တရုတ်နိုင်ငံအရှေ့ပိုင်းရှိ ဓာတုဗေဒစက်ရုံ အပြင်းအထန်ပေါက်ကွဲမှုကြောင့် လူပေါင်း (1209၄၇) ဦး သေဆုံးပြီး (1209၉၀) ကျော် ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့ပါတယ်။
မီးသတ်သမားတွေအနေနဲ့ ပေါက်ကွဲမှုမှာပြင်းထန်သောကြောင့် မီးလောင်ကျွမ်းမှုကိုလည်း အချိန်ကြာမြင့်စွာ ငြိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်ကျွမ်းမှုမှာလည်း ပြင်းထန်းသောကြောင့် နိုင်ငံ့အရေးပေါ်အခြအနေအဖြစ်သတ်မှတ်ပြီး တာဝန်ရှိသူများမှ Drone များဖြင့် ကြည့်ရှုစစ်ဆေးရာ အခင်းဖြစ်ပွားရာ စက်ရုံအနီးအနားတစ်ဝိုက် မီးခိုးများဖြင့် ဖုံးလွှမ်းနေသဖြင့် အနီးအနားရှိ လူနေအိမ်များကို ရွှေ့ပြောင်းပေးခဲ့ကြပါတယ်။
တာဝန်ရှိသူများရဲ့ ထုတ်ပြန်ကြေငြာချက်အရ မီးသတ်ကားပေါင်း တစ်ဒါဇင်ကျော်နဲ့ မီးသတ်သမား အယောက် ၁၀၀ ကျော်တို့က အချိန်ကြာမြင့်စွာ ပင်ပင်ပန်းပန်း မီးငြိမ်းသတ်ခဲ့ကြောင်း သိရှိရပါတယ်။ ပေါက်ကွဲမှုမှာ အလွန်ပြင်းထန်သောကြောင့် မြေငလျင်တုန်လှုပ်သလို ဖြစ်သွားခဲ့ကြောင်း အနီးအနားပတ်ဝန်းကျင်ရှိ နေထိုင်သူများရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။
အဆိုပါပေါက်ကွဲမှုကြောင့် အနီးအနား ၃ မိုင်ပတ်ပတ်လည် ပတ်ဝန်းကျင်ရှိ အဆောက်အဦးမှန်တံခါးတွေ ကွဲခဲ့ရကြောင်း တာဝန်ရှိသူများရဲ့ ထုတ်ပြန်ကြေငြာချက်အရ သိရှိရပါတယ်။
#ST(1209Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share