ချမ်းသာကြွယ်ဝမှုက အရာအာလုံးကို အဆင်ပြေအောင်လုပ်နိုင်တယ်လို့ထင်ရပေမယ့် လက်တွေ့မှာတော့ လူသိများကျော်ကြားတဲ့ အနုပညာရှင်တွေမှာလည်း ကျွန်မတို့သာမန်လူတွေလို ဘဝမှာကြုံတွေ့ခံစားရတဲ့ ဒုက္ခဝေဒနာတွေ ရှိပါတယ်။ အနုပညာရှင်တွေကို လူထုကအမြဲစောင့်ကြည့်နေတာဖြစ်တဲ့အတွက် ၄င်းတို့ကြုံတွေ့နေရတဲ့ ပြဿနာတွေကို လူတွေကြာကြာမသိအောင် ထိန်းထားရတာ အတော်ခက်လှပါတယ်။ Demi Lovato ၊ Catherine Zeta-Jones နဲ့ Jon Hamm စတဲ့ အနုပညာရှင်တွေကတော့ သူတို့ရဲ့ဘဝမှာကြုံတွေ့ခဲ့ရတဲ့ ပြဿနာတွေကို ရင်ဖွင့်ပြောပြခဲ့တာပဲဖြစ်ပါတယ်။
Justin Bieber
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတုန်းက Vogue မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ Justin Bieber ကသူရဲ့ချစ်ဇနီး Hailey Baldwin အပေါ်မှာ သံသယစိတ်တွေ ဝင်နေတာနဲ့ပတ်သက်ပြီး စိတ်ဂယောင်ချောက်ချားတွေဖြစ်နေတယ်လို့ ဆိုခဲ့ပါတယ်။
Sarah Hyland
Modern Family ဇာတ်ကားထဲက ခေါင်းဆောင်မင်းသမီးဖြစ်တဲ့ Sarah Hyland ဟာ ၂၀၁၈ခုနှစ် ဒီဇင်ဘာလမှာပြုလုပ်တဲ့ ကျောက်ကပ်အစားထိုးကုသခံပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကို သတ်သေချင်စိတ်ပေါက်ခဲ့တဲ့အကြောင်းကို ၂၀၁၉ခုနှစ် ဇန်နဝါရီလမှာ Ellen DeGeneres ကိုပြောပြခဲ့ပါတယ်။
Karamo Brown
၂၀၁၈ ခုနှစ် သြဂုတ်လမှာ Queer Eye ရဲ့ သရုပ်ဆောင်တစ်ယောက်က သူ့ရဲ့ အင်စတာဂရမ် ပရိသတ်တွေကို လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားခဲ့ကြောင်း ပြောပြခဲ့တာပဲဖြစ်ပါတယ်။ Queer Eye အစီအစဉ်ထဲမှာ Karamo ဟာ စိတ်ရောဂါဝေဒနာရှင်တွေကို ကူညီပေးတာဟာ အရင်တုန်းက သူခံစားခဲ့ရဖူးတာကြောင့်ဖြစ်တယ်လို့လည်းဆိုခဲ့ပါတယ်။
Lili Reinhart
၂၀၁၇ ခုနှစ် မေလတုန်းက Riverdale သရုပ်ဆောင် Lili Reinhart က CWDrama မှာ ပါဝင်သရုပ်ဆောင်ရဖို့အတွက် ကမ်းလှမ်းခံရတဲ့အချိန်မှာ စိတ်ဓာတ်တွေ အရမ်းကျနေခဲ့တဲ့အကြောင်းကို သူမက “ကျွန်မ စိတ်ဓာတ်ကျနေတဲ့အချိန်တိုင်း ဒီအထိတောင်လျှောက်လှမ်းလာခဲ့ပြီးပြီပဲ။ လက်လျှော့လို့ မဖြစ်သေးဘူးလို့ ကိုယ့်ကိုယ်ကို အားတင်းခဲ့ရတယ်။” လို့ ဆိုပါတယ်။
Stephen Colbert
၂၀၁၈ ခုနှစ် သြဂုတ်လတုန်းက Rolling Stone နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုအတွင်း ဟာသမင်းသား Stephen Colbert က သူလည်းစိတ်ကျရောဂါဝေဒနာကို ခံစားခဲ့ရပြီး ကင်မရာအရှေ့ သရုပ်ဆောင်ရတဲ့အခါမှာတော့ သူခံစားနေရတဲ့ဝေဒနာကနေ သက်သာလာရတယ်လို့ဆိုပါတယ်။
Michelle Williams
၂၀၁၈ ခုနှစ် ဇူလိုင်လမှာ Destiny’s Child အဆိုတော်ဟောင်းတစ်ယောက်ဖြစ်တဲ့ Michelle Williams က သူမခံစားနေရတဲ့ စိတ်ရောဂါဝေဒနာကို လျော့ကျသွားအောင် ကုသကူညီပေးဖို့အတွက် အကူအညီတောင်းခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့ အင်စတာဂရမ်အကောင့်ကနေ သူမရဲ့ ပရိသတ်တွေကို “ကျွန်မရဲ့အချိန်တော်တော်များများကို စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး အကူအညီလိုနေတဲ့လူတွေကို ကူညီနိုင်အောင် လိုအပ်နေတဲ့အချစ်တွေ ၊ ဂရုစိုက်မှုတွေ ပေးနိုင်အောင် ကြိုးစားနေပါတယ်။”
Ye
အသက် ၄၄ နှစ် အရွယ် ဂရမ်မီဆုရှင် အဆိုတော် Ye တစ်ယောက် သူခံစားခဲ့ရဖူးတဲ့ Bipolar Disorder လို့ခေါ်တဲ့ စိတ်ရောဂါအကြောင်းကို သီချင်းစပ်ပြီး ဆိုထားပါသေးတယ်။ ၂၀၁၈ ဇွန်လမှာပြုလုပ်တဲ့ Big Boy TV အစီအစဉ်မှာ Ye က “ဒီလို စိတ်ဝေဒနာခံစားရတာ ဟာ ချို့ယွင်းနေတာမဟုတ်ပါဘူး” လို့ ဆိုခဲ့ပါတယ်။
Mariah Carey
၂၀၀၁ ခုနှစ်တုန်းက သူမဟာ Bipolar Disorder ကို ခံစားဖူးကြောင်း ၂၀၁၈ခုနှစ်က People မဂ္ဂဇင်းနဲ့ပြုလုပ်တဲ့ အင်တာဗျူးထဲမှာ ဖွင့်ဟခဲ့ပါတယ်။
Demi Lovato
Disney သရုပ်ဆောင်ဖြစ်တဲ့ Demi Lovato ဟာ ၂၀၁၀ ခုနှစ်တုန်းက သူမရဲ့ခန္ဓာကိုယ်ကို နာကျင်အောင်ပြုလုပ်တာတို့ ၊ တစ်ခါတစ်လေ စိတ်ဓာတ်အရမ်းကျနေပြီး၊ တစ်ခါတစ်လေ စိတ်ဓာတ်အရမ်းတက်ကြွနေတဲ့ စိတ်ဝေဒနာဖြစ်တဲ့ Bipolar Disorder ခံစားနေရတာတို့ ကြုံတွေ့ခဲ့ရကြောင်း ၂၀၁၁ ခုနှစ်မှာ ဖွင့်ဟခဲ့ပါတယ်။ “ကျွန်မက အခုပဲ တစ်ကမ္ဘာလုံးကို ရင်ဆိုင်နိုင်တယ်လို့ စိတ်ခွန်အားတွေမြင့်တက်နေပြီး ခဏနေတော့ ကျွန်မအရင်ကထက်ပိုပြီး စိတ်ဓာတ်ကျသွားတယ်။” လို့ရင်ဖွင့်ပြောကြားခဲ့ပါတယ်။
Rene Russo
Rene Russo တစ်ယောက် ၂၀၁၄ ခုနှစ် အောက်တိုဘာမှာပြုလုပ်ခဲ့တဲ့ Queen Latifah Show ပွဲတုန်းက သူမဟာ Bipolar Disorder ကို ခံစားခဲ့ရတာဖြစ်ပြီး ဆေးကုသမှုခံယူခဲ့တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ သူမက “ဒီလိုဝေဒနာခံစားနေရတဲ့သူတွေကို ကျွန်မပြောချင်တာကတော့ ဆေးကုသမှုခံယူဖို့မတွန့်ဆုတ်ပါနဲ့။ အကူအညီတောင်းဖို့လည်း ချီတုံချတုံဖြစ်မနေပါနဲ့။” လို့ဆိုခဲ့ပါတယ်။
<Unicode Version>
စိတ္က်န္းမာေရးဆိုင္ရာျပႆနာေတြနဲ႔ ရင္ဆိုင္ႀကံဳေတြ႔ေနရတဲ့ အႏုပညာရွင္မ်ား။
ခ်မ္းသာၾကြယ္ဝမႈက အရာအာလံုးကို အဆင္ေျပေအာင္လုပ္ႏိုင္တယ္လို႔ထင္ရေပမယ့္ လက္ေတြ႔မွာေတာ့ လူသိမ်ားေက်ာ္ၾကားတဲ့ အႏုပညာရွင္ေတြမွာလည္း ကၽြန္မတို႔သာမန္လူေတြလို ဘဝမွာႀကံဳေတြ႔ခံစားရတဲ့ ဒုကၡေဝဒနာေတြ ရွိပါတယ္။ အႏုပညာရွင္ေတြကို လူထုကအျမဲေစာင့္ၾကည့္ေနတာျဖစ္တဲ့အတြက္ ၄င္းတို႔ၾကံဳေတြ႔ေနရတဲ့ ျပႆနာေတြကို လူေတြၾကာၾကာမသိေအာင္ ထိန္းထားရတာ အေတာ္ခက္လွပါတယ္။ Demi Lovato ၊ Catherine Zeta-Jones နဲ႔ Jon Hamm စတဲ့ အႏုပညာရွင္ေတြကေတာ့ သူတို႔ရဲ႕ဘဝမွာႀကံဳေတြ႔ခဲ့ရတဲ့ ျပႆနာေတြကို ရင္ဖြင့္ေျပာျပခဲ့တာပဲျဖစ္ပါတယ္။
Justin Bieber
၂၀၁၉ ခုႏွစ္ ေဖေဖာ္ဝါရီလတုန္းက Vogue မဂၢဇင္းနဲ႕ ျပဳလုပ္ခ့ဲတဲ့အင္တာဗ်ဴးမွာ Justin Bieber ကသူရဲ႕ခ်စ္ဇနီး Hailey Baldwin အေပၚမွာ သံသယစိတ္ေတြ ဝင္ေနတာနဲ႔ပတ္သက္ၿပီး စိတ္ဂေယာင္ေခ်ာက္ခ်ားေတြျဖစ္ေနတယ္လို႔ ဆိုခဲ့ပါတယ္။
Sarah Hyland
Modern Family ဇာတ္ကားထဲက ေခါင္းေဆာင္မင္းသမီးျဖစ္တဲ့ Sarah Hyland ဟာ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလမွာျပဳလုပ္တဲ့ ေက်ာက္ကပ္အစားထိုး ကုသခံၿပီးတဲ့ေနာက္မွာ ကိုယ့္ကိုယ္ကို သတ္ေသခ်င္စိတ္ေပါက္ခဲ့တဲ့အေၾကာင္းကို ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလမွာ Ellen DeGeneres ကို ေျပာျပခဲ့ပါတယ္။
Karamo Brown
၂၀၁၈ ခုႏွစ္ ၾသဂုတ္လမွာ Queer Eye ရဲ႕ သရုပ္ေဆာင္တစ္ေယာက္က သူ႕ရဲ႕ အင္စတာဂရမ္ ပရိသတ္ေတြကို လြန္ခဲ့တဲ့ ၁၂ ႏွစ္တုန္းက သူ႕ကိုယ္သူ သတ္ေသဖို႔ ႀကိဳးစားခဲ့ေၾကာင္း ေျပာျပခဲ့တာပဲျဖစ္ပါတယ္။ Queer Eye အစီအစဥ္ထဲမွာ Karamo ဟာ စိတ္ေရာဂါေဝဒနာရွင္ေတြကို ကူညီေပးတာဟာ အရင္တုန္းက သူခံစားခဲ့ရဖူးတာေၾကာင့္ျဖစ္တယ္လို႔လည္းဆိုခဲ့ပါတယ္။
Lili Reinhart
၂၀၁၇ ခုႏွစ္ ေမလတုန္းက Riverdale သရုပ္ေဆာင္ Lili Reinhart က CWDrama မွာ ပါဝင္သရုပ္ေဆာင္ရဖို႔အတြက္ ကမ္းလွမ္းခံရတဲ့အခ်ိန္မွာ စိတ္ဓာတ္ေတြ အရမ္းက်ေနခဲ့တ့ဲအေၾကာင္းကို သူမက “ကၽြန္မ စိတ္ဓာတ္က်ေနတဲ့အခ်ိန္တိုင္း ဒီအထိေတာင္ေလွ်ာက္လွမ္းလာခဲ့ၿပီးၿပီပဲ။ လက္ေလွ်ာ႕လို႔ မျဖစ္ေသးဘူးလို႔ ကိုယ့္ကိုယ္ကို အားတင္းခဲ့ရတယ္။” လို႔ ဆိုပါတယ္။
Stephen Colbert
၂၀၁၈ ခုႏွစ္ ၾသဂုတ္လတုန္းက Rolling Stone နဲ႕ ျပဳလုပ္ခ့ဲတဲ့ အင္တာဗ်ဴးတစ္ခုအတြင္း ဟာသမင္းသား Stephen Colbert က သူလည္းစိတ္က်ေရာဂါေဝဒနာကို ခံစားခဲ့ရၿပီး ကင္မရာအေရွ႕ သရုပ္ေဆာင္ရတဲ့အခါမွာေတာ့ သူခံစားေနရတဲ့ေဝဒနာကေန သက္သာလာရတယ္လို႔ ဆိုပါတယ္။
Michelle Williams
၂၀၁၈ ခုႏွစ္ ဇူလိုင္လမွာ Destiny’s Child အဆိုေတာ္ေဟာင္းတစ္ေယာက္ျဖစ္တဲ့ Michelle Williams က သူမခံစားေနရတဲ့ စိတ္ေရာဂါေဝဒနာကို ေလ်ာ့က်သြားေအာင္ ကုသကူညီေပးဖို႔အတြက္ အကူအညီေတာင္းခဲ့တာပဲ ျဖစ္ပါတယ္။ သူမရဲ႕ အင္စတာဂရမ္အေကာင့္ကေန သူမရဲ႕ ပရိသတ္ေတြကို “ကၽြန္မရဲ႕အခ်ိန္ေတာ္ေတာ္မ်ားမ်ားကို စိတ္က်န္းမာေရးနဲ႔ပတ္သက္ၿပီး အကူအညီလိုေနတဲ့လူေတြကို ကူညီႏိုင္ေအာင္ လိုအပ္ေနတဲ့အခ်စ္ေတြ ၊ ဂရုစိုက္မႈေတြ ေပးႏိုင္ေအာင္ ႀကိဳးစားေနပါတယ္။”
Ye
အသက္ ၄၄ ႏွစ္ အရြယ္ ဂရမ္မီဆုရွင္ အဆိုေတာ္ Ye တစ္ေယာက္ သူခံစားခဲ့ရဖူးတဲ့ Bipolar Disorder လို႔ေခၚတဲ့ စိတ္ေရာဂါအေၾကာင္းကုိ သီခ်င္းစပ္ၿပီး ဆိုထားပါေသးတယ္။ ၂၀၁၈ ဇြန္လမွာျပဳလုပ္တဲ့ Big Boy TV အစီအစဥ္မွာ Ye က “ဒီလို စိတ္ေဝဒနာခံစားရတာ ဟာ ခ်ိဳ႕ယြင္းေနတာမဟုတ္ပါဘူး” လို႔ ဆိုခဲ့ပါတယ္။
Mariah Carey
၂၀၀၁ ခုႏွစ္တုန္းက သူမဟာ Bipolar Disorder ကို ခံစားဖူးေၾကာင္း ၂၀၁၈ ခုႏွစ္က People မဂၢဇင္းနဲ႔ျပဳလုပ္တဲ့ အင္တာဗ်ဴးထဲမွာ ဖြင့္ဟခဲ့ပါတယ္။
Demi Lovato
Disney သရုပ္ေဆာင္ျဖစ္တဲ့ Demi Lovato ဟာ ၂၀၁၀ ခုႏွစ္တုန္းက သူမရဲ႕ခႏၶာကိုယ္ကို နာက်င္ေအာင္ျပဳလုပ္တာတို႔ ၊ တစ္ခါတစ္ေလ စိတ္ဓာတ္အရမ္းက်ေနၿပီး၊ တစ္ခါတစ္ေလ စိတ္ဓာတ္အရမ္းတက္ၾကြေနတဲ့ စိတ္ေဝဒနာျဖစ္တဲ့ Bipolar Disorder ခံစားေနရတာတို႔ ၾကံဳေတြ႔ခဲ့ရေၾကာင္း ၂၀၁၁ ခုႏွစ္မွာ ဖြင့္ဟခဲ့ပါတယ္။ “ကၽြန္မက အခုပဲ တစ္ကမာၻလံုးကို ရင္ဆိုင္ႏုိင္တယ္လို႔ စိတ္ခြန္အားေတြျမင့္တက္ေနၿပီး ခဏေနေတာ့ ကၽြန္မအရင္ကထက္ပိုၿပီး စိတ္ဓာတ္က်သြားတယ္။” လို႔ရင္ဖြင့္ေျပာၾကားခ့ဲပါတယ္။
Rene Russo
Rene Russo တစ္ေယာက္ ၂၀၁၄ ခုႏွစ္ ေအာက္တိုဘာမွာျပဳလုပ္ခ့ဲတဲ့ Queen Latifah Show ပြဲတုန္းက သူမဟာ Bipolar Disorder ကို ခံစားခဲ့ရတာျဖစ္ၿပီး ေဆးကုသမႈခံယူခဲ့တဲ့အေၾကာင္း ေျပာၾကားခဲ့ပါတယ္။ သူမက “ဒီလိုေဝဒနာခံစားေနရတဲ့သူေတြကို ကၽြန္မေျပာခ်င္တာကေတာ့ ေဆးကုသမႈခံယူဖို႔မတြန္႔ဆုတ္ပါနဲ႔။ အကူအညီေတာင္းဖို႔လည္း ခ်ီတံုခ်တံုျဖစ္မေနပါနဲ႔။” လို႔ဆိုခဲ့ပါတယ္။
<Zawgyi Verison>
#SY(Soshwe)
#SoshweCelebrities
#SoshweForYourDailyLife
#Like&Share