Breaking News

အလွန်ကြီးမားတဲ့ငါးကြီးတစ်ကောင်ကို သြစတြေးလျတွင်တွေ့ရှိ။

အလွန်ကြီးမားတဲ့ ငါးကြီးတစ်ကောင်မှ သြစတြးလျတောင်ဖက်ရှိ ကမ်းခြေပေါ်သို့ ခဏတာ သောင်တင်လာခဲ့ပါတယ်။

Sunfish လို့ တံငါသည်များက သတ်မှတ်ကြတဲ့ ၁.၈ မီတာ (၆ ပေ) အရှည်ရှိတဲ့ ငါးကြီးတစ်ကောင်ဟာ ပထမဦးဆုံးအကြိမ်အဖြစ် ကမ်းခြေပေါ်သို့ သောင်တင်လာခဲ့ခြင်းဖြစ်ပါတယ်။ ပထမဆုံးအကြိမ် တွေ့ရှိတုန်းကတော့ တံငါသည်များက ကမ်းပေါ်သို့မျောလာသော သစ်တုံးကြီးလို့ ထင်ခဲ့ကြပြီး အနီးကပ်သွားရောက်ကြည့်ရှုတဲ့အခါမှသာ ငါးတစ်ကောင်ဖြစ်မှန်း သိရှိခဲ့ကြခြင်းဖြစ်ပါတယ်။

Our Park of the Month at Coorong National Park served up an unusual surprise for two fishers on the weekend – a sunfish…

Posted by National Parks and Wildlife Service South Australia on Tuesday, 19 March 2019

“ ကျွန်မအနေနဲ့ ဒီလိုငါးမျိုးကို ပထမဦးဆုံးအကြိမ် တွေ့ရှိခဲ့ခြင်းပဲဖြစ်ပါတယ် . . .” ဆိုပြီး အပျော်တမ်း ငါးဖမ်းသူတစ်ဦးဖြစ်တဲ့ Linette Grzelak မှ BBC သို့ ပြောပြခဲ့ပါတယ်။ “ ကျွန်မရဲ့ မိတ်ဆွေဖြစ်သူ Steven Jones မှာလည်း နှစ်ပေါင်းများစွာ ငါးဖမ်းလာသူတစ်ယောက်ဖြစ်သော်လည်း ဒီလိုငါးမျိုး တစ်ခါမှ တွေ့ဖူးခဲ့ခြင်းမရှိပါဘူး။ ဒါကြောင့် ကျွန်မတို့နှစ်ယောက် ဒီငါးကြီးနဲ့အတူ ဓာတ်ပုံရိုက်ဖို့ ဆုံးဖြတ်ခဲ့ခြင်းပဲဖြစ်ပါတယ်။ နောက်ပြီး ဒီငါးကြီးမှာ အလွန်တရာမှ လေးလံပြီး အရေပြားကလည်း ကြံ့တစ်ကောင်ကဲ့သို့ပင် ကြမ်းကြမ်းတမ်းတမ်းဖြစ်နေပါတယ် . . . ” ဆိုပြီး သူမမှ ဆက်လက်ပြောကြားခဲ့ပါတယ်။

<Unicode Version>

 







<Zawgyi Version>

 

#ST(Soshwe)

#SoshweAnimals

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ရဲတပ်ဖွဲ့ဝင် မြင်းတစ်ကောင်ရဲ့ ထူးထူးဆန်းဆန်းအမူအကျင့်။

မာဆေးဆိုက််ဒ်ရဲတပ်ဖွဲ့၌ နှစ်ပေါင်း (၁၅) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် မြင်းတစ်ကောင်သည် နံနက်မိုးလင်းပါက လက်ဖက်ရည်တစ်ခွက််ကို ပုံမှန်သောက်သုံးလေ့ရှိကြောင်း သိရှိရပါတယ်။ Jack ဟု အမည်ရသည့် အသက် (၂၀) …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro