Breaking News
သင့်အသက် ၅၀ မတိုင်ခင် ပြုလုပ်သင့်သော ကိစ္စရပ်များ။
ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ အချိန်နဲ့အမျှ အသစ်အဆန်းတွေကို လေ့လာနေရပြီး ဆိုးတစ်လှည့် ကောင်းတစ်လှည့် အခက်အခဲဒုက္ခတွေ၊ ပျော်စရာကိစ္စရပ်တွေကို ကြုံတွေ့နေရပါတယ်။ အခု ဒီတစ်ခေါက်မှာတော့ Soshwe ပရိသတ်ကြီးအတွက် အသက်အရွယ် မကြီးသွားခင် ပြုလုပ်သင့်တဲ့ အရေးကြီးတဲ့ ကိစ္စရပ်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ သင့်ရဲ့ စိတ်ကူးအိပ်မက်ထဲက သွားဖို့ပြင်ဆင်ထားတဲ့၊ သွားချင်နေတဲ့ နေရာဒေသတွေကို သွားနိုင်အောင် ကြိုးစားပါ။
၂။ တစ်ယောက်တည်း လွမ်းဆွေးဖွယ်ကောင်းတဲ့ ရုပ်ရှင်ကို ကြည့်ရှုပါ။
၃။ မိမိဖြစ်ချင်တဲ့၊ လုပ်ချင်တဲ့ ကိစ္စရပ်တွေကို ချရေးထားပါ။
၄။ အလုပ်ကနေ အနားယူပြီးနောက် (အငြိမ်းစားယူပြီးနောက်) ပြုလုပ်စရာရှိတဲ့ ကိစ္စရပ်တွေအတွက် ကြိုတင်ပြင်ဆင်ပါ။
၅။ သင့်အတွက် ဘဝလက်တွဲဖော်၊ အချစ်စစ်ကို တွေ့အောင်ရှာဖွေပါ။
၆။ အိမ်မွေးတိရိစ္ဆာန်မွေးပါ။
၇။ လူမှုအကျိုးပြုလုပ်ငန်းတွေမှာ အားတက်သရော ပါဝင်လုပ်ဆောင်ပါ။
၈။ မိမိအတွက် အကျိုးရှိနိုင်မယ့် စာအုပ် စာပေ များများဖတ်ပါ။
၉။ သင့်အတွက် အကျိုးရှိစေမယ့်၊ စိတ်အပန်းပြေစေနိုင်မယ့် Class တွေ Section တွေကို တက်ရောက်ပါ။
၁၀။ နိုင်ငံသားတစ်ယောက်ပီပီ နိုင်ငံ့ခေါင်းဆောင် ရွေးကောက်ပွဲတွေမှာ ဝင်ရောက်မဲပေးပါ။
၁၁။ အတ္တမကြီးဘဲ သဘောထားကြီးကြီးဖြင့် ခွင့်လွှတ်နားလည်နိုင်သူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။
၁၂။ အပန်းဖြေတောင်တက်ခြင်း၊ လမ်းလျှောက်ခြင်းတို့ကို ပြုလုပ်ပါ။
၁၃။ တစ်ယောက်တည်း နေဖူးတယ်ရှိအောင်လည်း ကြိုးစားပါ။
၁၄။ တူရိယာ၊ ဂီတ တစ်ခုခုတီးနိုင်သူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။
၁၅။ အမှားများများလုပ်ခဲ့ဖူးသူတစ်ယောက် ဖြစ်ပါစေ။
၁၆။ ရည်စားစာ ကိုယ်တိုင်ရေးသားဖူးသူ ဖြစ်ပါစေ။
၁၇။ မိမိရဲ့ အဝတ်အစားဗီရိုကို ကိုယ်တိုင်ရှင်းလင်းဖူးသူတစ်ယောက် ဖြစ်ပါစေ။
၁၈။ အချက်အပြုတ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ဖို့လည်း လိုအပ်ပါတယ်။
၁၉။ မိမိနဲ့ ခင်မင်ခဲ့သူများကို ဘယ်တော့မှ မမေ့ပါနဲ့။
၂၀။ နိုင်ငံခြားဘာသာစကားတစ်ခုခုကို ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်တဲ့သူဖြစ်အောင် ကြိုးစားပါ။
<Unicode Version>
<Zawgyi Version>
#SoshweLifeStyle
#soshweForYourDailyLife
#Like&Share
About admin
Check Also
သမီးလေးအတွက် မွေးနေ့လက်ဆောင်တွေကို ထူးထူးဆန်းဆန်းပြင်ဆင်ပေးခဲ့တဲ့ ဖခင်။
Manchester က စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ အသက် ၄၁ နှစ်အရွယ် Phil Smith ဆိုသူဟာ သမီးလေး Sienna ရဲ့ အသက် ၅ နှစ်ပြည့်မွေးနေ့အတွက် …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro