Breaking News
HAILEY BALDWIN AND JUSTIN BIEBER leave Joan on third in los angeles, ca Pictured: Ref: SPL5035981 241018 NON-EXCLUSIVE Picture by: Pap Nation / SplashNews.com Splash News and Pictures Los Angeles: 310-821-2666 New York: 212-619-2666 London: 0207 644 7656 Milan: +39 02 4399 8577 Sydney: +61 02 9240 7700 photodesk@splashnews.com World Rights

ရဲတပ်ဖွဲ့ရဲ့စစ်ဆေးခြင်းကို ခံခဲ့ရသည့် ဂျက်စတင်ဘီဘာ။

နာမည်ကျော်ပေါ့ပ်အဆိုတော်တစ်ဦးဖြစ်သူ ဂျက်စတင်ဘီဘာသည် သူ့ရဲ့ နောက်ဆုံးပေါ်ဖက်ရှင်ဒီဇိုင်းတစ်ခုကြောင့် ရဲတပ်ဖွဲ့ရဲ့စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရကြောင်း သူ့ရဲ့ Instagram မှတဆင့် ပြောပြသွားခဲ့ပါတယ်။ အသက် (၂၅) နှစ်အရွယ်ရှိပြီဖြစ်သူ ဂျက်စတင်ဘီဘာသည် သူဝတ်ဆင်ခဲ့သည့် White X Nike Air Max 90 Sneakers ရဲ့ ဆန်းဆန်းပြားပြား ဒီဇိုင်းကြောင့် ယခုကဲ့သို့ အခြေအနေများနဲ့ ကြုံတွေ့ခဲ့ရခြင်းလည်း ဖြစ်ပါတယ်။

အဆိုပါ ဖိနပ်ဒီဇိုင်းကို ဒီဇိုင်နာ Virgil Abloh က တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ဖိနပ်ကြိုးများကြား၌ Security tag ပုံစံ ဖြစ်သည့် အဖြူရောင်ဇစ်ကြိုးလေးတစ်ကြိုးကို တစ်ပါတည်းချည်နှောင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါတယ်။ သံသယဖြစ်ဖွယ် အဆိုပါ ဖိနပ်ကြောင့် ရဲအရာရှိဖြစ်သူက Lamborgini ကားကို မောင်းနှင်လာသည့် ဂျက်စတင်ဘီဘာအနေနဲ့ အဆိုပါ ဖိနပ်ကို ခိုးယူလာသည်ဟု သံသယဖြင့် ရပ်တန့်စစ်ဆေးခဲ့ပါတယ်။

ဂျက်စတင်ဘီဘာက သူ့ရဲ့ Instagram Story ၌ Abloh ရဲ့ဖိနပ်ကို ဓာတ်ပုံရိုက်ပြီး “Virgil ရေ . . . မင်းငါ့ကို ဒုက္ခပေးလိုက်တာပဲကွာ။” ဟုရေးသားပြီး Abloh ကို  Tag တွဲထားခဲ့ပါတယ်။ “ရဲက ငါ့ကို ဖိနပ်မှာ ဘာလို့ ဒီ Security tag က ရှိနေရတာလဲဆိုပြီး မေးတယ်ကွ။ ငါသူ့ကို ပြန်ရှင်းပြခဲ့ရတယ်။ ဒါက ဖက်ရှင်တစ်ခုပါ။ ဘာကြောင့်ဒီလိုဖြစ်နေလဲ ငါလည်း မသိဘူး။ ဒါပေမယ့် သူကတော့ ဒါကို လုံးဝ Security tag လို့ ထင်နေတယ်။” ဟု ရေးသားခဲ့သလို ထပ်မံ၍လည်း ဂျက်စတင်ဘီဘာက “မဟုတ်ဘူးနော်။ ခင်ဗျားဒါကို စစ်ဆေးနိုင်တယ်လို့ ပြောခဲ့ပေမယ့် မင်းကတော့ ငါ့ကို ပြဿနာတော်တော်ရှာတယ်ကွာ။” ဟု ရေးသားခဲ့ပါတယ်။ အဆိုပါ ဖိနပ်ကို ပြီးခဲ့သည့် ဇန်နဝါရီလမှ Nike ကုမ္ပဏီနဲ့ Abloh တို့ မှ ပူးပေါင်းထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး Limited Edition ဖြစ်သည့် အဆိုပါ ဖိနပ်များရဲ့ တန်ကြေးမှာမူ ဒေါ်လာ (၆၀၀) အထိ ရှိခဲ့ပါတယ်။

ဂျက်စတင်ဘီဘာသည် သူ့ရဲ့ ကိုယ်ပိုင် Fashion Brand တစ်ခုဖြစ်သည့် Drew ဆိုသည့် Fashion Brand တစ်ခုကိုတည်ထောင်ထားပြီး ဂျက်စတင်ဘီဘာရဲ့ ဇနီးဖြစ်သူ Hailey Baldwin သည်လည်း သူမခင်ပွန်းဖြစ်သူရဲ့ Brand ကို မကြာခဏဝတ်ဆင်လေ့ရှိသည်ကိုလည်း တွေ့ရှိခဲ့ရပါတယ်။

 

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

About admin

Check Also

အိမ်ထောင်ရေးကိစ္စနဲ့ပတ်သက်လို့ ပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်အောင် ဝန်ခံလိုက်တဲ့ Keanu Reeves

ပရိသတ်အခိုင်အမာရရှိထားတဲ့ Keanu Reeves နဲ့ Winona Ryder တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအစစ်အမှန်နဲ့ ပတ်သက်လို့ ပရိသတ်တွေအားလုံး အံ့အားသင့်သွားစေမယ့်အကြောင်းအရာတခုကို Reeves က ထုတ်ဖော်ဝန်ခံလိုက်ပြီ ဖြစ်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro