HomeEntertainmentမကြာခင် အဆုံးသတ်တော့မည့် Supernatural ဇာတ်လမ်းတွဲ။

မကြာခင် အဆုံးသတ်တော့မည့် Supernatural ဇာတ်လမ်းတွဲ။

- Advertisement -

“Dad’s on a hunting trip, and he hasn’t been home in a few days” ဆိုသည့်စကားသည် လွန်ခဲ့သည့် (၁၄) နှစ်ခန့်၊ ကာလအားဖြင့် (၂၀၀၅) ခုနှစ် အချိန်၌ပရိသတ်များအကြား အထူးရေပန်းစားခဲ့သည့် စကားတစ်ခွန်းလည်း ဖြစ်ခဲ့ပါတယ်။ Jared Padalecki နဲ့ Jensen Ackles တို့ ညီအစ်ကိုနှစ်ဦး စတင်ပါဝင်သရုပ်ဆောင်ခဲ့သည့် အဆိုပါ Supernatural ဇာတ်လမ်းတွဲသည် စတင်ပြသသည့်အချိန်မှစ၍ Jared နဲ့ Jensen တို့ ညီအစ်ကိုနှစ်ဦးသည် Monster များ၊ မကောင်းဆိုးဝါးများနဲ့ တိုက်ခိုက်ခဲ့ရပြီး လက်ရှိအချိန်အထိလည်း တိုက်ခိုက်နေရဆဲဖြစ်ပါတယ်။

Season 4 မှစတင်ကာ Misha Collins လည်း ပါဝင်သရုပ်ဆောင်ခဲ့သည့် Supernatural ဇာတ်လမ်းတွဲသည် CW ရဲ့ အရှည်ဆုံး ဇာတ်လမ်းတွဲလည်း ဖြစ်လာခဲ့ပါတယ်။ လက်ရှိအချိန်တွင် Season 14 အထိ ရောက်ရှိလာခဲ့ပြီဖြစ်သည့် ယခုထွက်ရှိလာမည့် Season 15 သည် Supernatural ရဲ့ နောက်ဆုံး အဆုံးသတ်ဇာတ်လမ်းဖြစ်လာခဲ့ပြီလို့ သိရှိရပါတယ်။

အားပေးသူပရိသတ်အခိုင်အမာရရှိထားသည့် အဆိုပါ Supernatural ဇာတ်လမ်းတွဲကြီး အဆုံးသတ်တော့မည့် အကြောင်းနဲ့ ပတ်သက်၍ ခံစားချက်များကို ဖွင့်ဟထားသည့် ဗီဒီယိုတစ်ခုကိုလည်း Jared က သူ့ရဲ့ Twitter စာမျက်နှာမှတစ်ဆင့် ပရိသတ်တွေထံ မျှဝေခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုထဲ၌ Jensen က “ကျွန်တော်တို့ အနေနဲ့ အခု Supernatural ဇာတ်ကားကြီးက Season 15 အထိ ရောက်ရှိလာခဲ့ပြီဖြစ်တဲ့အတွက် စိတ်လှုပ်ရှားနေပေမယ့် ဒီတစ်ခါ Season က နောက်ဆုံးအပိုင်းပါပဲ။” ဟု Jensen က ပြောကြားခဲ့ပါတယ်။

Jared ကလည်း “ကျွန်တော်တို့ မျက်ရည်တွေကျခဲ့တယ်။ နောက်ထပ်လည်း ငိုကြွေးဖြစ်ကြဦးမှာပါ။”  ဟုပြောကြားခဲ့သလို Misha ကလည်း “ငါမင်းတို့ကို ချစ်ပါတယ် သူငယ်ချင်းတို့။ အခုဒီဇာတ်လမ်းကြီး ပြီးဆုံးသွားပြီဖြစ်ပေမယ့် ဒီမိသားစုတွေကတော့ ဘယ်တော့မှ ခွဲခွာသွားမှာ မဟုတ်ပါဘူး။” ဟုလည်း ပြောကြားသွားခဲ့ပါသေးတယ်။

- Advertisement -

အဆိုပါ Supernatural ဇာတ်လမ်းကို ဖန်တီးခဲ့သည့် Erik Kripke ရဲ့ကိုယ်စားအနေနဲ့လည်း Jensen က “ဒီမိသားစုက တကယ်ကို အံ့အားသင့်ဖွယ်ရာကောင်းတဲ့ မိသားစုတစ်ခုဖြစ်ပြီး ဒီလူတွေနဲ့ မိသားစုဖြစ်ခဲ့ရတာက ဘဝရဲ့ ဂုဏ်ယူစရာပါပဲ။” ဟုလည်း ထပ်လောင်း ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

Supernatural ပရိသတ်ကြီးရဲ့ အကြိုက်ဆုံးအခန်းတွေ၊ Season တွေ ရှိရင်လည်း ဝေမျှပေးသွားပါဦးနော် . . .

- Advertisement -

 

#HM(Soshwe)

#SoshweEntertainment

#SoshweForyourDailyLife

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

seven + 9 =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...