Eminem ရဲ့ သမီးချောလေး Hailey Scott Mathers ဟာ အလုပ်အားလပ်ရက်မှာ အပန်းဖြေခရီးထွက်ပြီး အနားယူနေပုံတွေကို သူမရဲ့ Instagram အကောင့်မှာ တင်ခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ်ရှိ Hailey တစ်ယောက် တစ်ဝကြီး အပန်းဖြေအနားယူနေပုံတွေကို သူမရဲ့ Instagram မှာ တွေ့မြင်ရမှာဖြစ်ပြီး သူမရဲ့ ဘီကီနီနဲ့ ရိုက်ထားတဲ့ပုံတွေမှာ ပုရိသတွေကို အပြည့်အဝ ဆွဲဆောင်လျက်ရှိပါတယ်။ Hailey ဟာ Gym ကို ပုံမှန်ကစားသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ ကြွက်သားတွေနဲ့ အလှအပကို ကွက်ကွက်ကွင်းကွင်း တွေ့မြင်ရမှာဖြစ်ပါတယ်။
Instagram မှာ Follower ပေါင်း ၁.၄ သန်းကျော် ပိုင်ဆိုင်ထားတဲ့ Hailey ဟာ သူမအနေနဲ့ အနားယူဖို့လိုအပ်နေကြောင်းကိုလည်း သူမရဲ့ ပရိသတ်တွေ သိရှိနိုင်အောင် အပန်းဖြေခရီးမသွားခင် ကြိုတင် အကြောင်းကြားထားတဲ့အနေနဲ့ ပို့စ်တွေတင်ထားခဲ့ပါတယ်။
နောက်ဆုံးမှာတော့ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ Instagram မှပုံကို “ Aloha ” လို့ Caption ရေးထားပြီး တင်ထားတာကို တွေ့မြင်ရမှာပါ။ Michigan တက္ကသိုလ်ကနေ Psychology နဲ့ ဘွဲ့ရထားတဲ့ Hailey တစ်ယောက်ဟာ အလှကုန်ပစ္စည်းတွေကို ကြော်ငြာပေးတဲ့ Social Influencer တစ်ယောက်အဖြစ် လုပ်ကိုင်ဖို့အတွက် စီစဉ်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။
Hailey ဟာ သူမရဲ့ ဖခင် Eminem နဲ့ နီးနီးစပ်စပ်ရှိပေမယ့်လည်း ကိုယ့်ဒူးကိုယ်ချွန်ပြီး ဘဝကို ရပ်တည်ဖို့အတွက် ကြိုးပမ်းနေသူတစ်ယောက်ဖြစ်တယ်လို့ သိရှိရပါတယ်။
<Unicode Version>
ဆွဲဆောင်မှုအပြည့် ရေကူးဝတ်စုံနဲ့ အလွန်လန်းနေတဲ့ Rap God ကြီး Eminem ရဲ့ သမီးချောလေး။
#ST(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share