HomeLifeStyleအသက် ၃ နှစ်အရွယ် ကလေးငယ်လေးရဲ့ လေယာဉ်ပေါ်မှ ချစ်စဖွယ်အပြုအမူ။

အသက် ၃ နှစ်အရွယ် ကလေးငယ်လေးရဲ့ လေယာဉ်ပေါ်မှ ချစ်စဖွယ်အပြုအမူ။

- Advertisement -

ငယ်ရွယ်သေးတဲ့ Oliver လို့အမည်ရတဲ့ ၃ နှစ်အရွယ် ကလေးငယ်လေးတစ်ယောက်ဟာ မိခင်ဖြစ်သူနဲ့ Florida သို့ လေယာဉ်ဖြင့် ခရီးသွားနေစဉ်အတွင်း လေယာဉ်ပေါ်စီးနင်းလိုက်ပါလာသော ခရီးသည်များနဲ့ သူငယ်ချင်းလုပ်ဖို့အတွက် ဆုံးဖြတ်ခဲ့ပါတယ်။

ချစ်ဖို့ကောင်းတဲ့ Oliver တစ်ယောက် လေယာဉ်ပေါ်သို့ ရောက်သည်နှင်တစ်ပြိုင်နက် မိခင်ဖြစ်သူနဲ့အတူ ခရီးသည်များအား လိုက်လံမိတ်ဆက်ပါတော့တယ်။ လူတစ်ဦးချင်းစီရဲ့ နာမည်ကိုမေးမြန်းပြီး သူ့နာမည်ကိုလည်းပြောပြကာ လိုက်လဲမိတ်ဆက်ခဲ့ခြင်းဖြစ်ပါတယ်။ ခရီးသည်တွေကလည်း Oliver မေးမြန်းတဲ့မေးခွန်းတိုင်းကို ဖော်ဖော်ရွေရွေဖြေဆိုခဲ့ကြပြီး Oliver မှလည်း ဧည့်သည်များ ပြန်လည်မေးမြန်းတာကိုလည်း ယဉ်ကျေးပျူဌာစွာ ဖြေဆိုခဲ့ပါတယ်။

- Advertisement -

ယခုကဲ့သို့ Oliver မှ သူငယ်ချင်းအသစ်တွေနဲ့ တွေ့ဆုံနှုတ်ဆက်ပြီး မိတ်ဆက်နေတာကို အမေဖြစ်သူမှ ဗီဒီယို ရိုက်ကူးထားကာ ထိုဗီဒီယိုကို ကြည့်ရှုသူတိုင်းအားလုံး စိတ်ပျော်ရွှင်ချမ်းမြှေ့မှုကို ဖြစ်စေပါတယ်။

- Advertisement -

 

- Advertisement -

Oliver ရဲ့ အမေမှလည်း “ Oliver မှာ သွားလေရာနေရာတိုင်းလိုလို သူငယ်ချင်းအသစ်များ ရရှိရန် ကြိုးစားနေပြီး တွေ့သမျှလူတိုင်းကိုလည်း ပျော်ရွှင်အောင် ပြုလပ်ပေးနိုင်တဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ် . . . ” ဆိုပြီး ပြောကြားခဲ့ပါတယ်။

 

#ST(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read