ဒီနှစ်အစောပိုင်းတုန်းက Selena အနေနဲ့ သူမ အချစ်ဆုံးသူငယ်ချင်းရဲ့ မင်္ဂလာအခမ်းအနားကို စီစဉ်ပေးခဲ့ပြီး ပြီးခဲ့တဲ့နှစ်တုန်းကလည်း သူမသူငယ်ချင်းတွေနဲ့အတူတူ အပျော်စီးသင်္ဘောပေါ်မှာ ပါတီပွဲတစ်ခုကိုလည်း ကျင်းပပြုလုပ်ခဲ့ပါသေးတယ်။ နောက်ပြီး Selena ဟာ ဘယ်လောက်ပဲ အောင်မြင်ကျော်ကြားသူတစ်ယောက် ဖြစ်ပါစေ၊ မာန်မာနထောင်လွှားခြင်းမရှိဘဲ သူမရဲ့ သူငယ်ချင်းတွေကို အမြဲတစေ ဂရုစိုက်တတ်သူတစ်ယောက်ပဲဖြစ်ပါတယ်။
အခုဆိုရင်လည်း Selena ဟာ သူမ သူငယ်ချင်းတစ်ယောက်ရဲ့ မွေ့နေ့ပွဲကို စီစဉ်ပြုလုပ်ပေးခဲ့ပါတယ်။ ကံကောင်းတဲ့ မွေးနေ့ရှင်လေးကတော့ Raquelle Stevens ဆိုတဲ့ မိန်းကလေးဖြစ်ပြီး Selena နဲ့ ခင်မင်လာတာ ခုနစ်နှစ်ကျော်ကြာခဲ့ပြီပဲဖြစ်ပါတယ်။ သူမရဲ့မွေးနေ့ပွဲသို့ ဖိတ်ကြားထားသူအားလုံး တက်ရောက်လာခဲ့ကြပြီး ပါတီပွဲအတွင်း အမှတ်တရဓာတ်ပုံတွေရိုက်ကာ Instagram တွင် ပို့စ်များ တင်ခဲ့ပါတယ်။
https://www.instagram.com/p/BvThFZWgRUW/?utm_source=ig_embed
https://www.instagram.com/p/BvTgeOkA7MR/?utm_source=ig_embed
https://www.instagram.com/p/BvTHxeIDaaP/?utm_source=ig_embed
Selena ဟာ ဘယ်လောက်ပင် အလုပ်များတဲ့သူဖြစ်ပါစေ၊ သူမအနေနဲ့ သူငယ်ချင်းတွေအတွက် အချိန်ပေးတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာကို သိရှိနိုင်ပါတယ်။ အခုရက်ပိုင်းမှာလည်း သူမရဲ့ Social Media စာမျက်နှာတွေပေါ်မှာ ငြိမ်သက်နေပေမယ့်လည်း သူမရဲ့ Fan Page တွေကနေတစ်ဆင့် သူမရဲ့ လှုပ်ရှားမှုတွေကို တွေ့ရှိရမှာဖြစ်ပါတယ်။ တကယ်လို့ Selena သာ အခမ်းအနားတွေ၊ ပါတီတွေ ပြုလုပ်ပေးတဲ့ လုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့မယ်ဆိုရင် သူမအနေနဲ့ ထိုလုပ်ငန်းပိုင်းမှာလည်း အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာမယ်ဆိုတာ ကျိန်းသေပေါက်ပြောရဲပါတယ်။
#ST(Soshwe)
#SoshweCelebrity
#SoshweForYourDailyLife
#Like&Share