HomeOtherAnimalsပြင်သစ်နိုင်ငံ၌ လင်းပိုင်များ ရာနဲ့ချီသေဆုံးမှုဖြစ်ပွားရခြင်းအကြောင်း။

ပြင်သစ်နိုင်ငံ၌ လင်းပိုင်များ ရာနဲ့ချီသေဆုံးမှုဖြစ်ပွားရခြင်းအကြောင်း။

- Advertisement -

ငါးဖမ်းပိုက်များ၏ ဘေးရန်ကြောင့် ရာနဲ့ချီသော လင်းပိုင်များသေဆုံးမှုဖြစ်ပွားခဲ့ပြီး အဆိုပါ လင်းပိုင်များသည် ပြင်သစ်နိုင်ငံရှိကမ်းခြေတစ်ခု၌ လာရောက်သောင်တင်နေခဲ့ပါတယ်။ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းများကြောင့် ထောင်နဲ့ချီသော ရေနေသတ္တဝါများ သေဆုံးမှုက နှစ်စဉ်နှစ်တိုင်း ဖြစ်ပွားလျက်ရှိပါတယ်။ ပြင်သစ်နိုင်ငံ အာဏာပိုင်များရဲ့ ထုတ်ပြန်ကြေငြာချက်အရ ပြင်သစ်နိုင်ငံရဲ့ အတ္တလန္တိတ် ကမ်းရိုးတန်း၌ ယခုလိုပဲ လင်းပိုင်များ သေဆုံးကာ သောင်တင်နေခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

Sea Shepherd France ဟုအမည်ရသည့် ပြင်သစ်နိုင်ငံရဲ့ ပင်လယ်ပြင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ယခုလိုပဲ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါလင်းပိုင်များသည် အပတ်စဉ်အပတ်တိုင်း ယခုလိုပဲ အမှိုက်ပုံကဲ့သို့ပင် လာရောက်သောင်တင်လေ့ရှိကြောင်း သိရှိရပါတယ်။ အဆိုပါ လင်းပိုင်များသည် ငါးဖမ်းပိုက်အတွင်း တိုးဝင်မိခြင်းကြောင့် ဆူးတောင်များကျိုးပြတ်ခြင်း နဲ့ အမြီးများကြေမွခြင်း အစရှိသော ဆိုးရွားသည့် ဒဏ်ရာများရရှိခဲ့ကြောင်း The Independent သတင်းစာက ဖော်ပြခဲ့ပါတယ်။

တံငါသည်များသည်လည်း ပိုက်အတွင်း တိုးဝင်လာသော အဆိုပါ လင်းပိုင်များကို ပိုက်မှဖြုတ်ကာ ရေအောက်ထဲ နစ်သွားအောင် ဆောင်ရွက်ခဲ့သော်လည်း ကမ်းခြေပေါ်သို့ ယခုကဲ့သို့ အများအပြား လာရောက် သောင်တင်နေခဲ့ခြင်းဖြစ်ပါတယ်။ Sea Shepherd အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ ယခုကဲ့သို့ လာရောက်သောင်တင်နေသည့် ဝေလငါးများထဲမှ (၂၀) ရာခိုင်နှုန်းခန့်သည် ကမ်းခြေ၌ လာရောက်သောင်တင်ပြီးမှ ဖြည်းဖြည်းချင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

- Advertisement -

သိပံ္ပပညာရှင်များသည်လည်း လင်းပိုင်များရဲ့ မျိုးပွားမှုနှုန်း သိသိသာသာကျဆင်းလာခြင်းကို စိုးရိမ်လျက်ရှိပြီး လက်ရှိအချိန်တွင်မူ အဆိုပါ ကိစ္စကို ထိန်းချုပ်ရန်အတွက် အလွန်ပင် နောက်ကျနေသည်ကိုလည်း စိုးရိမ်နေကြကြောင်း Sea Shepherd အဖွဲ့ ဆိုပါတယ်။

- Advertisement -

အဆိုပါပြဿနာများကို ဖြေရှင်းရန်အတွက် ငါးဖမ်းသဘောင်္များပေါ်၌ ကင်မရာများတပ်ဆင်ပြီး စောင့်ကြည့်ခြင်းမျိုးကဲ့သို့ ဆောင်ရွက်နိုင်ပေမယ့် တံငါသည်များအနေဖြင့်မူ ယခုကဲ့သို့ ကိစ္စရပ်ကို လွတ်လပ်စွာငြင်းပယ်ပိုင်ခွင့် ရှိသည့် အခွင့်အာဏာကိုလည်း ပြင်သစ်နိုင်ငံ ဥပဒေမှ ခွင့်ပြုထားပါတယ်။ အဆိုပါ ကိစ္စရပ်နဲ့ ပတ်သက်ပြီး Sea Shepherd အဖွဲ့မှ ဥက္ကဌဖြစ်သူ Lamya Essemlali ကလည်း “ဒီလိုဥပဒေမျိုးက ဘယ်လိုအချိန်မျိုးမှာ လိုအပ်တာလဲ? နောက်ပြီးတော့ တံငါသည်အဖွဲ့အစည်းတစ်ခုဆီမှာ ဒီလိုအခွင့်အာဏာမျိုးရှိနေတယ်ဆိုတာကိုလည်း ကျွန်တော်တို့ ဘယ်လိုရှင်းပြရမှန်းတောင် မသိတော့ပါဘူး။”

“ကျွန်တော်တို့ ဒီကိစ္စကို နှစ်စဉ်နှစ်တိုင်း အရေးကြီးကိစ္စတစ်ရပ်အနေနဲ့ အမြဲလိုလို စာနယ်ဇင်းတွေကတစ်ဆင့် သတင်းထုတ်ပြန်နေပေမယ့် အစိုးရကတော့ ဒီကိစ္စကို အမှုမထားဘဲ တံငါသည်တွေအတွက် လိုအပ်တဲ့ အကာအကွယ်တွေအတွက်ပဲ စိတ်ပူနေကြပါတယ်။ တံငါသည်ကော်မတီက နှစ်ပေါင်း (၃၀) ကျော်ကြာအောင် လုပ်ခဲ့တဲ့ အစည်းအဝေးတွေ ဆွေးနွေးပွဲတွေက ဒီနေ့မှာ ဒီလိုကိစ္စတွေကို ဖြစ်ပေါ်စေပါတယ်။ အခု ဒါတွေကို ထပ်ပြီး ဆွေးနွေးဖို့ အချိန်မရှိတော့ပါဘူး။ အခုချက်ချင်း ဆောင်ရွက်စရာရှိတာတွေကို ဆောင်ရွက်ရတော့မှာပါ။” ဟုလည်း ပြောကြားသွားခဲ့ပါတယ်။

ပြင်သစ်တံငါသည်များကလည်း ယခုဖြစ်ရပ်များသည် မတော်တဆဖြစ်ရပ်များသာ ဖြစ်ကြောင်း ပြောကြားထားသလို အခြားသော နိုင်ငံတကာဥပဒေများရဲ့ ကာကွယ်မှုများလည်း ရရှိနေကြပါတယ်။ လက်ရှိအချိန်တွင်မူ ယခုကဲ့သို့ လင်းပိုင်များသေဆုံးမှု မြင့်တက်လာခြင်း အန္တရာယ်မှ ကာကွယ်ရန်အတွက် ဥပဒေကို အပြောင်းအလဲပြုလုပ်ရန် လိုအပ်နေပြီလည်း ဖြစ်ပါတယ်။

 

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

14 + 2 =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...