အမျိုးသားတစ်ယောက်ဟာ အဝတ်ဗလာနဲ့ လေယာဉ်စီးဖို့ကြိုးစားခဲ့တဲ့ အဖြစ်အပျက် ရုရှားနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အဝတ်အစားမပါဘဲ လေယာဉ်စီးခြင်းက သူ့ကို သက်တောင့်သက်သာဖြစ်စေတယ်ဆိုပြီး ပြောပြခဲ့ပါတယ်။
အသက် ၃၈ နှစ်အရွယ်ရှိ အမည်ထုတ်ဖော်ပြောကြားခြင်းမရှိသော အမျိုးသားတစ်ဦးဟာ မော်စကိုမှာရှိတဲ့ ဒိုမိုဒီဒိုဗို လေဆိပ်၌ သူစီးနင်းရမယ့် လေယာဉ်ဖြစ်တဲ့ Ural လေကြောင်းမှ လေယာဉ်ကို အဝတ်ဗလာအနေအထားနဲ့ လေဆိပ်မှာ စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ပါတယ်။
Moscow Times သတင်းစာရဲ့ ထုတ်ပြန်ကြေငြာချက်အရ အဆိုပါအမျိုးသားကို လေဆိပ်တံတားပေါ်၌ ရဲဝန်ထမ်းများက ထိန်းသိမ်းဖမ်းဆီးနိုင်ခဲ့ပြီး ခရီးသွားမျက်မြင်သက်သေတစ်ယောက်ရဲ့ ပြောပြချက်အရ အဆိုပါအမျိုးသားဟာ အဝတ်အစားမပါဘဲ လေယာဉ်စီးနင်းခြင်းက သူ့ကို စိတ်သက်သာရာရစေရုံသာမက လျင်မြန်သွက်လက်စေတယ်ဆိုပြီးတော့ ရဲတွေကို ပြန်ပြောပြနေခဲ့တယ်လို့ သိရှိရပါတယ်။ နောက်ဆုံး အဖမ်းခံရတဲ့အချိန်ထိ ကိုယ်လုံးတီးဖြစ်နေကာ အဝတ်အစားမပါဘဲ ဖမ်းခေါ်သွားခြင်းဖြစ်တယ်လို့လည်း သိရှိရပါတယ်။
အစပိုင်းမှာတော့ အဆိုပါအမျိုးသားဟာ လူသွားစင်္ကြန်ပေါ်မှာ ရဲတွေကို ဒူးထောက်တောင်းပန်ခဲ့ပြီး သူ့ရဲ့အဖြစ်အပျက်ကို ရှင်းပြခဲ့တယ်လို့ သိရှိရပါတယ်။ အဆိုပါ အမျိုးသားဟာ ရုရှားနိုင်ငံသားဖြစ်ပြီး Yakutsk မြို့မှဖြစ်ကာ အရက်သောက်သုံးထားခြင်း၊ ဆေးသုံးစွဲထားခြင်းလက္ခဏာတွေ မတွေ့ရဘူးလို့လည်း ဖော်ပြထားပါတယ်။
<Unicode Version>
အဝတ္ဗလာနဲ႕ ေလယာဥ္စီးရန္ ႀကိဳးစားခ့ဲတ့ဲ အမ်ိဳးသား။
အမ်ိဳးသားတစ္ေယာက္ဟာ အဝတ္ဗလာနဲ႕ ေလယာဥ္စီးဖို႕ႀကိဳးစားခ့ဲတ့ဲ အျဖစ္အပ်က္ ရုရွားႏိုင္ငံမွာ ျဖစ္ပြားခ့ဲပါတယ္။ ဘာလို႕လဲဆိုေတာ့ အဝတ္အစားမပါဘဲ ေလယာဥ္စီးျခင္းက သူ႕ကို သက္ေတာင့္သက္သာျဖစ္ေစတယ္ဆိုၿပီး ေျပာျပခ့ဲပါတယ္။
အသက္ ၃၈ ႏွစ္အရြယ္ရွိ အမည္ထုတ္ေဖာ္ေျပာၾကားျခင္းမရွိေသာ အမ်ိဳးသားတစ္ဦးဟာ ေမာ္စကိုမွာရွိတ့ဲ ဒိုမိုဒီဒိုဗို ေလဆိပ္၌ သူစီးနင္းရမယ့္ ေလယာဥ္ျဖစ္တ့ဲ Ural ေလေၾကာင္းမွ ေလယာဥ္ကို အဝတ္ဗလာအေနအထားနဲ႕ ေလဆိပ္မွာ ေစာင့္ဆိုင္းေနခ့ဲျခင္းျဖစ္ပါတယ္။
Moscow Times သတင္းစာရဲ႕ ထုတ္ျပန္ေၾကျငာခ်က္အရ အဆိုပါအမိ်ဳးသားကို ေလဆိပ္တံတားေပၚ၌ ရဲဝန္ထမ္းမ်ားက ထိန္းသိမ္းဖမ္းဆီးႏိုင္ခ့ဲၿပီး ခရီးသြားမ်က္ျမင္သက္ေသတစ္ေယာက္ရဲ႕ ေျပာျပခ်က္အရ အဆိုပါအမ်ိဳးသားဟာ အဝတ္အစားမပါဘဲ ေလယာဥ္စီးနင္းျခင္းက သူ႕ကို စိတ္သက္သာရာရေစရုံသာမက လ်င္ျမန္သြက္လက္ေစတယ္ဆိုၿပီးေတာ့ ရဲေတြကို ျပန္ေျပာျပေနခ့ဲတယ္လို႕ သိရွိရပါတယ္။ ေနာက္ဆုံး အဖမ္းခံရတ့ဲအခ်ိန္ထိ ကုိယ္လုံးတီးျဖစ္ေနကာ အဝတ္အစားမပါဘဲ ဖမ္းေခၚသြားျခင္းျဖစ္တယ္လို႕လည္း သိရွိရပါတယ္။
အစပိုင္းမွာေတာ့ အဆိုပါအမ်ိဳးသားဟာ လူသြားစႀကၤန္ေပၚမွာ ရဲေတြကို ဒူးေထာက္ေတာင္းပန္ခ့ဲၿပီး သူ႕ရဲ႕အျဖစ္အပ်က္ကို ရွင္းျပခ့ဲတယ္လို႕ သိရွိရပါတယ္။ အဆိုပါ အမ်ိဳးသားဟာ ရုရွားႏိုင္ငံသားျဖစ္ၿပီး Yakutsk ၿမိဳ႕မွျဖစ္ကာ အရက္ေသာက္သုံးထားျခင္း၊ ေဆးသုံးစြဲထားျခင္းလကၡဏာေတြ မေတြ႕ရဘူးလို႕လည္း ေဖာ္ျပထားပါတယ္။
#ST(Soshwe)
#SoshweFunny
#SoshweForYourDailyLife
#Like&Share