အိပ်ပျော်နေသည့် ခြင်္သေ့ကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အမဲလိုက်မုဆိုးတစ်ဦးရဲ့ ဗီဒီယိုက လက်ရှိအချိန်တွင် လူမှုကွန်ရက်စာမျက်နှာများအပေါ်၌ ရေပန်းစားလျက်ရှိပါတယ်။ အဆိုပါ ဗီဒီယိုအတွင်း၌ လဲလျောင်းပြီး အိပ်ပျော်နေသည်ဟုယူဆရသည့် ခြင်္သေ့တစ်ကောင်ကို မုဆိုးက အဝေးမှနေပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ခြင်္သေ့မှာ ရုတ်ချည်းဆိုသလိုပင် ဒဏ်ရာကြောင့် လူးလှိမ့်ြ့ပီး နာကျင်မှု ဝေဒနာကို ပြင်းထန်စွာ ခံစားခဲ့ရကာ သေဆုံးသွားခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုကို Protect_Wildlife ဟု အမည်ရသည့် တွစ်တာအကောင့်မှတစ်ဆင့် စတင်မျှဝေခဲ့ပြီး မုဆိုးအပေါ် ဝေဖန်မှုများ အများအပြား ထွက်ပေါ်လာခဲ့ပါတယ်။
This 'hunter' sneaked up on a SLEEPING #Lion and killed it!
How brave, how sporting – HOW CUNTISH!!!
According to the @NatGeo
magazine, the Lion will have disappeared from the African continent in 2050!!!! RT if you want a GLOBAL ban on ALL #trophyhunting NOW!! @RickyGervais pic.twitter.com/F5qcOpE0ix— PROTECT ALL WILDLIFE (@Protect_Wldlife) March 18, 2019
ယခုကဲ့သို့ ဖြစ်ပွါးခဲ့သည့် နေရာနဲ့ ပစ်ခတ်ခဲ့သည့် မုဆိုးအား သိရှိရခြင်းမရှိသော်လည်း အဆိုပါ ဗီဒီယိုထဲ၌ တစ်စုံတစ်ယောက်က မုဆိုးအား “Mr Gonney” ဟု ခေါ်ဆိုနေသံကို ကြားခဲ့ရပါတယ်။ National Geographic ကလည်း “အာဖရိက ခြင်္သေ့မျိုးနွယ်စုများရဲ့ အရေအတွက်တွေက တဖြည်းဖြည်း ကျဆင်းလာပြီး လာမယ့် (၂၀၅၀) ခုနှစ်မှာ မျိုးသုဉ်းပျောက်ကွယ်သွားဖွယ်ရှိတယ်” ဟု မှတ်ချက်ပြုပြောကြားခဲ့သလို “ဒီမုဆိုးက အိပ်ပျော်နေတဲ့ ခြင်္သေ့ကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ ဘယ်လောက်တောင် သတ္တိရှိပြီး အားကစားစိတ်ဓာတ်ရှိလိုက်တဲ့ မုဆိုးလဲဗျာ။” ဟူ၍လည်း ထေ့ငေါ့ဝေဖန်မှုများ ရှိနေခဲ့ပါတယ်။
African Wildlife Foundation ရဲ့ ဖော်ပြချက်အရ လွန်ခဲ့သည့် နှစ် (၁၀၀) ခန့်က ခြင်္သေံအကောင်ရေသည် (၂၀၀,၀၀၀) ခန့်ရှိခဲ့ပြီး လက်ရှိအချိန်၌မူ အကောင်ရေပေါင်း (၂၃,၀၀၀) ခန့်ထက်ပင် လျော့နည်းနေပြီဖြစ်တာကြောင့် ယခုနှုန်းအတိုင်းသာ ခြင်္သေ့များ ဆက်လက်လျော့နည်းသွားမည်ဆိုပါက လာမည့် (၂၀၅၀) ခုနှစ်၌ အဆိုပါ ခြင်္သေ့များ မျိုးသုဉ်းပျောက်ကွယ်သွားနိုင်ကြောင်း သိရှိရပါတယ်။
Catherine Martin ဆိုသည့် တွစ်တာအကောင့်မှလည်း “ဘယ်လောက်တောင် ရွံရှာဖို့ ကောင်းလိုက်တဲ့ လူတွေရဲ့ အပြုအမူလဲ။ ဒီလိုဖြစ်ရပ်တွေက အခုချိန်အထိ တရားဝင်အဖြစ် ရှိနေဆဲပဲလား? အိပ်ပျော်နေတဲ့ ခြင်္သေ့ကိုပဲဖြစ်ဖြစ် တခြားသော သတ္တဝါကိုပဲဖြစ်ဖြစ် သေနတ်နဲ့ပစ်သတ်တာက လူမဆန်တဲ့ အပြုအမူပါ။ ကျွန်မတို့အားလုံးက အခု ကမ္ဘာကြီးကို ဖျက်စီးနေကြတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မ ဘယ်လောက်ရွံရှာစက်ဆုပ်မိလဲဆိုတာကို ပြောတောင်မပြောပြနိုင်ပါဘူး။ ကျွန်မအနေနဲ့ ဒီမုဆိုးကို ပြန်ပြီး ပစ်သတ်ခွင့်ရမယ်ဆိုရင်တောင် သေချာတာတစ်ခုက သူအိပ်ပျော်မနေတဲ့ အချိန်မျိုးမှာပဲ ဖြစ်မှာပါ။” ဟု ရေးသားခဲ့ပါတယ်။
Richard Haydock ဆိုသည့် တွစ်တာအကောင့်မှလည်း “လူတွေအနေနဲ့ အခုလိုမျိုး တိရစ္ဆာန်တွေကို သတ်ဖြတ်ပြီး စိတ်ကျေနပ်မှု ရယူနေတာက မဖြစ်သင့်တဲ့ ကိစ္စပါ။ ဒီအတွက်လည်း ကျွန်တော် စိုးရိမ်ပူပန်မိပြီး ဒါက စိတ်ပိုင်းဆိုင်ရာရောဂါတစ်မျိုးပါ။ ကမ္ဘာကြီးက သက်ရှိတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ခင်ဗျားအနေနဲ့ ခင်ဗျားရဲ့ အချိန်တွေကို အခုလိုမျိုး သတ္တဝါတွေကို သတ်ဖြတ်ပြီး ဖြုန်းတီးပစ်နေတယ်ဆိုရင်တော့ ခင်ဗျားတစ်ခုခု မှားယွင်းနေပါပြီ။” ဟူ၍လည်း မှတ်ချက်ပြုရေးသားမှုများ ရှိခဲ့ပါတယ်။
သို့ရာတွင်မူ အမဲလိုက်ခြင်းသည် အားကစားနည်းတစ်မျိုးမဟုတ်သလို တိရစ္ဆာန်များကလည်း မည်သည့်အခါတွင်မှ ဆုဖလားများဖြစ်လာနိုင်မည်မဟုတ်ခြင်းကြောင့် အဆိုပါဖြစ်ရပ်ကဲ့သို့ အခြားသော ဖြစ်ရပ်များ ဆက်လက်ဖြစ်ပွားနေဆဲလည်း ဖြစ်ပါတယ်။
#HM(Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share