Breaking News
Manchester United's Paul Pogba celebrates scoring his side's first goal of the game during the Premier League match at Old Trafford, Manchester.

ကမ္ဘာ့အကောင်းဆုံး ဗဟိုကွင်းလယ်ကစားသမား (၁၀) ဦး။

၁၀။ သီယာဂို (ဘိုင်ယန်မြူးနစ်)

ဘာစီလိုနာအသင်းရဲ့ နာမည်ကျော် လာမာစီယာအကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်သည့် သီယာဂိုသည် ကစားသမားဘဝတစ်လျှောက် ဒဏ်ရာပြဿနာများနဲ့ ရုန်းကန်ခဲ့ရပေမယ့် အထင်ကြီးလေးစားလောက်စရာ ခြေစွမ်းကို ပိုင်ဆိုင်ထားသည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ အသက် (၂၇) နှစ်အရွယ်ရှိပြီဖြစ်သူ အဆိုပါ စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမားသည် လက်ရှိအချိန်၌ ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်း၌ ကစားလျက်ရှိပြီး ဥရောပနဲ့ တောင်အမေရိက ကစားဟန်နှစ်မျိုး ပေါင်းစပ်ထားသည့် ကစားသမားတစ်ဦးအဖြစ်လည်း ချီးကျူးခြင်းခံထားရပါတယ်။

တောင်အမေရိကစတိုင် ဘောလုံးဆွဲပြေးပုံနဲ့ စပိန်ဟန် ဘောလုံးပေးပို့မှုစွမ်းရည်၊ ဘောလုံးအထိန်းအသိမ်းစွမ်းရည်များကို ပိုင်ဆိုင်ထားသည့် သီယာဂိုသည် ကျဉ်းထဲကျပ်ထဲရောက်နေသည့်တိုင်အောင် အဆိုပါ အခက်အခဲများကို ဖောက်ထွက်နိုင်ပြီး တိကျသေသပ်သည့် ပေးပို့မှုများကို ပြုလုပ်နိုင်သည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

 

၉။ ဘာနာဒိုဆေးလ်ဗား (မန်စီးတီး)

ပြီးခဲ့သည့် (၂၀၁၇-၁၈) ဘောလုံးရာသီရဲ့ ခရစ္စမတ်ကာလမတိုင်ခင်၌ မန်စီးတီးအသင်းအတွက် လိဂ်ပွဲ (၄) ပွဲသာ ကစားခွင့်ရရှိခဲ့သည့် ဘာနာဒိုဆေးလ်ဗားသည် နောက်ပိုင်းတွင်မူ အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် အခွင့်အရေးရလာခဲ့ပါတယ်။ မိုနာကိုအသင်းမှ မန်စီးတီးအသင်းထံ  ပြောင်းရွှေ့ကြေး ပေါင် (၄၃) သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့သည့် ဘာနာဒိုဆေးလ်ဗားသည် ပုံမှန်အားဖြင့် တောင်ပံကစားသမားတစ်ယောက်ဖြစ်ပေမယ့် ဒီဘရိုင်းရဲ့ ဒဏ်ရာပြဿနာများကြောင့် ကွင်းလယ်ဗဟိုနေရာတွင် ဝင်ရောက်ကစားပြီး ခြေစွမ်းပြကစားနိုင်ခြင်းကြောင့် နည်းပြဂွါဒီယိုလာရဲ့ ချီးကျူးမှုများကို ရရှိနေသည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

 

၈။ ပေါ့ဘာ (ယူနိုက်တက်)

ယူနိုက်တက်အသင်းရဲ့ ယခင်နည်းပြဟောင်း မော်ရင်ဟိုလက်ထက်၌ ပုံစံကောင်းပျောက်ဆုံးခဲ့သည့်  ပေါ့ဘာသည် လက်ရှိယာယီနည်းပြဆိုးလ်ရှားလက်ထက်၌မူ ပုံစံကောင်းများပြသကာ လာမည့်ရာသီ ယူနိုက်တက်အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအတွက် အသင်းကို အကောင်းဆုံး ဦးဆောင်လျက်ရှိပါတယ်။ ပြီးခဲ့သည့် (၂၀၁၆) ခုနှစ်နွေရာသီတွင် ဂျူဗင်တပ်စ်အသင်းမှ ပြောင်းရွှေ့ကြေး ပေါင် (၈၉) သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့သည့် ပေါ့ဘာအနေဖြင့် ဆိုးလ်ရှားလက်ထက် ကစားခဲ့ပြီးသည့် ပွဲစဉ်များတွင် အသင်းအတွက် (၉) ဂိုးသွင်းပြီး (၇) ကြိမ် ဂိုးပေါက်ဖန်တီးမှုများ ပြုလုပ်ပေးထားနိုင်သည့် ကစားသမားတစ်ဦးဖြစ်ပါတယ်။

 

၇။ ဆာဂျီယိုဘတ်စ်ကွက်စ် (ဘာစီလိုနာ)

အသက် (၃၀) အရွယ်ရှိပြီဖြစ်သူ အဆိုပါ ကွင်းလယ်ကစားသမားသည် ဘာစီလိုနာအသင်းအတွက် ပွဲပေါင်း (၅၀၀) ကျော် ကစားပေးခဲ့ပြီးဖြစ်ပြီး လက်ရှိအချိန်အထိ နံပါတ် (၆) နေရာအတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရဆဲလည်း ဖြစ်ပါတယ်။ ပွဲအပေါ် ဖတ်ရှုနိုင်စွမ်း၊  ဘောလုံးကိုင်ကစားနိုင်မှုနဲ့  ပြိုင်ဘက်ကစားသမားများ ဖိအားပေးနေသည့်ကြားမှ အသင်းအတွက် ကစားကွက်ကို အကောင်းဆုံးဖော်ဆောင်ပေးနိုင်မှုအစရှိသည့် အရည်အချင်းများနဲ့ပြည့်စုံနေသည့် ဘတ်စ်ကွက်စ်ရဲ့ နေရာကို အစားထိုးရန်အတွက် ခက်ခဲနေဆဲဖြစ်ပါတယ်။

 

၆။ ပီယာနစ် (ဂျူဗင်တပ်စ်)

ရီးရဲယ်မက်ဒရစ်အသင်းရဲ့ ပစ်မှတ်ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံထားရသည့် ပီယာနစ်သည် ပွဲအရှိန်ကို လိုသလို အတင်အချပြုလုပ်နိုင်သည့် ကစားသမားတစ်ယောက်ဖြစ်ပြီး ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမားများထဲမှ တစ်ယောက်အပါအဝင်လည်း ဖြစ်ပါတယ်။ (၂၀၁၆) ခုနှစ်တွင် ရိုးမားအသင်းမှ ပြောင်းရွှေ့ရောက်ရှိလာချိန်မှစ၍ ဂျူဗင်တပ်စ်အသင်းနဲ့အတူ စီးရီးအေအမှတ်ပေးဖလားကို (၂) နှစ်ဆက်တိုက် ရယူထားပြီးဖြစ်သည့် ပီယာနစ်သည် ဒီရာသီ၌ ပြည်တွင်းအမှတ်ပေးဖလားသာမကဘဲ ချန်ပီယံလိဂ်ဖလားကိုပါ ဂျူဗင်တပ်စ်အသင်းနဲ့အတူ ရယူနိုင်ရန် ကြိုးစားလျက်ရှိပါတယ်။

 

၅။ ဒီဘရိုင်း (မန်စီးတီး)

ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးမဟုတ်သည့်တိုင် ဘောလုံးပေးပို့မှု အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသည့် ဒီဘရိုင်းရဲ့ ဖန်တီးမှု၊ နည်းစနစ်ပိုင်းကျွမ်းကျင်မှုနဲ့ ပေါက်ကွဲနိုင်စွမ်းအပြည့်ရှိသည့် ကစားဟန်က ကမ္ဘာ့အကောင်းဆုံး ကစားသမားများထဲမှ တစ်ဦးအဖြစ် ဒီဘရိုင်းကို စာရင်းဝင်စေခဲ့ပါတယ်။ ဘယ်ညာနှစ်ဖက်လုံးကို အသုံးပြုပြီး ဘောလုံးပေးပို့မှုများ၊ ဘောလုံးဆွဲပြေးခြင်း၊ ဖျက်ထုတ်မှု၊ ဖြတ်တင်ဘောများပေးပို့ခြင်း အစရှိသဖြင့် စွယ်စုံရသည့် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ပြီးခဲ့သည့်ရာသီ မန်စီးတီးအသင်းရဲ့ ပရီးမီးယားလိဂ်ချန်ပီယံခရီးလမ်းတစ်လျှောက် အကောင်းဆုံး ပုံစံပြသနိုင်ခဲ့သည့် ဒီဘရိုင်းသည် ယခုနှစ်ဘောလုံးရာသီ၌မူ ဒဏ်ရာပြဿနာများနဲ့ ရုန်းကန်နေရပြီး အသင်းအတွက် လိဂ်ပွဲ (၇) ပွဲသာ ပါဝင်ကစားပေးထားရပါတယ်။

 

၎။ ဒေးဗစ်ဆေးလ်ဗား (မန်စီးတီး)

လွန်ခဲ့သည့် (၈) နှစ်က မန်စီးတီးအသင်းကို  စတင်ရောက်ရှိလာခဲ့သည့် ဒေးဗစ်ဆေးလ်ဗားသည် အသင်းနဲ့ တတိယမြောက် ပရီးမီးယားလိဂ်ဆုဖလားကို ပြီးခဲ့သည့် ရာသီက ရယူနိုင်ခဲ့ပြီး နံပါတ် (၁၀) နေရာတွင်သာမက ကွင်းလယ်ဗဟို ကစားသမားအဖြစ်ပါ ကစားနိုင်သည့် ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။

နည်းစနစ်ပိုင်းကျေညက်ခြင်း၊ နေရာလွတ်များကို ရှာဖွေပေးနိုင်ခြင်းတို့ဖြင့် အသင်းကို အကောင်းဆုံး မောင်းနှင်ပေးနိုင်သည့် ဒေးဗစ်ဆေးလ်ဗားအနေနဲ့ အသက် (၃၃) နှစ်ရှိပြီဖြစ်သည်တိုင် လက်ရှိအချိန်အထိ ဂွါဒီယိုလာအားထားရသည့် ကစားသမားတစ်ယောက်အဖြစ် ရှိနေဆဲလည်း ဖြစ်ပါတယ်။

 

၃။ တိုနီကရူးစ် (ရီးရဲယ်မက်ဒရစ်)

ရီးရဲယ်မက်ဒရစ်အသင်းရဲ့ အသည်းနှလုံးတစ်ခုအဖြစ်ပင် တင်စားခြင်းခံထားရသည့် တိုနီကရူးစ်သည် ပွဲအရှိန်ကို လိုသလို အတင်အချပြုလုပ်နိုင်သလို အနီးပေး၊ အဝေးပေးဘောလုံးများကိုလည်း အတိကျဆုံးပေးပို့နိုင်သည့် ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ပြီးခဲ့သည့် (၂၀၁၄) ခုနှစ်နွေရာသီ၌ ဘိုင်ယန်မြူးနစ်အသင်းထံမှ ရီးရဲယ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့သည့် တိုနီကရူးစ်သည် ကမ္ဘာ့ဘောလုံးဖြန့်ဝေမှုအကောင်းဆုံး ကစားသမားများထဲမှ တစ်ယောက်အဖြစ်လည်း သတ်မှတ်ခြင်းခံထားရပါတယ်။

 

၂။ ကန်တေ (ချဲလ်ဆီး)

အသက် (၂၇) နှစ်အရွယ်ရှိပြီဖြစ်သူ ကွင်းလယ်ကစားသမား ကန်တေသည် (၂၀၁၅-၁၆) ခုနှစ် ဘောလုံးရာသီ၌ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အံ့အားသင့်ဖွယ်ရာရယူနိုင်ခဲ့သည့် လက်စတာအသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ လျင်မြန်မှုအပြည့်၊ တိုက်ပွဲဝင်စိတ်ဓာတ်အပြည့်နဲ့ လိမ္မာပါးနပ်မှုရှိသည့် ကစားပုံများနဲ့ ကန်တေသည် ပရီးမီးယားလိဂ်ဖလားကို (၂) နှစ်ဆက်တိုက် ရယူနိုင်ခဲ့သည့်အပြင် ပြီးခဲ့သည့် (၂၀၁၈) ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ပြင်သစ်အသင်းနဲ့အတူ ဗိုလ်စွဲနိုင်ခဲ့ပါသေးတယ်။

 

၁။ မိုဒရစ် (ရီးရဲယ်မက်ဒရစ်)

ပြီးခဲ့သည့် စက်တင်ဘာလ၌ အသက် (၃၃) နှစ်ပြည့်မြောက်ခဲ့သည့် မိုဒရစ်သည် မက်ဆီနဲ့စီရော်နယ်ဒိုတို့နှစ်ဦး (၁၀) နှစ်ကြာလွှမ်းမိုးထားခဲ့သည့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကိုလည်း ရယူနိုင်ခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ်အသင်းရဲ့ (၃) နှစ်ဆက် ချန်ပီယံလိဂ်အောင်ပွဲအတွက် အဓိက ခြေစွမ်းပြခဲ့သလို ပြီးခဲ့သည့် (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ခရိုအေးရှားအသင်းကို ဗိုလ်လုပွဲအဆင့်အထိ တက်ရောက်နိုင်အောင် အကောင်းဆုံး ဦးဆောင်နိုင်ခဲ့ပါတယ်။

Soshwe ရဲ့ ဘောလုံးပရိသတ်ကြီးရော လက်ခံကြရဲ့လား…..

အခြား ဘယ်သူတွေကို Recommend ပေးချင်သေးလဲ…

Comment မှာ ရေးသွားပေးနော် . . . .

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ရိုနယ်ဒိုနဲ့ ရုပ်ချင်းဆင်တဲ့အမျိုးသား ပေါ်ထွက်လာ။

အသက် ၂၅ နှစ်အရွယ် ဟောင်ကောင်ဘောလုံးသမား အော်မက်တ်သရူး အယ်လီယက် (မက်တ် အော်) ဟာ အခုလက်ရှိမှာတော့ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့စိတ်ဝင်စားမှုကို ရရှိနေပါတယ်။ မကြာသေးခင်က AFC Asian …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro