၁။ Jessica Alba
ယခုလအတွင်း၌ Jessica သည် သူမရဲ့ ရင်သွေးသုံးယောက်ဖြစ်သည့် Honor ၊ Haven နဲ့ Hayes တို့ သုံးဦးအားရည်စူး၍ တက်တူး (၃) ခုရေးထိုးခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Jessica သည် နက္ခတ်တာရာသင်္ကေတများကို ရေးထိုးခဲ့ခြင်းဖြစ်ပြီး Honor အတွက် Gemini သင်္ကေတ၊ Haven အတွက် Leoိံန် သင်္ကေတ နဲ့ Hayes အတွက် Capricorn သင်္ကေတများကို ရေးထိုးခဲ့ခြင်းလည်း ဖြစ်ပါတယ်။
၂။ Offset
Offset အနေနဲ့ မှန်ကြည့်လိုက်သည့်အချိန်တိုင်း Cardi B နဲ့ ရရှိခဲ့သည့် သူ့ရဲ့ ပထမဆုံးရင်သွေးငယ်ကို သတိရနေမည်လည်း ဖြစ်ပါတယ်။ Kulture Kiari ဟုအမည်ရသည့် အဆိုပါ ကလေးငယ်ရဲ့ နာမည်ကို Offset က သူ့ရဲ့ မျက်နှာပေါ်ရှိ မေးရိုးတစ်လျှောက်၌ ရေးထိုးခဲ့ခြင်းလည်းဖြစ်ပါတယ်။
၃။ Macklemore
သူ့ရဲ့ သမီးငယ်ဖြစ်သူ Sloane ရဲ့ (၁) နှစ်ပြည့် မွေးနေ့ အမှတ်တရအနေနဲ့ Macklemore က ရင်ဘတ်အပေါ်၌ Sloane ဆိုသည့် နာမည်ကို ရေးထိုးခဲ့ခြင်းလည်း ဖြစ်ပါတယ်။
၎။ Lais Ribeiro
Victoria’s Secret Model တစ်ဦးဖြစ်သည့် Lais သည် Puzzle အပိုင်းအစများပေါ်၌ ဖဲကြိုးဖြင့် ကာထားပြီး Autism ကို ရည်စူးသည့် တက်တူးကို ရေးထိုးခဲ့ခြင်းဖြစ်ကာ သူမရဲ့သားဖြစ်သူ Alexandre ကို ရည်စူးကြောင်း ပြောကြားခဲ့ပါတယ်။ ပြီးခဲ့သည့် (၂၀၁၈) ခုနှစ်အတွင်း၌ Lais က သူ့ရဲ့သားဖြစ်သူသည် လွန်ခဲ့သည့် (၅) နှစ်ခန့်မှစတင်ကာ Autism ရောဂါဝေဒနာကို ခံစားခဲ့ရကြောင်း ဖွင့်ဟပြောကြားခဲ့သလို သူမရဲ့ ပထမဆုံးတက်တူးအဖြစ် Alexandre ရဲ့နာမည်ကိုလည်း သူမရဲ့ နောက်ကျောမှာ ရေးထိုးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
၅။ David Beckham
ခန္ဓာကိုယ်အနှံ့တက်တူးများရေးထိုးရခြင်းကို ခုံမင်နှစ်သက်သည့် David Beckham သည် သူ့ရဲ့ ခန္ဓာကိုယ်ပေါ်၌ ဇနီးသည် Victoria Beckham အပါအဝင် သူ့ရဲ့ သားများဖြစ်သည့် Brooklyn၊ Romeo နဲ့ Cruz တို့ကိုရည်စူးသည့် တက်တူးများရေးထိုးခဲ့ပြီး သမီးလေးဖြစ်သည့် Harper ရေးဆွဲခဲ့သည့် ပုံလေးတစ်ပုံကိုလည်း David Beckham က သူ့ရဲ့ ညာဖက်လက်ဖဝါးပေါ်၌ ရေးထိုးခဲ့ပါတယ်။
၆။ Audrina Patridge
Audrina သည်အငယ်ဆုံးသမီးလေးဖြစ်သည့် Kirra Max ကို ရည်စူး၍ သူမရဲ့ ညာဘက်နံရိုးပေါ်၌ အမှတ်တရ တက်တူးတစ်ခုကို ရေးထိုးခဲ့ပါတယ်။
၇။ Daz Shepard
ပုံမှန်အားဖြင့် လက်ထပ်လက်စွပ်ဝတ်ဆင်ရသည့် ဘယ်ဘက်လက်သူကြွယ်ပေါ်၌ Shepard က ခေါင်းလောင်းပုံလေးတစ်ခုကို ရေးထိုးခဲ့ပြီး အဆိုပါ တက်တူးသည် သူ့ရဲ့ ဇနီးဖြစ်သူ Kristen Bell ကို ရည်စူးကြောင်းလည်း သိရှိရပါတယ်။ ဒ့ါအပြင် Shepard က ဇနီးသည်ဖြစ်သူအား ရည်ညွှန်း၍ K ဆိုသည့် စာလုံး၊ သမီးများဖြစ်ကြသည့် Lincoln နဲ့ Delta တို့အားရည်ညွှန်း၍ L နဲ့ D ဆိုသည့် စာလုံးတို့ကိုလည်း တက်တူးအဖြစ် ရေးထိုးခဲ့ပါသေးတယ်။
၈။ Drew Barrymore
ကလေးနှစ်ယောက်ရဲ့ မိခင်ဖြစ်သည့် Barrymore သည် သူမရဲ့ သမီးငယ်နှစ်ယောက်ဖြစ်သည့် Frankie နဲ့ Olive တို့ရဲ့ နာမည်များကို သူမရဲ့ ညာဘက်လက်ကောက်ဝတ် အတွင်းပိုင်း၌ တက်တူးအဖြစ် ရေးထိုးခဲ့ပါတယ်။
၉။ Jenni ‘Jwoww’ Farley and Roger Mathews
သူတို့ နှစ်ယောက်ရဲ့ သမီးငယ်လေးကို ကြိုဆိုသောအားဖြင့် Roger က သူ့ရဲ့ ဘယ်ဘက်နံရိုးပေါ်၌ သမီးငယ်လေးရဲ့ နာမည်နဲ့ ခြေရာကို ရေးထိုးခဲ့သလို Jenni ကလည်း သူမရဲ့ ဘယ်ဘက်နောက်ကျောဘက်ခြမ်း၌ Roger နဲ့ အလားတူတက်တူးမျိုးရေးထိုးခဲ့ရပါတယ်။
၁၀။ Heidi Klum
Heidi Klum သည်လည်း ရင်သွေးငယ်များရဲ့ နာမည်အစစာလုံးများကို ကြယ်အတွင်း၌ ထည့်သွင်းပြီး သူမရဲ့ လက်ဖျံပေါ်၌ တက်တူးအဖြစ် ရေးထိုးခဲ့ပါတယ်။ Klum ရဲ့ ခင်ပွန်းဟောင်းဖြစ်သူ Seal သည်လည်း Klum နဲ့ အလားတူတက်တူးမျိုးရေးထိုးခဲ့သေးပေမယ့် (၂၀၁၃) ခုနှစ်က လင်မယားကွာရှင်းပြတ်စဲခဲ့ပြီးသည့်နောက်တွင်မူ Seal က အဆိုပါတက်တူးများကို ဖျက်ပစ်ခဲ့ပါတယ်။
၁၁။ Johnny Depp
နာမည်ကျော်မင်းသားကြီးတစ်ဦးဖြစ်သည့် Johnny Depp သည်လည်း သူ့ရဲ့ သမီးဖြစ်သူ Lily- Rose ရဲ့ နာမည်ကို သူ့ရဲ့ ဘယ်ဘက်ရင်အုပ်ပေါ်တွင်ရေးထိုးထားသလို သူ့ရဲ့လက်ဖျံပေါ်၌လည်း ပျံသန်းနေသည့် ငှက်တစ်ကောင်ရဲ့ ပုံရိပ်ကို သားဖြစ်သူ Jack အား ရည်စူး၍ တက်တူးအဖြစ် ရေးထိုးခဲ့ပါသေးတယ်။
၁၂။ Angelina Jolie
ပြီးခဲ့သည့် (၂၀၀၃) ခုနှစ်က Billy Bob Thornton နဲ့ ကွာရှင်းခဲ့ပြီးနောက် Jolie သည် သူမရဲ့လက်မောင်းပေါ်မှ ခင်ပွန်းသည်ရဲ့နာမည်နဲ့တက်တူးကို ဖျက်ပစ်ခဲ့ပြီး အဆိုပါနေရာ၌ပင် သူမမိသားစုဝင်များရဲ့ မွေးဖွားရာနေရာများကို တက်တူးအဖြစ် လတ်တီကျူဒ်၊ လောင်ဂျီကျူဒ် အတိအကျ ရေးထိုးခဲ့ပါတယ်။
၁၃။ Julia Roberts
အရှက်အကြောက်ကြီးသည့် Julia သည် သူမရဲ့ ခင်ပွန်းသည်နဲ့ ကလေးသုံးယောက်ဖြစ်သည့် Hazel ၊ Phinnaeus နဲ့ Henry တို့အားရည်စူး၍ ခန္ဓာကိုယ်ပေါ်၌ တက်တူးရေးထိုးထားကြောင်း ဖွင့်ဟဝန်ခံထားပါတယ်။
#HM(Soshwe)
#SoshweCelebrities
#SoshweForYourDailyLife
#Like&Share