CNN သတင်းဌာနရဲ့ ထုတ်ပြန်ကြေငြာချက်အရ ဖင်လန်နိုင်ငံဟာ ကမ္ဘာ့ပျော်စရာအကောင်းဆုံးနိုင်ငံဖြစ်တယ်လို့ သိရှိရပါတယ်။ ဖင်လန်နိုင်ငံဟာ ဘယ်လိုအကြောင်းတွေကြောင့် အခုလိုမျိုး သတ်မှတ်ခံခဲ့ရတာလဲ ? ? ?
ဖင်လန်နိုင်ငံဟာ အစားအသောက်ကောင်းတွေကို တီထွင်ဖန်တီးတတ်ခြင်း၊ အထင်ကြီးဖွယ်ကောင်းသော မြောက်ဖက်စွန်းဒေသရဲ့ ခမ်းနားထည်ဝါတဲ့ အလှအပတွေနဲ့ နှင်းတွေတစ်ချိန်လုံး ဖုံးလွှမ်းပြီး နေထိုင်ချင်စရာကောင်းလောက်အောင် ဆွဲဆောင်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ အခုလိုမျိုး ဖင်လန်နိုင်ငံဟာ ကမ္ဘာ့ပျော်စရာအကောင်းဆုံးနိုင်ငံအဖြစ် ၂ နှစ်ဆက်တိုက် ရွေးချယ်ခံရခြင်းပဲဖြစ်ပါတယ်။ ဖင်လန်နိုင်ငံရဲ့နောက်မှာတော့ ဒိန်းမတ်၊ နော်ဝေ၊ အိုက်စလန်နဲ့ နယ်သာလန်နိုင်ငံတို့က အစဉ်အတိုင်းရှိနေပါတယ်။
အခုလိုမျိုး ကမ္ဘာ့ပျော်စရာအကောင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်တဲ့နေရာမှာ အဓိကအားဖြင့် နိုင်ငံသားတွေရဲ့ တစ်ဦးချင်းဝင်ငွေ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိခြင်း၊ တစ်ဦးနဲ့တစ်ဦး ယုံကြည်စိတ်ချမှု၊ ကျန်းမာရေးကောင်းမွန်မှုတို့အပြင် လူမှုရေးထောက်ပ့ံမှုတွေနဲ့ ရက်ရောစွာ ပေးကမ်းလှူဒါန်းခြင်း စတဲ့အချက်တွေအပေါ် အခြေခံပြီး ရွေးချယ်သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။
ထိပ်ဆုံးနိုင်ငံ ၁၀ နိုင်ငံကို အထက်မှာဖော်ပြထားတဲ့ အချက်တွေနဲ့သာမက လူတစ်ဦးချင်းစီရဲ့ စိတ်နေသဘောထားတွေနဲ့လည်း အဆင့်သတ်မှတ်ခဲ့ခြင်းဖြစ်တယ်ဆိုပြီး University of British Columbia မှ ပရောဖက်ဆာ John Helliwell ရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။
<Unicode Version>
CNN သတင္းဌာနရဲ႕ ထုတ္ျပန္ေၾကျငာခ်က္အရ ဖင္လန္ႏိုင္ငံဟာ ကမာၻ႕ေပ်ာ္စရာအေကာင္းဆုံးႏိုင္ငံျဖစ္တယ္လို႕ သိရွိရပါတယ္။ ဖင္လန္ႏိုင္ငံဟာ ဘယ္လိုအေၾကာင္းေတြေၾကာင့္ အခုလိုမ်ိဳး သတ္မွတ္ခံခ့ဲရတာလဲ ? ? ?
ဖင္လန္ႏိုင္ငံဟာ အစားအေသာက္ေကာင္းေတြကို တီထြင္ဖန္တီးတတ္ျခင္း၊ အထင္ႀကီးဖြယ္ေကာင္းေသာ ေျမာက္ဖက္စြန္းေဒသရဲ႕ ခမ္းနားထည္ဝါတ့ဲ အလွအပေတြနဲ႕ ႏွင္းေတြတစ္ခ်ိန္လုံး ဖုံးလႊမ္းၿပီး ေနထိုင္ခ်င္စရာေကာင္းေလာက္ေအာင္ ဆြဲေဆာင္မႈေတြနဲ႕ ျပည့္ႏွက္ေနပါတယ္။ အခုလိုမ်ိဳး ဖင္လန္ႏိုင္ငံဟာ ကမာၻ႕ေပ်ာ္စရာအေကာင္းဆုံးႏိုင္ငံအျဖစ္ ၂ ႏွစ္ဆက္တိုက္ ေရြးခ်ယ္ခံရျခင္းပဲျဖစ္ပါတယ္။ ဖင္လန္ႏိုင္ငံရဲ႕ေနာက္မွာေတာ့ ဒိန္းမတ္၊ ေနာ္ေဝ၊ အိုက္စလန္နဲ႕ နယ္သာလန္ႏိုင္ငံတို႕က အစဥ္အတိုင္းရွိေနပါတယ္။
အခုလိုမ်ိဳး ကမာၻ႕ေပ်ာ္စရာအေကာင္းဆုံးႏိုင္ငံအျဖစ္ သတ္မွတ္တ့ဲေနရာမွာ အဓိကအားျဖင့္ ႏိုင္ငံသားေတြရဲ႕ တစ္ဦးခ်င္းဝင္ေငြ၊ ကိုယ္ပိုင္လြတ္လပ္ခြင့္ရွိျခင္း၊ တစ္ဦးနဲ႕တစ္ဦး ယုံၾကည္စိတ္ခ်မႈ၊ က်န္းမာေရးေကာင္းမြန္မႈတို႕အျပင္ လူမႈေရးေထာက္ပ့ံမႈေတြနဲ႕ ရက္ေရာစြာ ေပးကမ္းလွဴဒါန္းျခင္း စတ့ဲအခ်က္ေတြအေပၚ အေျခခံၿပီး ေရြးခ်ယ္သတ္မွတ္ခ့ဲျခင္းျဖစ္ပါတယ္။
ထိပ္ဆုံးႏိုင္ငံ ၁၀ ႏိုင္ငံကို အထက္မွာေဖာ္ျပထားတ့ဲ အခ်က္ေတြနဲ႕သာမက လူတစ္ဦးခ်င္းစီရဲ႕ စိတ္ေနသေဘာထားေတြနဲ႕လည္း အဆင့္သတ္မွတ္ခ့ဲျခင္းျဖစ္တယ္ဆိုၿပီး University of British Columbia မွ ပေရာဖက္ဆာ John Helliwell ရဲ႕ ေျပာၾကားခ်က္အရ သိရွိရပါတယ္။
<Zawgyi Version>
#ST(Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share