Breaking News

ရှိတယ်လို့တောင် မထင်ရတဲ့ လုပ်ခလစာကောင်းမွန်သည့် အလုပ်အကိုင် (၁၂) မျိုး။

ဘယ်လို အသက်မွေးဝမ်းကျောင်းအလုပ်များက လစာမြင့်မားသည့် အလုပ်များဟု ထင်ပါသလဲ ? ? ? ယခုပြောပြသွားမည့် အလုပ်အကိုင်များထဲမှာလည်း သူငယ်ချင်းတို့ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်အကိုင်များလည်း ပါဝင်နေပါသလား ? ? ? ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ ကျွန်တော်တို့အနေနဲ့ လုပ်ငန်းခွင်အတွင်း စိတ်ကျေနပ်မှုရရှိစေရန်အတွက် နည်းပါးသည့် လုပ်ခလစာကို လက်သင့်ခံနိုင်ရန်လည်း လိုအပ်ပါသေးတယ်။ အခုဆက်လက်ဖော်ပြပေးမှာကတော့ ကမ္ဘာတစ်ဝှမ်း ရှိတယ်လို့တောင် မထင်မှတ်ထားတဲ့ လုပ်ခလစာကောင်းမွန်တဲ့ အလုပ်အကိုင်တွေကို Soshwe စာဖတ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။

 

၁၂။ Crossword Constructor

သင့်အနေနဲ့ ရှုပ်ထွေးသည့် Puzzle ဂိမ်းများကို အနိုင်ကစားပြီးနောက် ပိုမိုကောင်းမွန်သည့် Puzzle များကို ဖန်တီးရန် စဉ်းစားခဲ့ဖူးပါသလား။ ယခုကဲ့သို့ Puzzle ဂိမ်းများကို ဖန်တီးရေးဆွဲပြီး Puzzle ဂိမ်းတစ်ခုလျှင် ဒေါ်လာ (၁,၀၀၀) နဲ့ အထက်ဝင်ငွေရရှိနိုင်ခြင်းကြောင့် အကျိုးအမြတ်များပြားသည့် လုပ်ငန်းတစ်ခုဖြစ်ပေမယ့် အဆိုပါ Puzzle များကို ရောင်းချနိုင်ရန်အတွက် သင်ဖန်တီးသည့် Puzzle များအနေဖြင့် အရည်အသွေးမြင့်မားရန်လည်း လိုအပ်ပါတယ်။

 

၁၁။ Food Stylist

တစ်နှစ်လျှင် ဝင်ငွေ ဒေါ်လာ (၄၃,၀၀၀) နဲ့ အထက်ရရှိနိုင်သည့် အသက်မွေးဝမ်းကျောင်းတစ်ခုဖြစ်ပြီး အစားအသောက်နဲ့ ပတ်သက်သည့် ဓာတ်ပုံများရိုက်ကူးခြင်းတို့၌လည်း တီထွင်ဆန်းသစ်သည့် အိုင်ဒီယာများရှိနေရန် လိုအပ်ပါတယ်။ သင့်အနေနဲ့ အစားအသောက်မဂ္ဂဇင်းများ (သို့မဟုတ်) အစားအသောက်စက်ရုံများရဲ့ ပစ္စည်းထုပ်ပိုးမှု၊ စျေးကွက်ထိုးဖောက်ခြင်းနဲ့ ပတ်သက်သည့် နေရာများ၌လည်း အလုပ်အကိုင်ရှာဖွေနိုင်ပါတယ်။

 

၁၀။ A Stunt Person

ရုပ်ရှင်ဇာတ်လမ်းများအတွင်း၌ ပါဝင်သည့် စတန့်ပြကွက်များတွင် ဘေးအန္တရာယ်ကင်းရှင်းရေးသည် စတန့်ပြမည့် မင်းသားအပေါ်၌ မူတည်လျက်ရှိပြီး စတန့်မင်းသားတစ်ယောက်ရဲ့ တစ်နှစ်ပျမ်းမျှလစာသည် ဒေါ်လာ (၇) သောင်းလည်း ဖြစ်ပါတယ်။

 

၉။ Disney Character

သင့်အနေနဲ့ Disney ဇာတ်ကောင်များကို ကြိုက်နှစ်သက်သည်ဆိုပါက သူတို့ရဲ့ အပန်းဖြေကစားကွင်းများ၌ သင့်အတွက် အလုပ်အကိုင်တစ်နေရာရှာဖွေနိုင်ပါတယ်။ အလုုပ်စဝင်သည့် ကာလ၌ တစ်နှစ်လုပ်ခ ဒေါ်လာ (၂၇,၀၀၀) သာရရှိနိုင်သည်ဆိုပေမယ့် လိုအပ်သည့်အရည်အချင်းများနဲ့ အတွေ့အကြုံမရှိသူတစ်ယောက်အတွက် အဆိုပါပမာဏမှာ မနည်းလွန်းသည့် လုပ်ခလစာပမာဏလည်း ဖြစ်ပါတယ်။

 

၈။ Ice Cream Taster

သင့်အနေနဲ့ ရေခဲမုန့်များကို မြည်းစမ်းရင်းဖြင့် လစာရနိုင်ကြောင်း စဉ်းစားခဲ့ဖူးပါသလား၊။ အဆိုပါ အသက်မွေးဝမ်းကျောင်းကို လူအနည်းစုသာ လုပ်ကိုင်နိုင်ကြပြီး တစ်နှစ်လုပ်ခ ဒေါ်လာ (၁) သိန်းနဲ့အထက်တွင် ရှိကြောင်းလည်း သိရှိရပါတယ်။ Ice Cream Taster တစ်ယောက်အနေဖြင့် အရောင်၊ အရသာ၊ အရောအနှောတို့နဲ့ ပတ်သက်၍လည်း အရသာအသစ်၊ ထုတ်ကုန်အသစ်များရရှိရန်အတွက်လည်း တာဝန်ယူထားရပါတယ်။

 

၇။ Video Game Player

လူတိုင်းကြိုက်နှစ်သက်ကြမည့် အလုပ်အကိုင်တစ်ခုလည်းဖြစ်ပါတယ်။ နောက်ဆုံးထွက်ဂိမ်းများကို စမ်းသပ်ကစားပြီး ခက်ခဲမှု Rating သတ််မှတ်ပေးရန် လိုအပ်ကာ လခအနေဖြင့် ဒေါ်လာ (၅) သောင်းအထိရရှိနိုင်မည်လည်း ဖြစ်ပါတယ်။ ကောင်းမွန်သည့် လစာရရှိမည်ဖြစ်သည့်အပြင် ဂိမ်းကုမ္ပဏီများမှ တီထွင်သည့် ဂိမ်းများရဲ့ ကော်ပီခွေများကိုလည်း စမ်းသပ်ကစားပေးရန်အတွက် ရရှိနိုင်ပါတယ်။

 

၆။ Voice Over Artist

သင့်အနေဖြင့် ကြည်လင်ပြတ်သားပြီး သာယာနာပျော်ဖွယ်ကောင်းတဲ့ အသံကို ပိုင်ဆိုင်ထားမည်ဆိုပါက ထိပ်တန်းအလုပ်အကိုင်ကောင်းတစ်ခုကို ရရှိနိုင်မည်ဖြစ်ပါတယ်။ အဓိကအားဖြင့် Animation ဇာတ်ကောင်များရဲ့ အသံပိုင်းကို သရုပ်ဆောင်ပေးရမည်ဖြစ်ပြီး ကြေညာချက်များ၊ ရေဒီယိုနဲ့ Audio စာအုပ်များကို အသံသွင်းမှတ်တမ်းတင်ရခြင်းများကို လုပ်ဆောင်ပေးရမည်ဖြစ်ပါတယ်။ အတွေ့အကြုံအပေါ်မူတည်၍ တစ်နာရီလျှင် ဒေါ်လာ (၂၀) မှ ဒေါ်လာ (၂၀၀) အထိရရှိနိုင်ပါတယ်။

 

၅။ Blimp Pilot

အဆိုပါ Blimp များကို မောင်းနှင်သည့် Pilot များအနေဖြင့် အတွေ့အကြုံအပေါ်မူတည်၍ တစ်နှစ်လျှင် ဒေါ်လာ (၂၄,၀၀၀) မှ ဒေါ်လာ (၇၀,၀၀၀) အထိရရှိနိုင်မည်လည်း ဖြစ်ပါတယ်။ Blimp များကို မောင်းနှင်ရန်အတွက် အဆိုပါ Blimp နဲ့ ပတ်သက်သည့် Pilot လိုင်စင်လိုအပ်ပြီး လိုင်စင်နဲ့ ပတ်သက်၍လည်း စည်းကမ်းတင်းကြပ်မှုများရှိပါတယ်။

 

၄။ Private Island Caretaker

အပူပိုင်းဒေသရှိ ကျွန်းတစ်ကျွန်းသို့ (၆) လခန့် သွားရောက်နေထိုင်ပြီး ယခုကဲ့သို့ နေထိုင်ရခြင်းအတွက် ဝင်ငွေရရှိမည်ဟု စိတ်ကူးယဉ်ကြည့်ဖူးပါသလား။ အဆိုပါအလုပ်သည် Private Island Caretaker များရဲ့ အလုပ်တာဝန်ပင်ဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုပါ တာဝန်များသည် တဖြည်းဖြည်း အရေးပါလာခဲ့ပြီး လုပ်ခအားဖြင့် ဒေါ်လာ (၁၅၀,၀၀၀) အထိ ရရှိနိုင်ပါတယ်။

 

၃။ Ethical Hacker

Hacking လုပ်ခြင်းက သင့်ရဲ့ ဘဝတစ်ခုသဖွယ်ဖြစ်နေမည်ဆိုပါက တစ်နှစ်လုပ်ခ ဒေါ်လာ (၁၃၀,၀၀၀) အထိရရှိနိုင်သည့် အဆိုပါ လုပ်ငန်းသည် သင့်အတွက် ကြီးမားသည့် အခွင့်အရေးတစ်ခုပင်ဖြစ်ပါတယ်။ တရားဝင် Hacking လုပ်ငန်းတစ်ခုအဖြစ် လူသိများသည့် အဆိုပါ လုပ်ငန်းကို ကုမ္ပဏီများက သူတို့ရဲ့ အားနည်းချက်များကို ပြန်လည်သိရှိစေရန် အလို့ငှာ ယခုကဲ့သို့ Hacker များကို အသုံးပြုပြီး ကုမ္ပဏီရဲ့စနစ်များကို ပြန်လည် Hack စေခြင်းလည်း ဖြစ်ပါတယ်။

 

၂။ Toy Designer

အရုပ်ဒီဇိုင်နာဆိုသည်မှာ တီထွင်ခဲ့ပြီးသား အရုပ်များရဲ့ ဒီဇိုင်းအရည်အသွေးများ တိုးတက်စေရန် ဆောင်ရွက်ရသလို ကုန်ပစ္စည်းအသစ်များကိုလည်း ကလေးငယ်များနဲ့ မိဘများအတွက် တီထွင်ဖန်တီးပေးရပါတယ်။ တစ်နှစ်လုပ်ခ ဒေါ်လာ (၄) သောင်းဝန်းကျင်ရရှိပြီး မိခင်များရဲ့ စိတ်နှလုံးကို လွှမ်းမိုးနိုင်ခြင်း၊ ရိုက်ခတ်မှုအားကောင်းသည့် အရုပ်များအား ထုတ်လုပ်နိုင်ခြင်းများကို စွမ်းဆောင်နိုင်မည်ဆိုပါက ဒေါ်လာ (၁) သိန်းနဲ့အထက်ပမာဏပင် ရရှိနိုင်မည်ဖြစ်ပါတယ်။

 

၁။ Fortune Cookie Slogan Writers

ကံကြမ္မာနဲ့ ပတ်သက်သည့် ဆောင်ပုဒ်များရေးသားရသည့် အဆိုပါ အလုပ်သည် လစာအားဖြင့် ဒေါ်လာ (၄) သောင်းမှ (၆) သောင်းအထိ ရရှိနိုင်ပေမယ့် နှစ်သက်ဖွယ်ရာကောင်းသည့် အလုပ်တစ်ခုမဟုတ်ကြောင်းလည်း ဆိုကြပါတယ်။

<Unicode Version>

 

 

 

ရွိတယ္လို႕ေတာင္ မထင္ရတ့ဲ လုပ္ခလစာေကာင္းမြန္သည့္ အလုပ္အကိုင္ (၁၂) မ်ိဳး။

ဘယ္လို အသက္ေမြးဝမ္းေက်ာင္းအလုပ္မ်ားက လစာျမင့္မားသည့္ အလုပ္မ်ားဟု ထင္ပါသလဲ ? ? ? ယခုေျပာျပသြားမည့္ အလုပ္အကိုင္မ်ားထဲမွာလည္း သူငယ္ခ်င္းတို႕ လက္ရွိလုပ္ကိုင္ေနတ့ဲ အလုပ္အကုိင္မ်ားလည္း ပါဝင္ေနပါသလား ? ? ? ဒါေပမယ့္ တစ္ခါတစ္ရံမွာေတာ့  ကၽြန္ေတာ္တုိ႔အေနနဲ႔ လုပ္ငန္းခြင္အတြင္း စိတ္ေက်နပ္မႈရရွိေစရန္အတြက္ နည္းပါးသည့္ လုပ္ခလစာကုိ လက္သင့္ခံႏုိင္ရန္လည္း လုိအပ္ပါေသးတယ္။ အခုဆက္လက္ေဖာ္ျပေပးမွာကေတာ့ ကမာၻတစ္ဝွမ္း ရွိတယ္လို႕ေတာင္ မထင္မွတ္ထားတ့ဲ လုပ္ခလစာေကာင္းမြန္တ့ဲ အလုပ္အကိုင္ေတြကို Soshwe စာဖတ္ပရိသတ္ေတြအတြက္ ေဖာ္ျပေပးလိုက္ရပါတယ္။

 

၁၂။ Crossword Constructor

သင့္အေနနဲ႔ ရႈပ္ေထြးသည့္ Puzzle ဂိမ္းမ်ားကို အႏုိင္ကစားၿပီးေနာက္ ပိုမိုေကာင္းမြန္သည့္ Puzzle မ်ားကို ဖန္တီးရန္ စဥ္းစားခ့ဲဖူးပါသလား။ ယခုက့ဲသုိ႔ Puzzle ဂိမ္းမ်ားကို ဖန္တီးေရးဆြဲၿပီး Puzzle ဂိမ္းတစ္ခုလွ်င္ ေဒၚလာ (၁,၀၀၀) နဲ႔ အထက္ဝင္ေငြရရွိႏိုင္ျခင္းေၾကာင့္ အက်ိဳးအျမတ္မ်ားျပားသည့္ လုပ္ငန္းတစ္ခုျဖစ္ေပမယ့္ အဆုိပါ Puzzle မ်ားကုိ ေရာင္းခ်ႏုိင္ရန္အတြက္ သင္ဖန္တီးသည့္ Puzzle မ်ားအေနျဖင့္ အရည္အေသြးျမင့္မားရန္လည္း လုိအပ္ပါတယ္။

 

၁၁။ Food Stylist

တစ္ႏွစ္လွ်င္ ဝင္ေငြ ေဒၚလာ (၄၃,၀၀၀) နဲ႔ အထက္ရရွိႏုိင္သည့္ အသက္ေမြးဝမ္းေက်ာင္းတစ္ခုျဖစ္ၿပီး အစားအေသာက္နဲ႔ ပတ္သက္သည့္ ဓာတ္ပံုမ်ားရုိက္ကူးျခင္းတုိ႔၌လည္း တီထြင္ဆန္းသစ္သည့္ အုိင္ဒီယာမ်ားရွိေနရန္ လိုအပ္ပါတယ္။ သင့္အေနနဲ႔ အစားအေသာက္မဂၢဇင္းမ်ား (သို႔မဟုတ္) အစားအေသာက္စက္ရံုမ်ားရဲ႕ ပစၥည္းထုပ္ပိုးမႈ၊ ေစ်းကြက္ထုိးေဖာက္ျခင္းနဲ႔ ပတ္သက္သည့္ ေနရာမ်ား၌လည္း အလုပ္အကိုင္ရွာေဖြႏုိင္ပါတယ္။

 

၁၀။ A Stunt Person

ရုပ္ရွင္ဇာတ္လမ္းမ်ားအတြင္း၌ ပါဝင္သည့္ စတန္႔ျပကြက္မ်ားတြင္ ေဘးအႏၱရာယ္ကင္းရွင္းေရးသည္ စတန္႔ျပမည့္ မင္းသားအေပၚ၌ မူတည္လ်က္ရွိၿပီး စတန္႔မင္းသားတစ္ေယာက္ရဲ႕ တစ္ႏွစ္ပ်မ္းမွ်လစာသည္ ေဒၚလာ (၇) ေသာင္းလည္း ျဖစ္ပါတယ္။

 

၉။ Disney Character

သင့္အေနနဲ႔ Disney ဇာတ္ေကာင္မ်ားကုိ ႀကိဳက္ႏွစ္သက္သည္ဆုိပါက သူတို႔ရဲ႕ အပန္းေျဖကစားကြင္းမ်ား၌ သင့္အတြက္ အလုပ္အကုိင္တစ္ေနရာရွာေဖြႏုိင္ပါတယ္။ အလုုပ္စဝင္သည့္ ကာလ၌ တစ္ႏွစ္လုပ္ခ ေဒၚလာ (၂၇,၀၀၀) သာရရွိႏုိင္သည္ဆုိေပမယ့္ လုိအပ္သည့္အရည္အခ်င္းမ်ားနဲ႔ အေတြ႔အႀကံဳမရွိသူတစ္ေယာက္အတြက္ အဆုိပါပမာဏမွာ မနည္းလြန္းသည့္ လုပ္ခလစာပမာဏလည္း ျဖစ္ပါတယ္။

 

၈။ Ice Cream Taster

သင့္အေနနဲ႔ ေရခဲမုန္႔မ်ားကို ျမည္းစမ္းရင္းျဖင့္ လစာရႏုိင္ေၾကာင္း စဥ္းစားခ့ဲဖူးပါသလား၊။ အဆုိပါ အသက္ေမြးဝမ္းေက်ာင္းကို လူအနည္းစုသာ လုပ္ကုိင္ႏုိင္ၾကၿပီး တစ္ႏွစ္လုပ္ခ ေဒၚလာ (၁) သိန္းနဲ႔အထက္တြင္ ရွိေၾကာင္းလည္း သိရွိရပါတယ္။ Ice Cream Taster တစ္ေယာက္အေနျဖင့္ အေရာင္၊ အရသာ၊ အေရာအေႏွာတုိ႔နဲ႔ ပတ္သက္၍လည္း အရသာအသစ္၊ ထုတ္ကုန္အသစ္မ်ားရရွိရန္အတြက္လည္း တာဝန္ယူထားရပါတယ္။

 

၇။ Video Game Player

လူတုိင္းႀကိဳက္ႏွစ္သက္ၾကမည့္ အလုပ္အကိုင္တစ္ခုလည္းျဖစ္ပါတယ္။ ေနာက္ဆံုးထြက္ဂိမ္းမ်ားကို စမ္းသပ္ကစားၿပီး ခက္ခဲမႈ Rating သတ္္မွတ္ေပးရန္ လုိအပ္ကာ လခအေနျဖင့္ ေဒၚလာ (၅) ေသာင္းအထိရရွိႏုိင္မည္လည္း ျဖစ္ပါတယ္။ ေကာင္းမြန္သည့္ လစာရရွိမည္ျဖစ္သည့္အျပင္ ဂိမ္းကုမၸဏီမ်ားမွ တီထြင္သည့္ ဂိမ္းမ်ားရဲ႕ ေကာ္ပီေခြမ်ားကိုလည္း စမ္းသပ္ကစားေပးရန္အတြက္ ရရွိႏုိင္ပါတယ္။

 

၆။ Voice Over Artist

သင့္အေနျဖင့္ ၾကည္လင္ျပတ္သားၿပီး သာယာနာေပ်ာ္ဖြယ္ေကာင္းတ့ဲ အသံကုိ ပိုင္ဆုိင္ထားမည္ဆုိပါက ထိပ္တန္းအလုပ္အကိုင္ေကာင္းတစ္ခုကို ရရွိႏုိင္မည္ ျဖစ္ပါတယ္။ အဓိကအားျဖင့္ Animation ဇာတ္ေကာင္မ်ားရဲ႕ အသံပိုင္းကုိ သရုပ္ေဆာင္ေပးရမည္ျဖစ္ၿပီး ေၾကညာခ်က္မ်ား၊ ေရဒီယိုနဲ႔ Audio စာအုပ္မ်ားကို အသံသြင္းမွတ္တမ္းတင္ရျခင္းမ်ားကို လုပ္ေဆာင္ေပးရမည္ျဖစ္ပါတယ္။ အေတြ႔အႀကံဳအေပၚမူတည္၍ တစ္နာရီလွ်င္ ေဒၚလာ (၂၀) မွ ေဒၚလာ (၂၀၀) အထိရရွိႏုိင္ပါတယ္။

 

၅။ Blimp Pilot

အဆုိပါ Blimp မ်ားကုိ ေမာင္းႏွင္သည့္ Pilot မ်ားအေနျဖင့္ အေတြ႔အႀကံဳအေပၚမူတည္၍ တစ္ႏွစ္လွ်င္ ေဒၚလာ (၂၄,၀၀၀) မွ ေဒၚလာ (၇၀,၀၀၀) အထိ ရရွိႏိုင္မည္လည္း ျဖစ္ပါတယ္။ Blimp မ်ားကို ေမာင္းႏွင္ရန္အတြက္ အဆုိပါ Blimp နဲ႔ ပတ္သက္သည့္ Pilot လိုင္စင္လုိအပ္ၿပီး လိုင္စင္နဲ႔ ပတ္သက္၍လည္း စည္းကမ္းတင္းၾကပ္မႈမ်ားရွိပါတယ္။

 

၄။ Private Island Caretaker

အပူပုိင္းေဒသရွိ ကြ်န္းတစ္ကြ်န္းသို႔ (၆) လခန္႔ သြားေရာက္ေနထိုင္ၿပီး ယခုက့ဲသို႔ ေနထုိင္ရျခင္းအတြက္ ဝင္ေငြရရွိမည္ဟု စိတ္ကူးယဥ္ၾကည့္ဖူးပါသလား။ အဆုိပါအလုပ္သည္ Private Island Caretaker မ်ားရဲ႕ အလုပ္တာဝန္ပင္ျဖစ္ပါတယ္။ ခရီးသြားလုပ္ငန္းမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အဆိုပါ တာဝန္မ်ားသည္ တျဖည္းျဖည္း အေရးပါလာခ့ဲၿပီး လုပ္ခအားျဖင့္ ေဒၚလာ (၁၅၀,၀၀၀) အထိ ရရွိႏုိင္ပါတယ္။

 

၃။ Ethical Hacker

Hacking လုပ္ျခင္းက သင့္ရဲ႕ ဘဝတစ္ခုသဖြယ္ျဖစ္ေနမည္ဆုိပါက တစ္ႏွစ္လုပ္ခ ေဒၚလာ (၁၃၀,၀၀၀) အထိရရွိႏုိင္သည့္ အဆုိပါ လုပ္ငန္းသည္ သင့္အတြက္ ႀကီးမားသည့္ အခြင့္အေရးတစ္ခုပင္ျဖစ္ပါတယ္။ တရားဝင္ Hacking လုပ္ငန္းတစ္ခုအျဖစ္ လူသိမ်ားသည့္ အဆုိပါ လုပ္ငန္းကို ကုမၸဏီမ်ားက သူတို႔ရဲ႕ အားနည္းခ်က္မ်ားကို ျပန္လည္သိရွိေစရန္ အလုိ႔ငွာ ယခုက့ဲသုိ႔ Hacker မ်ားကို အသံုးျပဳၿပီး ကုမၸဏီရဲ႕စနစ္မ်ားကုိ ျပန္လည္ Hack ေစျခင္းလည္း ျဖစ္ပါတယ္။

 

၂။ Toy Designer

အရုပ္ဒီဇိုင္နာဆုိသည္မွာ တီထြင္ခ့ဲၿပီးသား အရုပ္မ်ားရဲ႕ ဒီဇုိင္းအရည္အေသြးမ်ား တုိးတက္ေစရန္ ေဆာင္ရြက္ရသလုိ ကုန္ပစၥည္းအသစ္မ်ားကိုလည္း ကေလးငယ္မ်ားနဲ႔ မိဘမ်ားအတြက္ တီထြင္ဖန္တီးေပးရပါတယ္။ တစ္ႏွစ္လုပ္ခ ေဒၚလာ (၄) ေသာင္းဝန္းက်င္ရရွိၿပီး မိခင္မ်ားရဲ႕ စိတ္ႏွလံုးကုိ လႊမ္းမုိးႏုိင္ျခင္း၊ ရိုက္ခတ္မႈအားေကာင္းသည့္ အရုပ္မ်ားအား ထုတ္လုပ္ႏုိင္ျခင္းမ်ားကို စြမ္းေဆာင္ႏုိင္မည္ဆုိပါက ေဒၚလာ (၁) သိန္းနဲ႔အထက္ပမာဏပင္ ရရွိႏုိင္မည္ျဖစ္ပါတယ္။

 

၁။ Fortune Cookie Slogan Writers

ကံၾကမၼာနဲ႔ ပတ္သက္သည့္ ေဆာင္ပုဒ္မ်ားေရးသားရသည့္ အဆုိပါ အလုပ္သည္ လစာအားျဖင့္ ေဒၚလာ (၄) ေသာင္းမွ (၆) ေသာင္းအထိ ရရွိႏိုင္ေပမယ့္ ႏွစ္သက္ဖြယ္ရာေကာင္းသည့္ အလုပ္တစ္ခုမဟုတ္ေၾကာင္းလည္း ဆုိၾကပါတယ္။

<Zawgyi Version>

 

#HM(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

About admin

Check Also

လကမ္ဘာနဲ့မားစ်ဂြိုဟ်သို့ သွားရောက်ရန်ပြင်ဆင်နေသည့် နိုင်ငံ (၇) နိုင်ငံ။

ကမ္ဘာကြီးရဲ့ အပြင်ဘက်အာကာသထဲက တခြားဂြိုဟ်မှာ သွားရောက်နေထိုင်ဖို့ဆိုတဲ့အကြောင်းကို ကမ္ဘာသူ၊ ကမ္ဘာသားတွေ စိတ်ကူးယဉ်လာခဲ့တာ အတော်ကြာပါပြီ။ ဒီအတွက်လည်း လိုအပ်တဲ့ဆန်းစစ်မှုတွေကို ဆောင်ရွက်နေကြဆဲဖြစ်ပြီး နာဆာကတော့ ၎င်းတို့ရဲ့ရည်မှန်းချက်အတိုင်း ရှာဖွေလေ့လာမှုတွေ ပြုလုပ်နေကြဆဲပါ။ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro