HomeEntertainmentJoe Jonas နဲ့ စေ့စပ်ရတဲ့အကြောင်းကို ထုတ်ဖော်ပြောကြားလာတဲ့ Sansa Stark (သို့) Sophie Turner

Joe Jonas နဲ့ စေ့စပ်ရတဲ့အကြောင်းကို ထုတ်ဖော်ပြောကြားလာတဲ့ Sansa Stark (သို့) Sophie Turner

- Advertisement -

HBO က ထုတ်လွှင့်ပြသနေတဲ့ Game of Thrones ဇာတ်လမ်းတွဲထဲမှာ လူသိများ  ကျော်ကြားလာတဲ့  Sansa Stark အဖြစ် သရုပ်ဆောင်ထားတဲ့ Sophie Turner မှ သူမအနေနဲ့ Joe နဲ့သာ မတွေ့ဆုံခဲ့ဘူးဆိုရင် တစ်သက်လုံး အပျိုကြီးဖြစ်တော့မယ့်အကြောင်းကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

- Advertisement -

နောက်ပြီး Sophie အနေနဲ့လည်း ခင်ပွန်းလောင်းဖြစ်သူ Joe နဲ့ ငယ်ငယ်ရွယ်ရွယ်လေးနဲ့  စေ့စပ်ပွဲပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ်မှာလည်း  တော်တော်လေးစဉ်းစားခဲ့ရတဲ့အကြောင်းကိုလည်း  ပြောကြားခဲ့ပါတယ်။ Joe မှ Sophie ကို Propose လုပ်တုန်းက Sophie အနေနဲ့ ၂၁ နှစ်အရွယ်သာ ရှိသေးပြီး “ ကျွန်မအနေနဲ့ တစ်ဘဝလုံး တစ်ယောက်တည်းနေဖို့ပဲ ဆုံးဖြတ်ထားတယ် . . . ” ဆိုပြီး Joe ကို  ပြန်လည် တုံ့ပြန်ပြောဆိုခဲ့တယ်လို့ သိရှိရပါတယ်။

- Advertisement -

- Advertisement -

အခုချိန်မှာတော့ အသက် ၂၂ နှစ်အရွယ်ရှိနေပြီိဖြစ်တဲ့ Sophie မှ သူမအနေနဲ့ Joe နဲ့ တွေ့ဆုံပြီးနောက်ပိုင်း သူမရဲ့ လက်တွဲဖော်ကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာကို သိရှိလာခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး Joe နဲ့ မတွေ့ဆုံခင်တုန်းက ပေါ့အဆိုတော်ဖြစ်တဲ့ Justin Bieber ကို Crush ခဲ့ရတယ်ဆိုတာကိုလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

 

#ST(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read