Louis Tomlinson အနေနဲ့ သိပ်မကြာသေးခင်တုန်းက Zayn Malik နဲ့ သူငယ်ချင်းအဖြစ်ကနေ သက်ဆိုင်မှုမရှိတော့တဲ့အကြောင်းကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
Louis အနေနဲ့ အခုလို ထုတ်ဖော်ပြောကြားခဲ့ပြီး တစ်ပတ်အကြာမှာ Zayn က Louis အမေသေဆုံးပြီးနောက်ပိုင်း သူ့ရဲ့ အသုံးမကျမှုတွေအတွက် တောင်းပန်ပါတယ်ဆိုပြီး ပြန်လည်ပြောဆိုခဲ့ပါတယ်။ လွန်ခဲ့တဲ့ရက်အချို့က အသက် ၂၆ နှစ်အရွယ် Zayn မှ သူ့ရဲ့ တွစ်တာစာမျက်နှာမှာ “ ကျွန်တော် အသုံးမကျတဲ့သူတစ်ယောက် ဖြစ်ခဲ့ရတဲ့အတွက် တောင်းပန်ပါတယ် . . .” ဆိုပြီး ရေးသားခဲ့ပါတယ်။ (အခုချိန်မှာတော့ Zayn အနေနဲ့ ဒီ ပို့စ်ကို ဖျက်ပစ်လိုက်င်္ပြီဖြစ်ပါတယ် . . .)
သူတို့နှစ်ယောက်အကြား မပြေမလည်ဖြစ်နေရတဲ့အကြောင်းအရင်းမှာ Louis ရဲ့ အမေသေဆုံးပြီးနောက်ပိုင်း သူ့ရဲ့ X Factor ဖျော်ဖြေပွဲကို အခြားအဖွဲ့ဝင်တွေအားလုံး တက်ရောက် အားပေးခဲ့သော်လည်း Zayn မှ တက်ရောက်ဖို့ ပျက်ကွက်ခဲ့ခြင်းကြောင့်ပဲ ဖြစ်တယ်လို့ သိရှိရပါတယ်။
အသက် ၂၇ နှစ်အရွယ် Louis Tomlinson မှာ မကြာခင်ရက်ပိုင်းကပဲ အသက် ၁၈ နှစ်အရွယ် ညီမဖြစ်သူ Felicite ကိုလည်း ဆုံးရှုံးထားသူတစ်ယောက်ဖြစ်ပြီး ညီမဖြစ်သူရဲ့ ဈာပနအခမ်းအနားမှာလည်း အခြား One Direction အဖွဲ့သားဟောင်းတွေဖြစ်ကြတဲ့ Harry Styles ၊ Niall Horan နဲ့ Liam Payne တို့သာ တက်ရောက်ခဲ့ကြပြီး Zayn တစ်ယောက် တက်ရောက်ခဲ့ခြင်း မရှိပါဘူး။
#ST(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share