Breaking News
ဒေါ်လာ ၁ မီလီယမ်ကျော်ရရှိခဲ့တဲ့ ကင်ညာနိုင်ငံမှ ကျောင်းဆရာအကြောင်း။
သချင်္ာဘာသာရပ်နဲ့ ရူပဗေဒပညာရပ်တွေကို သင်ကြားတဲ့ ကျောင်းဆရာတစ်ဦးဖြစ်သူ Peter Tabichi ဟာ လစဉ်လတိုင်း သူ့ရဲ့ဝင်ငွေတွေထဲမှ ၈၀ ရာခိုင်နှုန်းကို နိုင်ငံအတွင်းရှိ ဆင်းရဲသားတွေကို အကူအညီပေးဖို့အတွက် အသုံးပြုခဲ့ပါတယ်။
အခုလိုမျိုး လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့အတွက်ကြောင့် Peter ကို The Varkey Foundation မှ Global Teacher ဆုကို ချီးမြှင့်ခဲ့ပါတယ်။ Peter ဟာ ကင််ညာနိုင်ငံက ကွန်ပျူတာတစ်လုံးသာရှိပြီး၊ အင်တာနက်လိုင်းချို့တဲ့ကာ ကျောင်းသား ၅၈ ယောက်မှာ ဆရာ ၁ ယောက်နှုန်းသာရှိတဲ့ ရွာငယ်လေးတစ်ခုမှာ စာသင်ကြားခဲ့ခြင်း ဖြစ်ပါတယ်။ ကျောင်းသားအများစုဟာ ဆင်းရဲ့နွမ်းပါးတဲ့ မိသားစုကနေ ပေါက်ဖွားလာကြပြီး ၃ ပုံ ၁ ပုံ လောက်ဟာ မိဘမဲ့ကလေးများ ဖြစ်ကြပါတယ်။ Peter ဟာ အင်တာနက်ဆိုင်တွေကို သွားရောက်ပြီး Online ပေါ်ကနေ ကျောင်းစာပညာရပ်တွေကိ်ို သင်ယူလေ့လာကာ ကျောင်းသားတွေကို ပြန်လည်ပို့ချခဲ့ခြင်းဖြစ်ပါတယ်။
Peter သင်ကြားပေးခဲ့တဲ့ သချင်္ာဘာသာရပ် ကျောင်းသားတွေဟာ Arizona မှာ ပြုလုပ်မယ့် အပြည်ပြည်ဆိုင်ရာသိပ္ပံနဲ့ အင်ဂျင်နီယာပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ရွေးချယ်ခံခဲ့ရပါတယ်။ ထို့အပြင် Royal Society of Chemistry မှ ပေအပ်ချီးမြှင့်ခဲ့တဲ့ဆုတွေကိုလည်း ရရှိခဲ့ပါသေးတယ်။
“ အာဖရိက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ အခန်းကဏ္ဍတစ်ခုချင်းစီအလိုက် အင်တိုက်အားတိုက် လုပ်ဆောင်ဖို့လိုအပ်ပါတယ်။ အခုရရှိခဲ့တဲ့ ဆုတွေကလည်း ကျွန်တော့်ကြောင့်မဟုတ်ဘဲ လူငယ်လေးတွေရဲ့ ကြိုးပမ်းမှုတွေကြောင့်သာ ရရှိခဲ့တာဖြစ်ပါတယ် . . .” ဆိုပြီး Peter မှ The Varkey Foundation ကို ပြောကြားခဲ့ပါတယ်။
<Unicode Version>
သင်္ချာဘာသာရပ်နဲ့ ရူပဗေဒပညာရပ်တွေကို သင်ကြားတဲ့ ကျောင်းဆရာတစ်ဦးဖြစ်သူ Peter Tabichi ဟာ လစဉ်လတိုင်း သူ့ရဲ့ဝင်ငွေတွေထဲမှ ၈၀ ရာခိုင်နှုန်းကို နိုင်ငံအတွင်းရှိ ဆင်းရဲသားတွေကို အကူအညီပေးဖို့အတွက် အသုံးပြုခဲ့ပါတယ်။
<Zawgyi Version>
#ST(Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share
About admin
Check Also
သေခြင်းတရားနဲ့လက်တစ်လုံးအကွာကရှင်သန်ခဲ့တဲ့ ဆယ်ကျော်သက်မိန်းကလေးငယ်။
သေခြင်းတရားဆိုတာ လူသားအားလုံးနဲ့ လက်တစ်ကမ်းအကွာမှာ ရှိနေတဲ့အရာဆိုရင် မမှားပါဘူး။ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေက မမျှော်လင့်ဘဲ သင့်ကိုသေခြင်းတရားဆီ ဦးတည်သွားစေနိုင်ပါတယ်။ ဒါပေမယ့် မိန်းကလေးငယ်တစ်ဦးကတော့ ဒီအခြေအနေဆိုးကနေ အံ့အားသင့်ဖွယ် လွတ်မြောက်နိုင်ခဲ့ပါတယ်။ …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro