Breaking News

အိမ်ခြေမဲ့ထောင်ပေါင်းများစွာကို အခမဲ့ဆံသပေးတဲ့ ဆံသဆရာ။

လန်ဒန်မြို့က ဆံသဆရာ Joshua Coombes ဟာ သူတတ်ကျွမ်းတဲ့ လူတွေရဲ့ဆံကေသာကို ပြင်ဆင်ပေးတဲ့အတတ်ပညာနဲ့ လူ့ပတ်ဝန်းကျင်ကို တစ်ဖက်တစ်လမ်းကနေ အကျိုးပြုလိုသောကြောင့် အိမ်ခြေမဲ့ထောင်ပေါင်းများစွာရဲ့ ဆံပင်တွေကို အခမဲ့ဆံသပေးခဲ့ပါတယ်။ သူ့ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အိမ်မရှိလို့ လမ်းဘေးမှာပဲ နေရတဲ့သူတစ်ယောက်ဟာ သပ်သပ်ရပ်ရပ်နေနိုင်ဖို့အတွက် ပိုက်ဆံအကုန်မခံရဘဲ သပ်သပ်ရပ်ရပ်နေခွင့်ရအောင် ကူညီပေးခြင်း ဖြစ်ပါတယ်။ တခြားသောဆံသဆရာတွေလိုပဲ အသက် ၃၁ နှစ်အရွယ် ဆံသဆရာ Joshua Coombes အနေနဲ့ သူဆံသပေးရမယ့်သူတွေဖြစ်တဲ့ အိမ်ခြေမဲ့တွေကို ဆံသခြင်း မပြုလုပ်ခင် ထိုလူတွေရဲ့ဘဝဇာတ်ကြောင်းတွေကို အရင်ဆုံး စိတ်ရှည်လက်ရှည် နားထောင်ပါသေးတယ်။ တခြားဆံသဆရာတွေနဲ့ Joshua ရဲ့ ကွာခြားချက်ကတော့ Joshua တစ်ယောက် သူ့ရဲ့ customer တွေကို ဆံသပေးတဲ့နေရာက လမ်းဘေးတစ်နေရာပဲဖြစ်ပါတယ်။ လူတွေကလည်း လမ်းမတွေပေါ်မှာ အိမ်ခြေမဲ့တွေ အများအပြားရှိနေတာဟာ ပြဿနာတစ်ခုလို့သိထားကြပေမယ့် Joshua က ဒီလိုအိမ်ခြေမဲ့တွေကို သနားကြင်နာစိတ်နဲ့ လုပ်ပေးတာာပဲဖြစ်ပါတယ်။ Joshua က အိမ်ခြေမဲ့တစ်ယောက်ကို ဆံသပေးပြီးတိုင်း ထိုလူရဲ့ခွင့်ပြုချက်ကိုတောင်းကာ ဓာတ်ပုံရိုက်ပြီး သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ “ဘာမှမမျှော်လင့်ဘဲနဲ့ ကူညီကြပါ” ဆိုတဲ့ Caption နဲ့တင်ကာ တစ်ကမ္ဘာလုံးက သတိထားမိလာအောင်ပြုလုပ်ခဲ့ပါတယ်။

Josua က UNILAD ကို “ကျွန်တော်အတွက်တော့ ဒီလိုအိမ်ခြေမဲ့တွေဟာ အခုလိုမျိုးဆံသပေးခံရဖို့ ထိုက်တန်တယ် ၊ မထိုက်တန်ဘူးလို့ ကျွန်တော်ဘယ်တော့မှ မတွေးဘူးဗျ။ ကျွန်တော်တို့ဟာ လူသားတွေမို့ အမှားနဲ့မကင်းကြပါဘူး။ သူတို့ဘဝတစ်လျှောက် ပြုလုပ်ခဲ့မိတဲ့ အမှားတွေကြောင့် ဒီလိုနေထိုင်နေတာဟာ မဖြစ်သင့်ဘူးလို့ ထင်တယ်။ အဲ့ဒါကြောင့် ကျွန်တော်တတ်ကျွမ်းတဲ့ ဆံသပညာနဲ့ သူတို့သပ်ရပ်စွာနေနိုင်ဖို့ကို ကူညီပေးတာပါ။ ဒီနေရာမှာ ကျွန်တော်တို့တွေက “ငါတို့” “သူတို့” ဆိုပြီး ခွဲခြားနေရမှာမဟုတ်ဘဲ အားလုံးကို တန်းတူဆက်ဆံနိုင်ဖို့ပါ။ သူက ဒီအိမ်ခြေမဲ့တွေကို ဆံညှပ်ပေးရုံမဟုတ်ဘဲ ဘယ်သူကမှ စကားမပြော အဖက်မလုပ်တဲ့လူတွေကို ကျွန်တော်အချိန်ပေးပြီး စကားပြောပေးတာမျိုး သူတို့ရဲ့ခံစားချက်တွေကို နားထောင်ပေးတာမျိုးပါ။ တချို့လူတွေရဲ့ ဘဝဇာတ်ကြောင်းကို နားထောင်ရင်း ကျွန်တော့ကိုယ်ကျွန်တော် ပြန်မြင်လာတာမျိုးတွေ ရှိပါတယ်။ တခြားသူတွေလည်း ကျွန်တော့်လိုပဲ ဒီလူတွေနဲ့ စကားစမြည် ပြောချင်ကောင်း ပြောပါလိမ့်မယ်။ ဒီလိုမျိုးစကားစမြည်ပြောရတာဟာ တကယ်ကို တန်ဖိုးရှိပါတယ်ဗျာ။ ဒီလိုမျိုးတွေလုပ်ပြီးသွားရင်တော့ ကျွန်တော်သူတို့ဆီက ရလိုက်တာ အသိအမှတ်ပြုတာတွေရော အပြုံးတွေရောပဲဖြစ်ပါတယ်။ ” ဆိုပြီး သူ့ရဲ့ခံစားချက်ကို ပြောကြားခဲ့ပါတယ်။

Joshua က သူဆံသပေးဖူးတဲ့ အိမ်ခြေမဲ့တစ်ယောက်အကြောင်းကို လူတွေကို မျှဝေခဲ့ပါတယ်။ “ဒါကတော့ Chris ပါဗျာ။ ကျွန်တော်သူနဲ့စတွေ့တဲ့အချိန်မှာ တကယ်ကို ဆိုးရွားတဲ့အခြေအနေကို ရောက်နေတာမျိုးပါ။ သူ့ရဲ့သူငယ်ချင်းတစ်ယောက်က လွန်ခဲ့တဲ့ရက်တွေကမှ ဆုံးပါးသွားတာပါ။ သူ့သူငယ်ချင်းကလည်း အိမ်ခြေမဲ့တစ်ယောက်ပါပဲ။ Chris က စစ်တပ်ထဲမှာ နှစ်တော်တော်များများ အလုပ်လုပ်ခဲ့တာပါ။ စစ်တပ်ထဲကနေထွက်လာပြီးတဲ့နောက်မှာ သူဘဝက ဒီလိုမျိုးဖြစ်လာတာပါ။” Joshua တစ်ယောက်ကတော့ အိမ်ခြေမဲ့လူတွေရဲ့ဘဝအကြောင်းကို လူတွေကိုမျှဝေရင်း တခြားသူတွေအားလုံးလိုပဲ သူတို့တွေမှာလည်း အရင်က ပျော်ရွှင်စရာဘဝလေးတွေရှိပြီး ပြုလုပ်ခဲ့မိတဲ့ အမှားတွေကြောင့် သူတို့တွေဒီလိုဘဝရောက်ခဲ့တာကို စာနာပေးဖို့အတွက် အမြဲတမ်းပဲ လူတွေကိုု သတိပေးနေခဲ့ပါတယ်။

<Unicode Version>

 

 

အိမ္ေျခမဲ့ေထာင္ေပါင္းမ်ားစြာကို အခမဲ့ဆံသေပးခ့ဲတ့ဲ ဆံသဆရာ။

လန္ဒန္ၿမိဳ႕က ဆံသဆရာ Joshua Coombes ဟာ သူတတ္ကၽြမ္းတဲ့ လူေတြရဲ႕ဆံေကသာကို ျပင္ဆင္ေပးတဲ့အတတ္ပညာနဲ႔ လူ႕ပတ္ဝန္းက်င္ကို တစ္ဖက္တစ္လမ္းကေန အက်ိဳးျပဳလိုေသာေၾကာင့္ အိမ္ေျခမဲ့ေထာင္ေပါင္းမ်ားစြာရဲ႕ ဆံပင္ေတြကို အခမဲ့ဆံသေပးခ့ဲပါတယ္။ သူ႕ရဲ႕ အဓိကရည္ရြယ္ခ်က္ကေတာ့ အိမ္မရွိလို႔ လမ္းေဘးမွာပဲ ေနရတဲ့သူတစ္ေယာက္ဟာ သပ္သပ္ရပ္ရပ္ေနႏိုင္ဖို႔အတြက္ ပိုက္ဆံအကုန္မခံရဘဲ သပ္သပ္ရပ္ရပ္ေနခြင့္ရေအာင္ ကူညီေပးျခင္း ျဖစ္ပါတယ္။ တျခားေသာဆံသဆရာေတြလိုပဲ အသက္ ၃၁ ႏွစ္အရြယ္ ဆံသဆရာ Joshua Coombes အေနနဲ႕ သူဆံသေပးရမယ့္သူေတြျဖစ္တဲ့ အိမ္ေျခမဲ့ေတြကို ဆံသျခင္း မျပဳလုပ္ခင္ ထိုလူေတြရဲ႕ဘဝဇာတ္ေၾကာင္းေတြကို အရင္ဆံုး စိတ္ရွည္လက္ရွည္ နားေထာင္ပါေသးတယ္။ တျခားဆံသဆရာေတြနဲ႔ Joshua ရဲ႕ ကြာျခားခ်က္ကေတာ့ Joshua တစ္ေယာက္ သူ႕ရဲ႕ customer ေတြကို ဆံသေပးတဲ့ေနရာက လမ္းေဘးတစ္ေနရာပဲျဖစ္ပါတယ္။ လူေတြကလည္း လမ္းမေတြေပၚမွာ အိမ္ေျခမဲ့ေတြ အမ်ားအျပားရွိေနတာဟာ ျပႆနာတစ္ခုလို႔သိထားၾကေပမယ့္ Joshua က ဒီလိုအိမ္ေျခမဲ့ေတြကို သနားၾကင္နာစိတ္နဲ႔ လုပ္ေပးတာာပဲျဖစ္ပါတယ္။ Joshua က အိမ္ေျခမဲ့တစ္ေယာက္ကို ဆံသေပးၿပီးတိုင္း ထိုလူရဲ႕ခြင့္ျပဳခ်က္ကိုေတာင္းကာ ဓာတ္ပံုရိုက္ၿပီး သူ႕ရဲ႕အင္စတာဂရမ္အေကာင့္မွာ “ဘာမွမေမွ်ာ္လင့္ဘဲနဲ႔ ကူညီၾကပါ” ဆိုတဲ့ Caption နဲ႕တင္ကာ တစ္ကမာၻလံုးက သတိထားမိလာေအာင္ျပဳလုပ္ခဲ့ပါတယ္။

Josua က UNILAD ကို “ကၽြန္ေတာ္အတြက္ေတာ့ ဒီလိုအိမ္ေျခမဲ့ေတြဟာ အခုလိုမ်ိဳးဆံသေပးခံရဖို႔ ထိုက္တန္တယ္ ၊ မထိုက္တန္ဘူးလို႔ ကၽြန္ေတာ္ဘယ္ေတာ့မွ မေတြးဘူးဗ်။ ကၽြန္ေတာ္တို႔ဟာ လူသားေတြမို႔ အမွားနဲ႔မကင္းၾကပါဘူး။ သူတို႕ဘဝတစ္ေလွ်ာက္ ျပဳလုပ္ခဲ့မိတဲ့ အမွားေတြေၾကာင့္ ဒီလိုေနထိုင္ေနတာဟာ မျဖစ္သင့္ဘူးလို႔ ထင္တယ္။ အဲ့ဒါေၾကာင့္ ကၽြန္ေတာ္တတ္ကၽြမ္းတဲ့ ဆံသပညာနဲ႔ သူတို႔သပ္ရပ္စြာေနႏိုင္ဖို႔ကို ကူညီေပးတာပါ။ ဒီေနရာမွာ ကၽြန္ေတာ္တို႔ေတြက “ငါတို႔” “သူတို႔” ဆိုၿပီး ခြဲျခားေနရမွာမဟုတ္ဘဲ အားလံုးကို တန္းတူဆက္ဆံႏိုင္ဖို႔ပါ။ သူက ဒီအိမ္ေျခမဲ့ေတြကို ဆံညွပ္ေပးရံုမဟုတ္ဘဲ ဘယ္သူကမွ စကားမေျပာ အဖက္မလုပ္တဲ့လူေတြကို ကၽြန္ေတာ္အခ်ိန္ေပးၿပီး စကားေျပာေပးတာမ်ိဳး သူတို႔ရဲ႕ခံစားခ်က္ေတြကို နားေထာင္ေပးတာမ်ိဳးပါ။ တခ်ိဳ႕လူေတြရဲ႕ ဘဝဇာတ္ေၾကာင္းကို နားေထာင္ရင္း ကၽြန္ေတာ့ကိုယ္ကၽြန္ေတာ္ ျပန္ျမင္လာတာမ်ိဳးေတြ ရွိပါတယ္။ တျခားသူေတြလည္း ကၽြန္ေတာ့္လိုပဲ ဒီလူေတြနဲ႔ စကားစျမည္ ေျပာခ်င္ေကာင္း ေျပာပါလိမ့္မယ္။ ဒီလိုမ်ိဳးစကားစျမည္ေျပာရတာဟာ တကယ္ကို တန္ဖိုးရွိပါတယ္ဗ်ာ။ ဒီလိုမ်ိဳးေတြလုပ္ၿပီးသြားရင္ေတာ့ ကၽြန္ေတာ္သူတို႔ဆီက ရလိုက္တာ အသိအမွတ္ျပဳတာေတြေရာ အျပံဳးေတြေရာပဲျဖစ္ပါတယ္။ ” ဆိုၿပီး သူ႕ရဲ႕ခံစားခ်က္ကို ေျပာၾကားခ့ဲပါတယ္။

Joshua က သူဆံသေပးဖူးတဲ့ အိမ္ေျခမဲ့တစ္ေယာက္အေၾကာင္းကို လူေတြကို မွ်ေဝခဲ့ပါတယ္။ “ဒါကေတာ့ Chris ပါဗ်ာ။ ကၽြန္ေတာ္သူနဲ႔စေတြ႔တဲ့အခ်ိန္မွာ တကယ္ကို ဆိုးရြားတဲ့အေျခအေနကို ေရာက္ေနတာမ်ိဳးပါ။ သူ႕ရဲ႕သူငယ္ခ်င္းတစ္ေယာက္က လြန္ခဲ့တဲ့ရက္ေတြကမွ ဆံုးပါးသြားတာပါ။ သူ႕သူငယ္ခ်င္းကလည္း အိမ္ေျခမဲ့တစ္ေယာက္ပါပဲ။ Chris က စစ္တပ္ထဲမွာ ႏွစ္ေတာ္ေတာ္မ်ားမ်ား အလုပ္လုပ္ခဲ့တာပါ။ စစ္တပ္ထဲကေနထြက္လာၿပီးတဲ့ေနာက္မွာ သူဘဝက ဒီလိုမ်ိဳးျဖစ္လာတာပါ။” Joshua တစ္ေယာက္ကေတာ့ အိမ္ေျခမဲ့လူေတြရဲ႕ဘဝအေၾကာင္းကို လူေတြကိုမွ်ေဝရင္း တျခားသူေတြအားလံုးလိုပဲ သူတို႔ေတြမွာလည္း အရင္က ေပ်ာ္ရႊင္စရာဘဝေလးေတြရွိၿပီး ျပဳလုပ္ခ့ဲမိတ့ဲ အမွားေတြေၾကာင့္ သူတို႔ေတြဒီလိုဘဝေရာက္ခဲ့တာကို စာနာေပးဖို႔အတြက္ အျမဲတမ္းပဲ လူေတြကိုု သတိေပးေနခဲ့ပါတယ္။

<Zawgyi Version>

 

#SY(Soshwe)

#SoshweLifeStyle

#SoshweForYourDailyLife

#Like&Share

 

About admin

Check Also

ဘယ်ဘက်ဖြင့် လုံးဝမပြုလုပ်သင့်သည့်အရာများ။

၁။ ထမင်းဝိုင်း။ ကောင်းမွန်သည့် ထမင်းဝိုင်း၌ အစားအသောက်၊ သောက်ရေတို့နဲ့ပတ်သက်ပြီး သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း လိုက်နာရန်လိုအပ်ပါတယ်။ ထမင်းဝိုင်းမှ ဟင်းပန်းကန်များကို တူညီသည့်ဘက်တစ်ခုတည်းကိုသာ ပေးသင့်သည်ဟုဆိုကြပြီး “ဘယ်ဘက်ကိုပေးလိုက်။” ဟု …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro