Miley ဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်က ခွေးလေးနဲ့အတူ ညှို့အားပြင်းလွန်းလှတဲ့ အဝတ်ဗလာနဲ့ပုံအသစ်ကို သူမရဲ့ Instagram အကောင့်မှာ တင်ခဲ့ပါတယ်။
Miley တစ်ယောက် သူမရဲ့အားလပ်ရက်တွေမှာ ဓာတ်ပုံအချို့ရိုက်ကူးပြီး Instagram မှာ တင်ခဲ့ခြင်းဖြစ်ကာ ထိုအထဲမှာမှ ခွေးလေးတစ်ကောင်နဲ့အတူ ရိုက်ကူးထားတဲ့ အဝတ်ဗလာနဲ့ပုံလေးဟာဆိုရင် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။
https://www.instagram.com/p/BvW97Lmhyis/?utm_source=ig_embed
ခြောက်သွေ့နေတဲ့ သဲပြင်ကြီးမှာ အစိမ်းရောင်ဖိနပ်ရှည်ကို ဝတ်ဆင်ထားပြီး အဝါနဲ့ လိမ္မော်ရောင်စပ်ထားတဲ့ ဦးထုပ်ကို ဝတ်ဆင်ကာ ခွေးလေးတစ်ကောင်နဲ့အတူ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး “ Happy National Puppy Day ” လို့ Caption ရေးသားကာ ပို့စ်တင်ခဲ့ခြင်းဖြစ်ပါတယ်။
Miley ပရိသတ်တွေအတွက်ကတော့ ဒီလိုပုံစံမျိုးနဲ့ Miley ကို တွေ့မြင်ရတာ အဆန်းတကြယ် မဟုတ်တော့တာ ကျိန်းသေပေါက်ပါပဲ . . .
#ST(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share