Emma Roberts နဲ့ Evan Peters
(၇) နှစ်ကြာလက်တွဲခဲ့ကြသည့် Emma Roberts နဲ့ Evan Peters တို့ နှစ်ဦးသည် ယခုလအတွင်း၌ ပြတ်စဲခဲ့ကြပြီဖြစ်ကြောင်း သိရှိရပါတယ်။ “Emma နဲ့ Evan တို့ နှစ်ယောက်က လမ်းခွဲခဲ့ကြပြီး အခုတော့ သူငယ်ချင်းတွေလိုပဲနေပါတယ်။” ဟု အရင်းအမြစ်တစ်ခုက ပြီးခဲ့သည့် မတ်လ (၂၀) ရက်နေ့၌ ဖွင့်ဟပြောကြားခဲ့ပါတယ်။ “Evan က အခုဆို အိမ်ပြောင်းသွားပြီဖြစ်ပေမယ့် ဆိုးရွားတဲ့ အခြေအနေမျိုးတွေနဲ့ လမ်းခွဲခဲ့ကြတာတော့ မဟုတ်ပါဘူး။” ဟုလည်း အဆိုပါ အရင်းအမြစ်က ထပ်မံပြောကြားခဲ့ပါသေးတယ်။
Amber Heard နဲ့ Vito Schnabel
US Weekly သတင်းဌာနသို့ ပြောကြားချက်အရ Aquaman ဇာတ်ကားမှ မင်းသမီးနဲ့သူမရဲ့ ချစ်သူတို့သည် ပြတ်စဲသွားကြပြီဖြစ်ကြောင်း သိရှိရပါတယ်။ Amber နဲ့ Vito တို့ နှစ်ဦးသည် ချစ်သူသက်တမ်း တစ်နှစ်ပင်မပြည့်သေးခင် အချိန်၌ ယခုကဲ့သို့ ပျက်စဲခဲ့ကြခြင်းဖြစ်ပြီး နှစ်ဦးသားကြား ဝေးကွာနေသည့် အကြောင်းပြချက်ကြောင့်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။
Leah Messer နဲ့ Jason Jordan
The Teen Mom 2 ကြယ်ပွင့်ဖြစ်သူ Messer နဲ့ Jordan တို့ နှစ်ဦးသည် ယခုမတ်လအတွင်း၌ပင် ထပ်မံလမ်းခွဲခဲ့ကြပြန်တယ်လို့ သိရှိရပါတယ်။ အဆိုပါ စုံတွဲသည် ပြီးခဲ့သည့် (၂၀၁၈) ခုနှစ် အောက်တိုဘာလ၌ ယခုကဲ့သို့ ပြတ်စဲခဲ့ကြဖူးပြီး နိုဝင်ဘာလအရောက်မှ ဆက်ဆံရေး ပြန်လည် အဆင်ပြေခဲ့ကြခြင်းလည်း ဖြစ်ပါတယ်။
Mark Jansen နဲ့ Elena Davies
အဆိုပါစုံတွဲသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ပြတ်စဲခဲ့ပြီဖြစ်ကြောင်း ကာယကံရှင် Jansen ကိုယ်တိုင်က အတည်ပြုကြေညာခဲ့ခြင်းဖြစ်ပါတယ်။ Jansen က သူ့အနေနဲ့ Davies ရဲ့ မှတ်ချက်စကားများနဲ့ ပတ်သက်ပြီး အကျိုးသက်ရောက်မှုများ ရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး “ဒီစကားတွေ ကြားရတာ ပုံပြင်လိုတောင် မဟုတ်ပါဘူး။ ကျွန်တော်က မင်းသားတစ်ယောက်ရဲ့ ဆွဲဆောင်မှုတောင်မရှိတော့ဘဲ အခု ကျွန်တော့်ရင်ထဲမှာ လုံးဝကို ဟာလာဟင်းလင်းကြီးဖြစ်နေပါပြီ။” ဟု ဖွင့်ဟပြောကြားမှုများ ပြုလုပ်သွားခဲ့ပါတယ်။
Danielle Staub နဲ့ Oliver Maier
သူတို့နှစ်ယောက်ရဲ့ စေ့စပ်သည့်သတင်းကိုကြားသိရပြီး မကြာခင်၌ပင် ယခုကဲ့သို့ ပြတ်စဲသွားသည့်သတင်း ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်ပါတယ်။ Staub နဲ့ Maier တို့ နှစ်ဦး မေတ္တာမျှသည်မှာ (၆) ပတ်တာကာလခန့်သာ ရှိသေးပြီး သူတို့ နှစ်ဦးသား မပြတ်စဲခင်က မတ်လ (၄) ရက်နေ့တွင် နယူးယော့ခ်စီးတီးမြို့၌ မင်္ဂလာအခမ်းအနားကျင်းပရန် ပြင်ဆင်ခဲ့ပါတယ်။
Big Sean နဲ့ Jhene Aiko
ကာလရှည်မေတ္တာမျှခဲ့ကြသည့် အဆိုပါ စုံတွဲနှစ်တွဲသည် ပြီးခဲ့သည့် ဒီဇင်ဘာလလယ်အတွင်း၌တည်းက ပြတ်စဲခဲ့ခြင်းဖြစ်ကြောင်း US Weekly မဂ္ဂဇင်းက ဖော်ပြခဲ့ပါတယ်။ အဆိုပါ သတင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကမှ အတည်ပြုခဲ့ခြင်းဖြစ်ပြီး သတင်းရင်းမြစ်တစ်ခုရဲ့ အဆိုအရ “သူတို့နှစ်ယောက်ကြား အခင်အမင်မပျက်သေးပေမယ့် လက်ရှိအချိန်မှာတော့ တစ်ယောက်နဲ့ တစ်ယောက် လုံးဝကို ယဉ်ယဉ်ကျေးကျေးနဲ့ပဲ ဆက်ဆံပါတော့တယ်။” ဟု သိရှိရပါတယ်။
Dylan McDermott နဲ့ Maggie Q
(၂၀၁၄) ခုနှစ် CBS Show ၌အတူတကွ ပွဲထွက်ခဲ့ကြသည့် အဆိုပါ စုံတွဲသည်လည်း ချစ်သူသက်တမ်း (၄) နှစ်ကျော်ကြာချိန်၌ ပြတ်စဲသွားခဲ့ကြပြီးလည်း ဖြစ်ပါတယ်။ အဆိုပါသတင်းကို ယခုလအတွင်းကမှ အတည်ပြုနိုင်ခဲ့ပါတယ်။
Ryan Seacrest နဲ့ Shayna Taylor
US Weekly မဂ္ဂဇင်းရဲ့ အတည်ပြုချက်အရ Kelly နဲ့ Ryan တို့ နှစ်ဦးသည် (၃) နှစ်နီးပါး ချစ်ခင်စုံမက်ခဲ့ကြပြီးနောက် ပြတ်စဲခဲ့ကြပြီဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါစုံတွဲသည် (၂၀၁၃) ခုနှစ်မှ (၂၀၁၄) ခုနှစ်အထိ တစ်ကြိမ်တွဲခုတ်ခဲ့ကြဖူးပြီး (၂၀၁၆) ခုနှစ်တွင်မူ သူတို့ နှစ်ဦးရဲ့ ဆက်ဆံရေးအတွက် ဒုတိယအကြိမ်အဖြစ် ထပ်မံ အခွင့်အရေးပေးခဲ့ကြခြင်းလည်း ဖြစ်ပါတယ်။
Lady Gaga နဲ့ Christian Carino
ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်း၌ Lady Gaga နဲ့ သူမရဲ့ ချစ်သူ Christian တို့ ပြတ်စဲခဲ့ပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ (၆၁) ကြိမ်မြောက် ဂရမ်မီဆုပေးပွဲသို့ တက်ရောက်လာသည့် Lady Gaga ရဲ့ လက်၌ စေ့စပ်လက်စွပ်မဝတ်ဆင်ခဲ့ချိန်မှစ၍ ယခုကဲ့သို့ ကောလဟာလ သတင်းများ ထွက်ပေါ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်၌မူ ယခုကဲ့သို့အတည်ပြုနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ အဆိုပါစုံတွဲသည် (၂၀၁၇) ခုနှစ် ဖေဖော်ဝါရီလမှ စတင်တွဲခုတ်ခဲ့ကြခြင်းဖြစ်ပြီး (၂၀၁၇) ခုနှစ် နိုဝင်ဘာလ၌ပင် ပြတ်စဲခဲ့ဖူးပြီး ယခုတစ်ကြိမ်သည် ဒုတိယအကြိမ်မြောက် ပြတ်စဲခဲ့ခြင်းလည်း ဖြစ်ပါတယ်။
Joel Knnaman နဲ့ Cleo Watternstrom
US မဂ္ဂဇင်းက ပြီးခဲ့သည့် ဇန်နဝါရီလ (၂၃) ရက်နေ့၌ သတင်းထုတ်ပြန်ချက်အရ Joel နဲ့ Cleo တို့ နှစ်ဦးသည် လက်ထပ်ပြီး နှစ်နှစ်အကြာ၌ လမ်းခွဲခဲ့ကြပြီဖြစ်ကြောင်း သိရှိရပါတယ်။ အခြားသော သတင်းရင်းမြစ်များအရ (၂၀၁၆) ခုနှစ်အတွင်း၌ မင်္ဂလာပွဲကျင်းပခဲ့ကြသည့် အဆိုပါ စုံတွဲသည် လက်ရှိအချိန်၌ ပြတ်စဲသွားပြီဖြစ်သော်လည်း သူငယ်ချင်းများအဖြစ် ရှိနေဆဲဖြစ်ကြောင်း သိရှိရပါတယ်။
#HM(Soshwe)
#SoshweCelebrities
#SoshweForYourDailyLife
#Like&Share