Breaking News

ဂျက်စတင်ဘီဘာတစ်ယောက် ကမ္ဘာလှည့်ရှိုးပွဲများမသီဆိုဖြစ်တော့သည့် အကြောင်းရင်း။

အသက် (၂၅) နှစ်အရွယ်ရှိပြီဖြစ်သူ ဂျက်စတင်ဘီဘာက သူ့အနေနဲ့ ကမ္ဘာလှည့်ရှိုးပွဲများ မသီဆိုဖြစ်ရခြင်းအကြောင်းကို သူ့ရဲ့ Instagram စာမျက်နှာမှတစ်ဆင့် ပရိသတ်များကို ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။ ပြီးခဲ့သည့် တနလာင်္နေ့က Instagram စာမျက်နှာ၌ မျှဝေခဲ့သည့် အဆိုပါ ပို့စ်၌ သူ့အနေနဲ့ ပရိသတ်များရဲ့ အားပေးစကားပြောကြားထားသည့် မက်ဆေ့ခ်ျအများအပြားကို ဖတ်ရှုခဲ့ပြီးနောက် ဂီတထက် သူ့ကိုယ်သူ ဂရုစိုက်ရန်  ရွေးချယ်ဖြစ်ခဲ့ရခြင်းအကြောင်းရင်းကို  ပြောပြသွားခဲ့ခြင်းလည်း ဖြစပါတယ်။

ဂျက်စတင်ဘီဘာက “ခင်ဗျားတို့က ပိုက်ဆံပေးပြီး ကျွန်တော့်ရှိုးပွဲကို လာခဲ့တာဖြစ်ပြီး လုံးဝကို အားအင်အပြည့် ဖျော်ဖြေမှုအပြည့်ရှိတဲ့ ပုံစံကို ကြည့်ဖို့ ပိုက်ဆံပေးထားရတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ နောက်ဆုံးပွဲမှာ ခင်ဗျားတို့ လိုချင်တဲ့အရာကို ကျွန်တော်က စိတ်ပိုင်းဆိုင်ရာအရ မပေးစွမ်းနိုင်ခဲ့ပါဘူး။” ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် အင်တာဗျူးတစ်ခု၌ ပြောကြားသွားခဲ့ပါတယ်။

ဒါ့အပြင် တနလာင်္နေ့ကလည်း သူ့ရဲ့ Instagram စာမျက်နှာမှတစ်ဆင့် ဂျက်စတင်ဘီဘာက “ကျွန်တော် ခင်ဗျားတို့ရဲ့ မက်ဆေ့ခ်ျတွေကို ဖတ်ခဲ့ပြီး ခင်ဗျားတို့က ကျွန်တော့်အခွေသစ်ကို နားထောင်ချင်တယ်ပြောကြပါတယ်။ ကျွန်တော့်ဆယ်ကျော်သက်ဘဝတစ်ခုလုံး ကမ္ဘာလှည့်ဖျော်ဖြေခဲ့ရပြီး အသက် (၂၀) အရွယ်ပြည့်ပြည့်ချင်းအချိန်တည်းကစလို့ပေါ့။ ခင်ဗျားတို့လည်း ကျွန်တော့်ရဲ့  နောက်ဆုံးဖျော်ဖြေပွဲမှာ ကျွန်တော် မပျော်မရွှင်ဖြစ်နေတာကို မြင်ခဲ့ကောင်းမြင်ခဲ့ပါလိမ့်မယ်။ ကျွန်တော်က အခုချိန်မှာ ကျွန်တော့်ရဲ့ အိမ်ထောင်ရေးနဲ့ ကျွန်တော်ဖြစ်ချင်တဲ့ ဖခင်တစ်ယောက်ဖြစ်ဖို့အတွက် အာရုံစိုက်ထားပါတယ်။ ဂီတကကျွန်တော့်အတွက် အရေးပါတာမှန်ပေမယ့် ကျွန်တော့်မိသားစုနဲ့ကျွန်တော့် ကျန်းမာရေးထက်ပိုပြီး အရေးကြီးတာမရှိပါဘူး။” ဟုရေးသားဖော်ပြခဲ့ပြီးအတွင်းလူတစ်ဦးရဲ့ ပြောကြားချက်အရ ဂျက်စတင်ဘီဘာရဲ့ ချစ်သူ Hailey Baldwin ကလည်း မိခင်တစ်ယောက်ဖြစ်လာရန်အတွက် မစောင့်နိုင်တော့လောက်အောင် ဖြစ်နေကြောင်းလည်း သိရှိရပြီး ဂျက်စတင်ဘီဘာတို့ စုံတွဲအနေဖြင့် ဘဝသစ်တစ်ခုကို ထပ်မံစတင်ရန် စိတ်လှုပ်ရှားနေကြကြောင်းလည်း သိရှိရပါတယ်။

ပြီးခဲ့သည့်လအတွင်း၌လည်း အတွင်းလူတစ်ဦးက “ဂျက်စတင်ဘီဘာက အထူးကုဆရာဝန်တွေဆီမှာ ပြသနေရတယ်ဆိုပေမယ့် ထွေထွေထူးထူး စိုးရိမ်ရမယ့် ကိစ္စမျိုးမရှိပါဘူး။ သူက အမြဲတမ်း  ဆေးသောက်နေရတာမျိုးကို မလိုချင်ဘဲ လက်ရှိအချိန်မှာတော့ သူ့ဘဝမှာ နိမ့်မြင့်တက်ကျတွေ၊ စိုးရွံ့ကြောက်ရွံ့မှုတွေ၊ စိတ်ဓာတ်ကျဆင်းမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။” ဟု US Weekly သတင်းဌာနကို ပြောကြားသွားခဲ့ပါတယ်။

အခြားသော သတင်းရင်းမြစ်တစ်ခုရဲ့အဆိုအရ ပြီးခဲ့သည့် (၂၀၁၈) ခုနှစ် စက်တင်ဘာလ၌ ဂျက်စတင်ဘီဘာနဲ့ လက်ထပ်ခဲ့သည့် အသက် (၂၂) အရွယ်ရှိပြီဖြစ်သူ Baldwin သည်လည်း ယခုဖြစ်ရပ်များအတွင်း၌ ဂျက်စတင်ဘီဘာအပေါ် အပြည့်အဝ အားပေးထောက်ခံမှုများ ပြုလုပ်လျက်ရှိကြောင်း သိရှိရပါတယ်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌လည်း ဂျက်စတင်ဘီဘာက Instagram စာမျက်နှာမှတစ်ဆင့် သူ့အနေနဲ့ လတ်တလော ကြုံတွေနေရသည့် အခက်အခဲများကို အကောင်းဆုံး ရင်ဆိုင်နေကြောင်း၊ မကြာခင်၌ ပရိသတ်များအတွက် ပြန်လာမည်ဖြစ်သောကြောင့် သူ့အတွက် ဆုတောင်းပေးကြရန်အတွက်လည်း  တောင်းဆိုမှုများ ပြုလုပ်ခဲ့ပါသေးတယ်။

 

#HM(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

About admin

Check Also

အိမ်ထောင်ရေးကိစ္စနဲ့ပတ်သက်လို့ ပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်အောင် ဝန်ခံလိုက်တဲ့ Keanu Reeves

ပရိသတ်အခိုင်အမာရရှိထားတဲ့ Keanu Reeves နဲ့ Winona Ryder တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအစစ်အမှန်နဲ့ ပတ်သက်လို့ ပရိသတ်တွေအားလုံး အံ့အားသင့်သွားစေမယ့်အကြောင်းအရာတခုကို Reeves က ထုတ်ဖော်ဝန်ခံလိုက်ပြီ ဖြစ်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro