Breaking News

Instagram စာမျက်နှာပေါ်၌ Hot အဖြစ်ဆုံး နာမည်ကျော်အမျိုးသား (၁၅) ဦး။

၁။ Eric Decker

အဓိကနေရာတစ်ခုတည်းကိုသာ တဘက်ဖြင့် အုပ်ထားသည့် Eric ရဲ့ ဓာတ်ပုံကို “#Retirement” ဆိုသည့် Caption ဖြင့် ဇနီးသည်ဖြစ်သူ Jessie James Decker က သူမရဲ့ Instagram စာမျက်နှာမှ မျှဝေခဲ့ပါတယ်။

 

၂။ John Stamos

သင့်ရဲ့ မွေးနေ့ကို အကောင်းဆုံးပုံစံဖြင့် ကျင်းပလိုပါက John Stamos ရဲ့ ပုံစံမျိုးအတိုင်းသာ ကျင်းပလိုက်ပါ။ ကိုယ်လုံးတီးဖြင့် Stamos သည် ချုံပုတ်များရှိရာဘက်သို့ လှည့်ကာ ဓာတ်ပုံအရိုက်ခံခဲ့ပြီး သူ့ရဲ့ ခန္ဓာကိုယ်အနောက်ပိုင်းကိုမူ Sticker ဖြင့် အုပ်ကာ အဆိုပါ ဓာတ်ပုံကို Instagram ပေါ်သို့ တင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

 

၃။ Darren Criss

Darren Criss သည် ကိုယ်လုံးတီးနီးပါးဖြစ်နေသည့် သူ့ရဲ့ဓာတ်ပုံကို “#ACSVersace” ဆိုသည့် Caption ဖြင့် Instagram ပေါ်တင်ခဲ့ပါတယ်။

 

၎။ Liam Hemsworth

Liam က “Here’s to ice baths and flexing in tiny shorts” ဆိုသည့် Caption ရေးသားပြီး အောက်ခံဘောင်းဘီတစ်ထည်တည်းဝတ်ဆင်ပြီး ရိုက်ကူးထားသည့်ဓာတ်ပုံကို ပရိသတ်များထံ မျှဝေခဲ့ပါတယ်။

 

၅။ Justin Bieber

Justin ရဲ့နာမည်ကျော် ပို့စ်တစ်ခုဖြစ်ခဲ့ပြီး အဝတ်အစားများဘေးတွင်ပုံနေလျက်နဲ့ အောက်ခံဘောင်းဘီတစ်ထည်တည်းဝတ်ဆင်ပြီး Mirror Selfie ရိုက်ကာ လူမှုကွန်ရက်ဝက်ဘ်ဆိုက်ပေါ်တင်ခဲ့ခြင်းဖြစ်ပါတယ်။

 

၆။ Calvin Harris

Calvin ရဲ့ ဆွဲဆောင်မှုရှိသည့် ခန္ဓာကိုယ်ပုံစံအချိုးအစားကြောင့် သူ့ရဲ့ Instagram Page သည်လည်း Followers ပေါင်းများစွာနဲ့ စည်ကားလျက်ရှိပါတယ်။

 

၇။ Chris Pratt

Gym ကစားရင်း အင်္ကျီချွတ်ပြီး ရိုက်ကူးထားသည့် ဓာတ်ပုံဖြစ်သည့်တိုင် ခန္ဓာကိုယ်၌အဆီများရှိနေသေးသည့် Pratt ရဲ့ဓာတ်ပုံကလည်း Instagram စာမျက်နှာထက်၌ ပြောစရာတစ်ခုဖြစ်ခဲ့ရပါတယ်။

 

၈။ Ansel Elgort

မူးမေ့သွားလောက်အောင်လှပသည့် မြင်ကွင်းကို နောက်ခံထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံကို Ansel ကသူ့ရဲ့ Instagram မှတစ်ဆင့်မျှဝေခဲ့ပါတယ်။

 

၉။ Ansel Elgort

The Baby Driver ဇာတ်ကားရဲ့ သရုပ်ဆောင်တစ်ဦးဖြစ်သည့် Ansel သည် ထိုင်းနိုင်ငံသို့ အားလပ်ရက်ခရီးထွက်ရင်း ရေကူးကန်ထဲ၌ ရိုက်ကူးထားသည့် သူ့ရဲ့ ကိုယ်လုံးတီးဓာတ်ပုံကိုလည်း သူ့ရဲ့ Instagram စာမျက်နှာပေါ်၌တင်ထားခဲ့ပါသေးတယ်။

 

၁၀။ Colton Haynes

ကုတင်ပေါ်ရှိ ဇနီးသည်ရဲ့ ဘေးနား၌ ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းဖြင့် လဲလျောင်းအိပ်စက်နေသည့် Colton သည် သူ့ရဲ့ အဆိုပါဓာတ်ပုံကို Instagram စာမျက်နှာမှတစ်ဆင့် ပရိသတ်များထံ မျှဝေခဲ့ပါတယ်။

 

၁၁။ Michael B. Jordan

ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းဖြင့် ရိုက်ကူးထားသော အဆိုပါ ဓာတ်ပုံကို Jordan က သူ့ရဲ့ Instagram စာမျက်နှာပေါ်၌ “I’m working” ဆိုသည့် Caption ရေးသားကာ တင်ထားခဲ့ပါတယ်။

 

၁၂။ Liam Payne

ရေချိုးခန်းအတွင်းရှိ မှန်ရှေ့၌ ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းဖြင့် Mirror Selfie ရိုက်ထားသည့် ဓာတ်ပုံကို Liam က သူ့ရဲ့ Instagram ပေါ်၌တင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

 

၁၃။ Ricky Martin

ကမ်းခြေတစ်ခု၌ တောင့်တင်းသည့် ခန္ဓာကိုယ်အလှအပကို ဖော်ကျူးပြီး ရိုက်ကူးထားသည့် အဆိုပါ ဓာတ်ပုံကို Ricky Martin က သူ့ရဲ့ Instagram မှတစ်ဆင့် ပရိသတ်များထံ မျှဝေခဲ့ပါတယ်။

 

၁၄။ Joe Jonas

ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းဖြင့် ရိုက်ကူးထားသည့် ဓာတ်ပုံကို Joe Jonas က ပရိသတ်များထံ မျှဝေခဲ့ပြီး Joe ရဲ့ ခန္ဓာကိုယ်အချိုးအစားက တကယ့်မျက်မြင်၌ ယခုထက်ပိုမိုလှပကြောင်းလည်း ငြင်းခုန်မှုများ ရှိခဲ့ပါတယ်။

 

၁၅။ Jason Momoa

ဘယ်တော့မှ မပြောင်းလဲသည့် Jason ရဲ့ စွဲမက်ဖွယ်ရာ ခန္ဓာကိုယ်အလှအပများကို သူ့ရဲ့ Instagram စာမျက်နှာ၌ မြင်တွေ့ရပါတယ်။

 

#HM(Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

 

About admin

Check Also

အိမ်ထောင်ရေးကိစ္စနဲ့ပတ်သက်လို့ ပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်အောင် ဝန်ခံလိုက်တဲ့ Keanu Reeves

ပရိသတ်အခိုင်အမာရရှိထားတဲ့ Keanu Reeves နဲ့ Winona Ryder တို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအစစ်အမှန်နဲ့ ပတ်သက်လို့ ပရိသတ်တွေအားလုံး အံ့အားသင့်သွားစေမယ့်အကြောင်းအရာတခုကို Reeves က ထုတ်ဖော်ဝန်ခံလိုက်ပြီ ဖြစ်ပါတယ်။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro