သံပုရာသီးအစိတ်လေးတွေကို ရေနဲ့ရောပြီး သောက်နိုင်သလို မိမိကြိုက်နှစ်သက်တဲ့ အစားအသောက်တွေမှာလည်း ထည့်သွင်းအသုံးပြုလို့ရပါတယ်။ တကယ်လို့သင့်အနေနဲ့ သံပုရာသီးကို သင့်ရဲ့ နေ့စဉ်အစားအစာတွေမှာ ထည့်သွင်းအသုံးပြုမယ်ဆိုရင် မယုံကြည်နိုင်လောက်သော ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ်။
၁။ အစာချေစနစ်ကို ကောင်းမွန်စေခြင်း။
သံပုရာသီးတွေကို များသောအားဖြင့် အစာချေစနစ်ကို ကောင်းမွန်စေတယ်ဆိုပြီး လူအများက သိရှိနားလည်ပြီးသား ဖြစ်ပါတယ်။ သံပုရာရည်တစ်ခွက်ကို သောက်သုံးခြင်းဟာ အစာစုပ်ယူမှုစနစ်ကို ကောင်းမွန်စေပြီး အင်ဆူလင် ပမာဏကိုလည်း တည်ငြိမ်စေကာ အစာအာဟာရတွေကိုလည်း စုပ်ယူတဲ့နေရာမှာ အကူအညီပေးပါတယ်။ သို့သော်လည်း သံပုရာသီးဟာ အစာချေဖျက်ပေးတဲ့နေရာမှာလည်း တစ်နည်းတစ်ဖုံ ထောက်ပံ့ပေးပါတယ်။
၂။ အသားအရေကို လှပစေခြင်း။
သံပုရာသီးထဲမှာပါဝင်တဲ့ Vitamin C ဟာ အသားအရေလှပစေဖို့အတွက် အထောက်အကူပေးပါတယ်။ သံပုရာသီးတစ်လုံးမှာ Vitamin C 45 mg ပါဝင်ပြီး အသားအရေစိုပြေမှုအတွက် ၇၅ % ထောက်ပ့ံပေးပါတယ်။
၃။ ခန္ဓာကိုယ်အလေးချိန် လျှော့ချပေးဖို့အတွက် ကူညီပေးခြင်း။
တကယ်လို့သင့်အနေနဲ့ သံပုရာသီးကို ပုံမှန် သုံးဆောင်မယ်ဆိုရင် (အရည်ပဲဖြစ်ဖြစ်၊ နေ့စဉ်အစားအစာထဲတွင် ထည့်သွင်းစားသုံးခြင်းပဲဖြစ်ဖြစ်) သင့်ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ အခြားသိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ သံပုရာသီးဟာ ခန္ဓာကိုယ်အလေးချိန်မတက်လာအောင်လည်း ထိန်းသိမ်းပေးနိုင်စွမ်းရှိတယ်ဆိုပြီး ဖော်ပြထားပါတယ်။
၄။ လေဖြတ်နိုင်ချေနှုန်းကို လျှော့ချပေးခြင်း။
ချဉ်တဲ့အရသာရှိတဲ့အသီးတွေဟာ ခန္ဓာကိုယ်အလေးချိန်လျှော့ချရာမှာ အထောက်အကူပေးရုံသာမက လေဖြတ်နိုင်ချေကိုလည်း လျော့နည်းစေပါတယ်။ လေ့လာတွေ့ရှိချက်တစ်ခုအရ ချဉ်တဲ့အသီးအနှံတွေကို ပုံမှန်စားသုံးတဲ့ အမျိုးသမီးတွေဟာ အခြားသူတွေနဲ့ယှဉ်ရင် လေဖြတ်နိုင်ချေကို ၁၉ % လျော့ကျစေတယ်ဆိုပြီး ဖော်ပြထားပါတယ်။
၅။ ကျောက်တည်ခြင်းမှလည်း ကာကွယ်ပေးခြင်း။
တကယ်လို့ သင်ဟာာ ကျောက်တည်တဲ့ဝေဒနာကို ခံစားဖူးသူဆိုလျှင် ကျောက်တည်ခြင်းရဲ့ နာကျင်မှုဝေဒနာကို အသိရှိဆုံးဖြစ်မှာပါ။ အခုချိန်မှာတော့ လေ့လာတွေ့ရှိမှုရဲ့ သက်သေအထောက်အထားတွေအရ Citric Acid ဟာ ကျောက်တည်ခြင်းမဖြစ်ရလေအောင် တာဆီးပေးနိုင်ပါတယ်။
အခြားလေ့လာတွေ့ရှိမှုတစ်ခုအရ Citric Acid ဟာ ဆီးသွားဖို့အတွက် အထောက်အကူပေးသဖြင့် ဆီးကျောက်တည်ခြင်းကိုလည်း လျော့ကျစေပါတယ်။
၆။ နှလုံးကို ကာကွယ်ပေးခြင်း။
သံပုရာသီးကဲ့သို့ ချဉ်တဲ့အရသာရှိတဲ့ အသီးအနှံတွေမှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ အန်ဒီအောက်ဆီဒန့်တွေ အများအပြားပါဝင်တဲ့အတွက်ကြောင့် နှလုံးကို အထောက်အကူဖြစ်စေပါတယ်။ ဒါတွေသာမကပဲ နှလုံးနဲ့ အသည်းနဲ့ပက်သက်တဲ့ ရောဂါဝေဒနာတွေမှလည်း ကာကွယ်ပေးထားတယ်ဆိုပြီး အခြားလေ့လာတွေ့ရှိမှုများအရ သိရှိရပါတယ်။
<Unicode Version>
#soshwe
#soshwehealthandbeauty
#soshweforyourdailylife
#likeandshare