Breaking News

Lady Gaga ရဲ့ အချစ်သစ်က ဘယ်သူဖြစ်မလဲ ? ? ?

မကြာသေးခင်ကမှ အော်စကာဆုရရှိထားတဲ့ Lady Gaga တစ်ယောက် သူမရဲ့ ချစ်သူဟောင်းဖြစ်သူ Christian Carino နဲ့ ကွဲကွာပြီးနောက်ပိုင်း Avengers Star တစ်ယောက်ဖြစ်တဲ့ Jeremy Renner နဲ့ တွဲခုတ်နေတယ်ဆိုတဲ့သတင်းများ ထွက်ပေါ်လျက်ရှိနေပါတယ်။ အချို့သတင်းများရဲ့ ဖော်ပြချက်အရ Lady Gaga တစ်ယောက် Christian နဲ့ ပြတ်သွားပြီးနောက်ပိုင်း Jeremy ကို မှီခိုနေရတယ်ဆိုပြီးတော့လည်း သိရှိရပါတယ်။

Lady Gaga တစ်ယောက် Jeremy Renner နဲ့ တွဲခုတ်နေတယ်ဆိုတဲ့သတင်းဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က စတင်ထွက်ပေါ်လာခဲ့ပြီး အချိန်တိုအတွင်းမှာပဲ အင်တာနက်စာမျက်နှာတွေပေါ်မှာ ပြန့်နှံ့သွားခဲ့ခြင်းဖြစ်ပါတယ်။

Lady Gaga ရဲ့ ရင်းနှီးသူတစ်ချို့က “ Chris နဲ့ Lady Gaga တို့ တွဲနေတဲ့ ၂ နှစ်တာကာလအတွင်းမှာ သူတို့ရဲ့ ဆက်ဆံရေးက အဆင်မပြေခဲ့ပါဘူး။ နောက်ဆုံး Chris နဲ့ လမ်းခွဲပြီးတဲ့နောက်မှာ Gaga တစ်ယောက် Jeremy ဖက်ကို စိတ်ယိုင်သွားတာပဲ ဖြစ်ပါလိမ့်မယ် . . . ” ဆိုပြီး ပြောပြခဲ့ပါတယ်။ အခြားခိုင်လုံတဲ့သတင်းတွေအရလည်း သူတို့နှစ်ယောက်ဟာ အမြဲတမ်းလိုလို Hang Out လုပ်နေကြပြီး ရံဖန်ရံခါ Jeremy ရဲ့ ၆ နှစ်အရွယ်သမီးငယ်လေးလည်း ပါလာတတ်တယ်ဆိုပြီး သိရှိရပါတယ်။

Lady Gaga နဲ့ Chris တို့ တွဲခုတ်ခဲ့တဲ့ ၂ နှစ်တာကာလအတွင်းမှာ အဆင်ပြေမှု မရှိခဲ့သော်လည်း ၂၀၁၈ နိုဝင်ဘာလမှာ စေ့စပ်ပွဲပြုလုပ်ခဲ့ကြပါတယ်။ သို့ပေမယ့်လည်း သူတို့ရဲ့ ပေါင်းသင်း ဆက်ဆံရေးဟာ တည်တံ့ခဲ့ခြင်းမရှိဘဲ ၂၀၁၉ ဖေဖော်ဝါရီလမှာ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ကြခြင်းဖြစ်ပါတယ်။

 

#ST(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

About admin

Check Also

အကောင်းဆုံးသော သည်းထိတ်ရင်ဖိုဇာတ်ကားများစုစည်းမှု။ (Trailer နဲ့တကွ)

အခုလက်ရှိကမ္ဘာတစ်ဝှမ်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေဟာ သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို မကြည့်ဘဲနဲ့လည်း ထိတ်လန့်ခြောက်ခြားစရာတွေနဲ့ ပြည့်နှက်လို့နေပါတယ်။ ဒါပေမယ့်လည်း သည်းထိတ်ရင်ဖို ဇာတ်ကားတွေကို ကြည့်ရတာနှစ်သက်တဲ့ Soshwe စာဖတ်ပရိသတ်ကြီးအတွက် သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတွေကို မျှဝေဖော်ပြပေးလိုက်ပါတယ်။ ၁။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro