာင္းဆံုး ကစားသမားတစ္ဦးျဖစ္လာႏုိင္ဖြယ္ရွိေၾကာင္း ထင္ေၾကးေပးမႈမ်ားလည္း ရွိခ့ဲပါတယ္။

 

၇။ မာေနး (လီဗာပူး)

 

လက္ရွိပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ ဂုိးသြင္းဘုရင္ဆုအတြက္ ဦးေဆာင္လ်က္ရွိသည့္ မန္စီးတီး တိုက္စစ္မွဴး အေဂြရုိရဲ႕ေနာက္ တစ္ဂိုးအကြာ၌ ရပ္တည္လ်က္ရွိေနသည့္ မာေနးသည္ လီဗာပူးအသင္းအတြက္ ပရီးမီးယားလိဂ္သြင္းဂိုး (၁၇) ဂိုးအထိ သြင္းယူေပးႏုိင္ခ့ဲၿပီးျဖစ္ပါတယ္။ ေျပးအား ရုန္းအားေကာင္းေကာင္းျဖင့္ ၿပိဳင္ဘက္ခံစစ္တန္းကို အလဲလဲအၿပိဳၿပိဳျဖစ္ေစၿပီး အသင္းေဖာ္ကစားသမားမ်ားအတြက္ အခြင့္အေရးမ်ား ဖန္တီးေပးႏုိင္သလို ေဘာလံုးေျခေထာက္ထဲ မရွိခ်ိန္၌ပါ အေကာင္းဆံုး ပုံစံမ်ားနဲ႔ ေရြ႕လ်ားကစားႏုိင္သည့္ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။ ကန္ခ်က္ေကာင္းေကာင္းနဲ႔ ဂုိးမ်ားသြင္းယူႏုိင္သည့္ မာေနးကို ေခၚယူရန္ စပိန္အင္အားႀကီးကလပ္ ရီးရဲယ္မက္ဒရစ္အသင္းကလည္း စိတ္ဝင္စားလ်က္ရွိပါတယ္။

 

၆။ ဆာလာ (လီဗာပူး)

 

ၿပီးခ့ဲသည့္ ေဘာလံုးရာသီမစတင္ခင္ ေႏြရာသီ အေျပာင္းအေရႊ႕၌ ရိုးမားအသင္းထံမွ ေျပာင္းေရႊ႕ေရာက္ရွိလာခ့ဲသည့္ ဆာလာသည္ အသင္းသစ္နဲ႔ ပထမဆံုးရာသီ၌ပင္ ၿပိဳင္ပြဲစံု သြင္းဂိုး (1209၄၄) ဂိုးအထိ သြင္းယူေပးၿပီး ေျခစြမ္းျပကစားႏုိင္ခ့ဲပါတယ္။ လီဗာပူးအသင္းရဲ႕ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတက္လွမ္းရာ လမ္းေၾကာင္းတစ္ေလွ်ာက္၌လည္း အေကာင္းဆံုးပုံစံမ်ား ျပသႏုိ္င္ခ့ဲသည့္ ဆာလာသည္ ၿပိဳင္ဘက္ခံစစ္ဇုန္ထဲတြင္ လ်င္ျမန္မႈအျပည့္နဲ႔ လႈပ္ရွားမႈမ်ား ျပဳလုပ္ႏုိင္သည့္ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။

 

၅။ ဟာဇက္ (ခ်ဲလ္ဆီး)

 

ရီးရဲယ္မက္ဒရစ္အသင္းထံ ေျပာင္းေရႊ႕ကစားလိုေၾကာင္း ဖြင့္ဟဝန္ခံထားသည့္ ဟာဇက္သည္ ခ်ဲလ္ဆီးအသင္းရဲ႕ အဓိက တုိက္စစ္ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။ (၂၀၁၅) ခုႏွစ္နဲ႔ (၂၀၁၇) ခုႏွစ္မ်ား၌ ပရီးမီးယားလိဂ္ဖလားကို ရယူႏုိင္ခ့ဲသည့္ ခ်ဲလ္ဆီးအသင္းအတြက္ အေကာင္းဆံုး ေျခစြမ္းျပႏုိ္င္သည့္ ဟာဇက္သည္ တစ္ဦးခ်င္းထူးခြ်န္သည့္ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယံလက္ေရြးစင္အသင္းေခါင္းေဆာင္ျဖစ္သည့္ ဟာဇက္ရဲ႕ လွည့္စားမႈ နဲ႔ ျမန္ႏႈန္းျမင့္ ေျပးအားမ်ားက ၿပိဳင္ဘက္ခံစစ္အတြက္ ထိန္းခ်ဳပ္ရခက္ခဲေနဆဲျဖစ္ပါတယ္။

 

၄။ ေနမာ (PSG)

 

ဘာစီလိုနာအသင္းမွ ထြက္ခြာၿပီး PSG အသင္းထံ ေျပာင္းေရႊ႕ခ့ဲသည့္ ေနမာအတြက္ လက္ရွိအခ်ိန္အထိ ေအာင္ျမင္မႈ မည္မည္ရရ ရရွိခ့ဲျခင္းမရွိေသးေပမယ့္ အသက္ (၂၇) ႏွစ္အရြယ္ရွိၿပီျဖစ္သူ အဆိုပါ ဘရာဇီးလက္ေရြးစင္အသင္းေခါင္းေဆာင္ရဲ႕ ေျခစြမ္းကိုမူ ေမးခြန္းထုတ္စရာပင္ မလုိအပ္ေပ။ ေဖ်ာ္ေျဖမႈဆန္ဆန္ကစားဟန္ နဲ႔ ၿပိဳင္ဘက္မ်ားကို ေက်ာ္ျဖတ္ေလ့ရွိၿပီး အဆုိပါ ကစားပုံေၾကာင့္ပင္ ၿပိဳင္ဘက္ကစားသမားမ်ားရဲ႕ အဓိက ပစ္မွတ္ထား လူခ်ကစားျခင္းကို ခံရေလ့ရွိသည့္ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။ PSG အသင္းအတြက္ ၿပိဳင္ပြဲစံု (၅၃) ပြဲကစားၿပီးခ်ိန္၌ (၄၈) ဂိုးသြင္းယူေပးထားၿပီး ဂိုးဖန္တီးမႈ (၂၄) ႀကိမ္ ျပဳလုပ္ေပးထားႏုိင္သည့္ ေနမာသည္ ကမာၻ႕အႏၱရာယ္အရွိဆံုး တုိက္စစ္ကစားသမားမ်ားထဲမွ တစ္ေယာက္အျဖစ္ ပါဝင္ေနဆဲျဖစ္ပါတယ္။

 

၃။ ဂရစ္ဇ္မန္း (အက္သလက္တီကို)

 

လက္ရွိအခ်ိန္တြင္ အသင္း၌ မေပ်ာ္မရႊင္ျဖစ္ေနၿပီး လာမည့္ေႏြရာသီ အေျပာင္းအေရႊ႕၌ အက္သလက္တီကိုအသင္းကထြက္ခြာမည္ဟု သတင္းမ်ားထြက္ေပၚေနသည့္ ဂရစ္ဇ္မန္းရဲ႕ ေနရာကို အစားထုိးရန္ ခက္ခဲေနမည္မွာ အေသအခ်ာပင္ျဖစ္ပါတယ္။ အခြင့္အေရးမ်ားကို ဖန္တီးေပးႏုိင္သည့္ အျပင္ ကိုယ္တိုင္လည္း ဂိုးမ်ားသြင္းယူႏုိင္သည့္ ဂရစ္ဇ္မန္းသည္ အသင္းလုိက္စုဖြဲ႕ကစားပုံေကာင္းမြန္သည့္ ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။ လက္ရွိေဘာလံုးရာသီ၌ အက္သလက္တီကိုအသင္းအတြက္ (၁၈) ဂိုးသြင္းယူေပးထားႏိုင္သည့္ ဂရစ္ဇ္မန္းအေနနဲ႔ လာမည့္ ေဘာလံုးရာသီ၌ ဘာစီလိုနာအသင္းသို႔ ေျပာင္းေရႊ႕ကစားရန္အတြက္လည္း သတင္းမ်ားက်ယ္ေလာင္စြာထြက္ေပၚလ်က္ရွိပါတယ္။

 

၂။ အမ္ဘာေပ (PSG)

 

ၿပီးခ့ဲသည့္ (၂၀၁၈) ခုႏွစ္ ကမာၻ႕ဖလားၿပိဳင္ပြဲ ရံႈးထြက္အဆင့္၌ ျပင္သစ္အသင္းက အာဂ်င္တီးနားအသင္းကုိ ၄-၃ ဂုိးျဖင့္ အႏုိင္ရရွိခ့ဲသည့္ပြဲမွစတင္ကာ အမ္ဘာေပအတြက္ ကစားသမားဘဝ အေကာင္းဆံုးအခ်ိန္မ်ားစတင္ခ့ဲသည္ဟု ဆုိရမွာလည္း ျဖစ္ပါတယ္။ အသက္ (၂၀) အရြယ္သာရွိေသးသည့္ အမ္ဘာေပအေနနဲ႔ ျပင္သစ္လီဂူးၿပိဳင္ပြဲ၌လည္း စံခ်ိန္မွတ္တမ္းေကာင္းမ်ားကို ဆက္တုိက္ဆုိသလုိ ခ်ိဳးျဖတ္ျပေနၿပီး ယခုႏွစ္ေဘာလံုးရာသီအတြင္း၌ PSG အသင္းရဲ႕ အဓိက တိုက္စစ္ကစားသမားမ်ားျဖစ္ၾကသည့္ ေနမာ ကာဗာနီတို႔ ဒဏ္ရာရရွိေနခ်ိန္၌ပင္ အသင္းရဲ႕ တုိက္စစ္ကို အေကာင္းဆံုး ဦးေဆာင္ကစားႏုိင္ခ့ဲပါတယ္။ PSG အသင္းအတြက္ ၿပိဳင္ပြဲစံု (၃၅) ပြဲ၌ (၃၁) ဂိုးအထိသြင္းယူေပးၿပီး ေျခစြမ္းျပ ကစားႏုိင္ခ့ဲသည့္ အမ္ဘာေပသည္ အနာဂတ္ရဲ႕ ကမာၻ႕အေကာင္းဆံုး ကစားသမားတစ္ဦးအျဖစ္လည္း သတ္မွတ္ျခင္းခံထားရသည့္ ကစားသမားတစ္ဦးျဖစ္ပါတယ္။

 

၁။ မက္ဆီ (ဘာစီလုိနာ)

 

ကမာၻေပၚ၌ ေဘာလံုးေပးပုိ႔မႈ အေကာင္းမြန္ဆံုး ကစားသမား၊ ေဘာလံုးဆဲြေျပးမႈ အေကာင္းမြန္ဆံုး ကစားသမားျဖစ္ၿပီး အခြင့္အေရးမ်ားစြာကိုလည္း ဖန္တီးေပးႏုိင္သလုိ ကိုယ္တိုင္လည္း ဂိုးမ်ားသြင္းယူေပးႏုိင္သည့္ မက္ဆီသည္လည္း ကမာၻ႕အေကာင္းဆံုး တိုက္စစ္ကစားသမား (၁၀) ဦးစာရင္းထဲ၌ ပါဝင္လ်က္ရွိပါတယ္။ ယခုႏွစ္ရာသီ၌ ဘာစီလိုနာအသင္းအတြက္ အထူးေျခစြမ္းျပကစားလ်က္ရွိသည့္ မက္ဆီသည္ လာလီဂါေရႊဖိနပ္ဆုအျပင္ ဥေရာပေရႊဖိနပ္ဆုကိုပါ ရယူႏုိင္ရန္အတြက္ ေရပန္းစားလ်က္ရွိပါတယ္။

 

Soshwe ရဲ႕ ပရိသတ္ ေတြေကာ ဘယ္လိုထင္ၾကပါသလဲ…

Comment ေလးေတေြေပးသြားပါဦးေနာ္ . . .

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

19 + 16 =

Must Read

ဘတ်စကက်ဘောစွမ်းရည်ကြောင့် လူမှုကွန်ယက်မှာ နာမည်ကြီးခဲ့တဲ့ အသက် ၇၁ နှစ်အရွယ်အဘွားအို။

မက္ကဆီကန်မှ အန်ဒရီယာ ဂါစီယာ လိုပက်ဇ်ကို အသက်(၇၁) နှစ် လောက်ရှိမယ်လို့ မည်သူမျှ ထင်ကြမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်က လက်ဖျားခါလောက်စရာ ကောင်းလို့ပါ။ အဘွား အန်ဒရီယာတယောက် လူမှုကွန်ယက်မှာ သူမရဲ့ဘတ်စကက်ဘောစွမ်းရည်ကို ပြသထားတဲ့ဗီဒီယို ပျံ့နှံ့သွားခဲ့ပြီးနောက် နာမည်ကြီးသွားခဲ့တာ ဖြစ်ပါတယ်။ San Esteban Atatlahuca မြို့လေးက...