HomeEntertainmentအနုပညာလမ်းပေါ်လျှောက်လှမ်းရင်း အဆင့်ဆင့်ပြောင်းလဲလာသော Miley Cyrus

အနုပညာလမ်းပေါ်လျှောက်လှမ်းရင်း အဆင့်ဆင့်ပြောင်းလဲလာသော Miley Cyrus

- Advertisement -

၂၀၀၆ ခုနှစ်မှာ Hannah Montana ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့စဉ်က Miley ဟာ ဆယ်ကျော်သက်အရွယ်လေးပဲ ရှိသေးပေမယ့် ဒီဇာတ်ကားထွက်ပြီးနောက်မှာပဲ သရုပ်ဆောင်အဆိုတော်အဖြစ် နာမည်ကျော်သွားတာဖြစ်ပါတယ်။ အောက်ပါအကြောင်းအရာတွေကတော့ ပြတ်လိုက်ဆက်လိုက်ဖြစ်နေတဲ့ Liam Hemsworth နဲ့ Miley တို့ရဲ့ အချစ်ရေးအကြောင်းကနေစပြီး သူမရဲ့ ခံစားချက်တွေနဲ့ ရေးဖွဲ့ထားတဲ့ သီချင်းတွေအကြောင်းပဲ ဖြစ်ပါတယ်။

- Advertisement -

Miley ဟာ 2006 ခုနှစ်မှာ စတင်ရိုက်ကူးပြီး Disney က ထုတ်လုပ်ခဲ့တဲ့ Hannah Montana ဇာတ်ကားထဲမှာ ခေါင်းဆောင်မင်းသမီးနေရာကို အသက် ၁၃နှစ်ကနေ စတင်ရိုက်ကူးခဲ့ရတာဖြစ်ပါတယ်။

- Advertisement -

- Advertisement -

၂၀၀၉ ခုနှစ်မှာတော့ Nicholas Sparkရဲ့ ဝတ္ထုကိုအခြေခံရိုက်ကူးထားတဲ့ The Last Song ဇာတ်ကားထဲမှာ သရုပ်ဆောင်မင်းသားချော Liam Hemsworth နဲ့ အတူ သရုပ်ဆောင်ပြီးနောက်မှာ သူတို့နှစ်ဦးရဲ့ ချစ်သံယောဇဉ်တွေက ခိုင်မြဲလာတာပဲဖြစ်ပါတယ်။

၂၀၁၀ခုနှစ်မှာတော့ သူမကို အနုပညာလမ်းပေါ်ရောက်စေခဲ့တဲ့ ဇာတ်လမ်းလေးအဆုံးသတ်ပြီမို့ သူမ နှုတ်ဆက်ပွဲလုပ်ခဲ့ပါသေးတယ်။

 

၂၀၁၁ ခုနှစ်မှာတော့ Can’t be Tamed သီချင်းအယ်လ်ဘမ်မှာတော့ သူမခပ်ကြမ်းကြမ်းလေး သီဆိုကပြထားတာတွေကို တွေ့ရတာဟာ Miley အနေနဲ့ ပရိသတ်တွေမရင်းနှီးသေးတဲ့ သူမရဲ့ပုံစံအသစ်ကို မိတ်ဆက်ပေးလိုက်သလိုပါပဲ။

၂၀၁၂ ခုနှစ်မှာတော့ Liam Hemsworth နဲ့ စေ့စပ်ခဲ့တာဖြစ်ပြီး သူမရဲ့ဆံပင်ရှည်တွေကို ညှပ်ပစ်ပြီး ဆံပင်အတိုပုံစံကိုပြောင်းခဲ့တာပဲဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် အကုန်မှာတော့ သူမရဲ့ ယခင်ပုံစံကနေလုံးဝကို ကွဲပြားခြားနားနေတဲ့ သီချင်းသစ်နှစ်ပုဒ်ဖြစ်တဲ့ Wrecking Ball နဲ့ We Can’t Stop တို့ထွက်ရှိလာပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ ၂၀၁၃ခုနှစ်မှာ သတင်းမီဒီယာတွေရဲ့ အာရုံစိုက်အခံရဆုံးလူဖြစ်လာပါတော့တယ်။

၂၀၁၄ ခုနှစ် နိုဝင်ဘာလည်းရောက်ရော Miley တစ်ယောက် Hemsworth နဲ့ ပြတ်ပြီး Patrick Schwarzenegger နဲ့ တွဲကာ ပျော်ရွှင်နေပုံတွေ social Media ပေါ်တက်လာခဲ့ပါတယ်။

Miley အတွက် အကောင်းတွေရောအဆိုးတွေပါရောယှက်နေတဲ့ ၂၀၁၅ခုနှစ်မှာ Miley ဟာ Patrick နဲ့ပြတ်ပြီး “Adore You” ဆိုတဲ့ သီချင်းကို ရေးဖွဲ့သီဆိုခဲ့ပါသေးတယ်။

၂၀၁၆ ခုနှစ်မှာတော့ Miley နဲ့ Hemsworthတို့ဟာ တစ်ဖန်ပြန်လည်ပြီးတော့ ချစ်မေတ္တာမျှပြီးနောက် နောက်တစ်ကြိမ်ထပ်ပြီး စေ့စပ်လိုက်ပါတော့တယ်။

၂၀၁၇ ခုနှစ်မှာတော့ “Younger Now” ဆိုတဲ့ သီချင်းကို သီဆိုခဲ့ပြီး သူမသဘောကျနှစ်သက်တဲ့ ကမ်းခြေမြို့လေးဖြစ်တဲ့ Malibu အကြောင်းကိုလည်း ရေးဖွဲ့သီဆိုခဲ့တာပဲဖြစ်ပါတယ်။

၂၀၁၈ခုနှစ်လည်းရောက်ရော Miley ဟာ အရင်က သူမရဲ့ Social Media အကောင့်တွေမှာ တင်ခဲ့ဖူးတဲ့ ပုံတွေကိုဖျက်ပစ်လိုက်တာကိုကြည့်ရင်တော့ သူမဟာ ဘဝအသစ်တစ်ခုကိုပြန်စဖို့ အဆင်သင့်လုပ်နေပုံပဲ။

၂၀၁၈ခုနှစ် ဒီဇင်ဘာမှာတော့ ပြတ်လိုက်ဆက်လိုက်ဖြစ်နေတဲ့ Miley နဲ့ Liam တို့နှစ်ဦးကြားထဲက ချစ်သံယောဇဉ်ကို ပိုပြီးခိုင်မာလိုတဲ့အနေနဲ့ သူတို့နှစ်ဦးဟာ Nashville မှာ မိသားစုဝင်တွေ ဆွေမျိုးတွေ ခင်မင်ရင်းနှီးရတဲ့ သူငယ်ချင်းတွေကိုပဲခေါ်ပြီး လက်ထပ်ထိမ်းမြားလိုက်ကြတာပဲဖြစ်ပါတယ်။

၂၀၁၉ခုနှစ် ဇန်နဝါရီလ Culver မြို့မှာ ကျင်းပပြုလုပ်တဲ့ G’Day USA Gala မှာ Liam နဲ့ Miley က သူတို့နှစ်ဦးဟာ အိမ်ထောင်ဖက်တွေဖြစ်သွားကြပြီဆိုတာကို ကြေညာခဲ့တာပဲဖြစ်ပြီး သြဂုတ်လမှာတော့ နှစ်ဦးသားလမ်းခွဲခဲ့ကြပါတယ်။

 

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read