HomeOtherAnimalsကမ္ဘာပေါ်က အသက်အကြီးဆုံးသတ္တဝါဖြစ်တဲ့ ဧရာမလိပ်ကလေး Jonathan

ကမ္ဘာပေါ်က အသက်အကြီးဆုံးသတ္တဝါဖြစ်တဲ့ ဧရာမလိပ်ကလေး Jonathan

၁၈၈၂ ခုနှစ်တွုန်းက Jonathan လေးဟာ St.Helena ကို သက်ကြီးကောင်အရွယ်မှာ ရောက်ရှိလာခဲ့ပြီး သူ့ကို စိတ်ဝင်စားတဲ့ ကမ္ဘာတစ်ဝှမ်းကလူတွေကလည်း လာရောက်လေ့လာခဲ့တဲ့အတွက် သူ့အနေနဲ့ မျိုးဆက်တော်တော်များများကို ကြုံဆုံပြီးပြီလို့ ဆိုနိုင်ပါတယ်။

- Advertisement -

ကမ္ဘာ့အသက်အကြီးဆုံးတိရစ္ဆာန်အဖြစ် စာရင်းသွင်းခံရတဲ့ Jonathan အမည်ရှိ ဧရာမလိပ်ကလေးကို ၁၈၃၂ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူဟာ ကမ္ဘာပေါ်မှာရှိတဲ့ သတ္တဝါအားလုံးထက် အသက်ပိုကြီးတဲ့အပြင် မီးလုံးတွေ မော်တော်ကားတွေထက်ပါ သက်တမ်းရှည်တယ်လို့လည်း ဆိုနိုင်ပါသေးတယ်။ Jonathan လေးဟာ အသက်ကြီးပြီဖြစ်တဲ့အတွက် အမြင်အာရုံသိပ်မကောင်းတော့ဘူးဆိုပေမယ့် သူ့ကိုထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ဆရာဝန်တွေပြောပြချက်အရ Jonathan ဟာ South Arlantic ရှိ St.Helena ရဲ့ ဝေးလံပြီး အစွန်အဖျားကျတဲ့ကျွန်းမှာ ကျင်လည်ကျက်စားနေတာပဲဖြစ်ပါတယ်။ SPCA အဖွဲ့အစည်းရဲ့ ဥက္ကဌဖြစ်သူ Teeny Lucy က ဒီလိပ်ကြီးဟာ သူ့ရဲ့ကျန်ရှိတဲ့ဘဝကို စားလိုက်အိပ်လိုက်နဲ့ အပူအပင်ကင်းမဲ့စွာဖြတ်သန်းနေတယ်လို့ ပြောကြားခဲ့ပါတယ်။

၁၈၈၂ ခုနှစ်တွုန်းက Jonathan လေးဟာ St.Helena ကို သက်ကြီးကောင်အရွယ်မှာ ရောက်ရှိလာခဲ့ပြီး သူ့ကို စိတ်ဝင်စားတဲ့ ကမ္ဘာတစ်ဝှမ်းကလူတွေကလည်း လာရောက်လေ့လာခဲ့တဲ့အတွက် သူ့အနေနဲ့ မျိုးဆက်တော်တော်များများကို ကြုံဆုံပြီးပြီလို့ ဆိုနိုင်ပါတယ်။ အချက်အလက်တွေအရပြောရမယ်ဆိုရင်တော့ Jonathanဟာ အသက် ၁၈၇ နှစ်ရှိပြီဖြစ်ပြီး ဒီကျွန်းပေါ်က ဒုတိယအသက်ကြီးဆုံးလိပ်ကလေးဖြစ်တဲ့ အသက် ၈၂ အရွယ် David လို့ခေါ်တဲ့ လိပ်ကလေးဟာ Jonathan ရဲ့ သူငယ်ချင်းပဲဖြစ်ပါတယ်။

- Advertisement -

Lucy က Jonathan ဟာ သူဖြတ်သန်းလာတဲ့ဘဝတစ်လျှောက် လူတွေနဲ့ တွေ့ဆုံရတာများခဲ့တဲ့အတွက် သူဟာလူတွေနဲ့တွေ့ရင် ဘယ်လိုမျိုးနေရမလဲဆိုတာကို သိနေတဲ့ ချစ်စရာကောင်းပြီး ခင်မင်တတ်တဲ့ လိပ်ကလေး ဖြစ်တယ်လို့ ဆိုပါတယ်။ Jonathan ဟာ ဘယ်လောက်နာမည်ကြီးပြီး လူသိများလည်းဆိုရင် ဒီကျွန်းပေါ်မှာ နေထိုင်တဲ့သူတွေဟာ သူတို့သုံးစွဲတဲ့ ၅ ကျပ်တန်ငွေကြေးပြားရဲ့အနောက်မှာ Jonathan ရဲ့ပုံတူကို တံဆိပ်နှိပ် ရေးဆွဲထားတာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက Jonathan ဟာ ကျန်းမာရေးအနည်းငယ်ချူချာသွားပေမယ့် သူ့ကို စနစ်တကျ စားသောက်စေပြီးတဲ့နောက်မှာတော့ အရင်လို ပြန်ကျန်းမာလာခဲ့ပါတယ်။

- Advertisement -

Lucy က ” သူ့ရဲ့ အာဟာရပိုင်းဆိုင်ရာကို သေချာစစ်ဆေးပြီးတော့ သူစားသင့်တဲ့ အစားအသောက်တွေကို အပတ်စဉ် စီစဉ်ေပးထားပါတယ်။ ဆရာဝန်တွေက သူကျန်းမာရေးမကောင်းတာကို သူ့ရဲ့နှုတ်သီးကပျော့နေပြီး ခန္ဓာကိုယ်အလေးချိန်ကလျော့ကျသွားတာကို သတိထားမိပြီး သိရှိခဲ့တာပါ။ ခုတော့ Jonathan ရဲ့ ကျန်းမာရေးက လုံးဝကောင်းသွားပါပြီ။ သူဟာ ကျွန်တော့အသံကိုသိတယ်။ ဆရာဝန်တွေရဲ့အသံကိုလည်း သိတယ်ဗျ။ သူကျွန်တော်တို့ဆီကို ချဉ်းကပ်လာပြီဆိုရင်တော့ သူအစာတောင်းတော့မယ်ဆိုတာကိုတော့ သိထားရတယ်ဗျ။” လို့ ပြောကြားခဲ့ပါတယ်။

- Advertisement -

Jonathan ဟာ ဒီကမ္ဘာမြေပေါ်မှာ ပျော်ရွှင်စွာအသက်ရှင်နေထိုင်နိုင်ရခြင်းရဲ့ အဓိကအကြောင်းအရင်းက အစားအသောက်ကြောင့်သာဖြစ်မယ်ဆိုရင် ကမ္ဘာပေါ်က မျိုးဆက်တွေအားလုံးရဲ့ ပျော်ရွှင်စွာရှင်သန်နေထိုင်ရလိုခြင်းကို ဦးဆောင်လမ်းပြလုပ်ပေးနေသလိုဖြစ်နေပါပြီ။

<Unicode Version>

 

#soshweanimal

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read