Breaking News

နွေရာသီ၌ ယူနိုက်တက်အသင်းကို စွန့်ခွာဖွယ်ရှိနေသည့် ကွင်းလယ်ကစားသမား (၂) ယောက်။

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားနှစ်ဦးဖြစ်သူ မာတာ နဲ့ ဟာရဲရားတို့သည် လာမည့် နွေရာသီ အပြောင်းအရွှေ့၌ အသင်းကို စွန့်ခွာသွားဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ပါတယ်။ အဆိုပါ ကစားသမားနှစ်ယောက်သည် ယခုနှစ် ဘောလုံးရာသီအကုန်၌ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဟာရဲရားမှာမူ ပြင်သစ်ထိပ်သီးကလပ် PSG အသင်းသို့ ပြောင်းရွှေ့ရန်အတွက် သတင်းများ ကျယ်လောင်စွာ ထွက်ပေါ်လျက်ရှိပါတယ်။

ဟာရဲရားသည် ပြီးခဲ့သည့် ဒီဇင်ဘာလ၌ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြဖြစ်လာသည့် ဆိုးလ်ရှားရဲ့ လက်ထက်၌ အသင်းအတွက် အဓိက ကစားသမားတစ်ဦးဖြစ်လာခဲ့သော်လည်း မာတာမှာမူ လက်ရှိအချိန်အထိ ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရဆဲဖြစ်ပါတယ်။ The Mirror သတင်းစာရဲ့ ဖော်ပြချက်အရ မာတာနဲ့ဟာရဲရား နှစ်ယောက်လုံးတို့၏ အေးဂျင့်များသည် သူတို့ရဲ့ ကစားသမားများအတွက် ပိုမိုကောင်းမွန်သော ကမ်းလှမ်းမှုကို အလိုရှိနေကြပြီး ယူနိုက်တက်အသင်းကမူ အဆိုပါ အေးဂျင့်နှစ်ယောက်၏ တောင်းဆိုချက်များကို လိုက်လျောပေးနိုင်ခြင်းမရှိကြောင်းလည်း သိရှိရပါတယ်။

မာတာကို ခေါ်ယူရန် အာဆင်နယ်အသင်းအပါအဝင် အခြားသော ဥရောပ ထိပ်သီးကလပ်အသင်းများက စိတ်ဝင်စားနေကြပြီး ဟာရဲရားကိုလည်း PSG အသင်းက တစ်ပတ်လုပ်ခပေါင် (၁) သိန်းခွဲဖြင့် ကမ်းလှမ်းရန် အဆင်သင့်ဖြစ်နေကြောင်းလည်း သတင်းများက ဖော်ပြခဲ့ပါတယ်။ အဆိုပါ ကစားသမားနှစ်ယောက်လုံးအနေနဲ့ ယူနိုက်တက်အသင်း၌သာ ဆက်လက်ကစားရန် ဆန္ဒရှိနေကြပြီး လက်ရှိအချိန်တွင်မူ စာချုပ်သစ်အတွက် ဆွေးနွေးမှုများ အဆင်မပြေဖြစ်ခဲ့ခြင်းကြောင်း ရာသီကုန်၌ အသင်းမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာရဖွယ်ရှိနေတဲ့ အနေအထားမျိုးဖြစ်နေပါတယ်။

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ဖလွိုက်မေဝဲလ်သာပိုင်ဆိုင်သည့် ဒေါ်လာ (၂၅) သန်းတန် စံအိမ်ကြီးအကြောင်း။

လက်ဝှေ့အကျော်အမော် မေဝဲလ်သာသည် အိမ်ခြံမြေနဲ့ ပတ်သက်သည့် စီးပွါးရေးလုပ်ငန်းများကို အလွန်အမင်းစိတ်ဝင်စားသူတစ်ဦးဖြစ်ပြီး အိမ်များကို ဝယ်ယူစုဆောင်းသည့်နေရာ၌လည်း ဝါသနာထုံသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ မက်ဂရီဂေါ်ကို အနိုင်ရရှိပြီးနောက် မေဝဲလ်သာက ကယ်လီဖိုးနီးယားရှိ သူ့ရဲ့ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro