Breaking News

နာမည်ကျော်ကြယ်ပွင့်များရဲ့ အနုပညာရှင်မဖြစ်ခင် ပထမဆုံးသော အလုပ်အတွေ့အကြုံများ။

လက်ရှိအချိန်၌ Hollywood လောက၌ နာမည်တစ်လုံးဖြင့် ထင်ပေါ်ကျော်ကြားလျက်ရှိသည့် အနုပညာရှင်ကြယ်ပွင့်အချို့ရဲ့ ငယ်ရွယ်စဉ်ဘဝများက သာမန်လူများကဲ့သို့ ပုံမှန်အလုပ်များ ရရှိရန် လွယ်ကူခဲ့ခြင်းမရှိဘဲ ဟာသဆန်ဆန် လုပ်ငန်းအတွေ့အကြုံများလည်းရှိခဲ့ပါတယ်။

 

Ariana Grande

Ariana Grande သည် အသက် (၁၅) နှစ်အရွယ်၌ Broadway Production ရဲ့ တီးဝိုင်းတစ်ခုတွင် သူမရဲ့ ပထမဆုုံးအလုပ်ကို စတင်လုပ်ကိုင်ခဲ့ရပြီး လက်ရှိအချိန်တွင်မူ နာမည်အကျော်ကြားဆုံး သီချင်းများထဲမှ တစ်ပုဒ်ဖြစ်သည့် “7 Rings” ရဲ့ အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်လျက်ရှိနေပါတယ်။

 

Leonardo DiCaprio

Leonardo DiCaprio သည်လည်း (၁၉၈၀) ကျော်ကာလဖြစ်သည့် ဆယ်ကျော်သက်အရွယ် အသက် (၁၅) နှစ်၌ တီဗီကြော်ငြာများထဲ၌ စတင်ပါဝင်လာခဲ့ရင်း လက်ရှိအချိန်၌မူ အော်စကာဆုရှင်တစ်ယောက်အဖြစ်သာမက ပရိသတ်အချစ်တော် သရုပ်ဆောင်တစ်ဦးအဖြစ်လည်း ရပ်တည်လျက်ရှိပါတယ်။

 

Cardi B

Cardi B သည်လည်း ပြည်တွင်းကောလိပ်တစ်ခု၌ ကျောင်းတက်နေစဉ်အချိန်က Manhattan’s Amish Market ၌ ငွေကိုင်တစ်ယောက်အဖြစ် လုပ်ကိုင်ခဲ့ဖူးပြီး ကျောင်းဆက်တက်နိုင်ရန်ပင် အခက်အခဲများ ရှိခဲ့ပါတယ်။ Rolling Stone သို့ ပြောကြားချက်အရ Cardi B ရဲ့ သူဌေးဖြစ်သူက သူမကို အလုပ်ထွက်ရန်အထိ တိုက်တွန်းခဲ့ကြောင်းလည်း သိရှိရပါတယ်။ (၂၀၁၇) ခုနှစ်ကလည်း Cardi B က “လူတော်တော်များများက ဘာကြောင့် Dancer တစ်ယောက်ဖြစ်ချင်တာလဲ ဆိုပြီးတော့ အ့ံသြနေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပိုက်ဆံကြောင့်ပါပဲ။” ဟု ပြောကြားခဲ့ဖူးပါတယ်။

 

Taylor Swift

နာမည်ကျော် အဆိုတော်တစ်ဦးဖြစ်သည့် Taylor Swift ရဲ့ငယ်စဉ်ဘဝ၌ သူမရဲ မိဘများက Wyomissing, Pennsylvania ဒေသတွင် ခရစ္စမတ်သစ်ပင်များကို ရောင်းချခဲ့ကြပြီး ထိုစဉ်က Taylor Swift ရဲ့ အသက်အရွယ်က အရွက်နုလေးများကို ဖြတ်တောက်ရန် ငယ်ရွယ်လွန်းသောကြောင့် ဖခင်ဖြစ်သူက သစ်ကိုင်းများမှ အသီးတောင့်လေးများကို ဖယ်ရှားစေခြင်းကဲ့သို့သော အလုပ်မျိုးကိုသာ ခိုင်းစေခဲ့ပါတယ်။

 

Johnny Depp

The Crimes of Grindelwald ဇာတ်ကားရဲ့ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်သည့် Johnny Depp သည် ငယ်စဉ်က ဘောလ်ပင်အရောင်းစာရေးအဖြစ် ခဏတာသာ လုပ်ကိုင်ခဲ့ပြီး အလုပ်မှ နှုတ်ထွက်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆိုပါ အရောင်းစာရေးအလုပ်ကို လိမ်ညာသည့် အလုပ်အဖြစ် မှတ်ယူခြင်းကြောင့် ယခုကဲ့သို့ နှုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း Johnny Depp က ပြီးခဲ့သည့် (၂၀၁၄) ခုနှစ်က ပြောကြားခဲ့ပါတယ်။ Johnny Depp က “ခင်ဗျားက သူတို့အားလုံးကို ဖြစ်နိုင်တာတွေရော မဖြစ်နိုင်တာတွေရော လျှောက်ပြောပြီး သူတို့ကို ဒီဘောလ်ပင်တွေကို ဝယ်အောင်လုပ်ရပါတယ်။ တကယ်လို့ သူတို့က ဒါကိုအများကြီး ဝယ်တယ်ဆိုရင်တော့ သိပ်ကောင်းတဲ့ ကိစ္စပဲပေါ့။ ကျွန်တော်က တစ်ခုတည်းရောင်းရပြီး ဒီလောက်ကြီး လိမ်ညာနေရရင်တော့ မကောင်းဘူးလေ။ အဲ့ဒါကြောင့်လည်း ကျွန်တော် အဲ့ဒီအလုပ်က ထွက်လိုက်တာပါ။” ဟု ပြောကြားခဲ့ဖူးပါတယ်။

 

Hugh Jackman

Wolverine ဇာတ်ကားထဲ၌ X- Men မင်းသားအဖြစ် သရုပ်ဆောင်ခဲ့သည့် Hugh Jackman သည် အဆိုပါ ဇာတ်ကားမရိုက်ကူးခင်၌ 7-11 Convenience Store ၌ အလုပ်လုပ်ခဲ့ရပါတယ်။ Hugh Jackman က “ကျွန်တော် အလုပ်စဝင်ပြီး (၆) ပတ်လောက်ကြာတော့ သူဌေးက ကျွန်တော့်ကို ပေါက်ကွဲခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဝယ်ယူသူတွေကို စကားတွေ အရမ်းအများကြီး ပြောလို့ပါ။” ဟု ပြောပြခဲ့ဖူးပါတယ်။

 

Kourtney Kardashian

Kourtney က သူမရဲ့ ပထမဆုံး အလုပ်အတွေ့အကြုံအဖြစ် ရုပ်ရှင်ထုတ်လုပ်ရေးတစ်ခု၌ Production Assistant အဖြစ် စတင်လုပ်ကိုင်ခဲ့ရပြီး အဆိုပါ အလုပ်နဲ့ ပတ်သက်ပြီး သူမက “ကျွန်မ တစ်နေကုန် “cut” လို့ အော်နေရပြီး တစ်နေကုန်လည်း လျှောက်သွားနေရပါတယ်။” ဆိုပြီး ပြီးခဲ့သည့် (၂၀၁၀) ခုနှစ် အောက်တိုဘာလက ပြောကြားခဲ့ဖူးပါတယ်။

 

Megan Fox

Megan Fox က “ကျွန်မက smoothie cafe တစ်ခုမှာ အလုပ်လုပ်ခဲ့ပြီး ဒီအလုပ်တစ်ခုတည်းနဲ့ပဲ ကြီးပြင်းလာခဲ့တာပါ။” ဟု ပြီးခဲ့သည့် (၂၀၀၉) ခုနှစ်က ပြောကြားခဲ့ဖူးပါတယ်။ “ကျွန်မက အမြဲတမ်း ငှက်ပျောသီးလိုမျိုး ဝတ်စားဆင်ယင်ခဲ့ရပါတယ်။ ပန်းသီးနဲ့ ငှက်ပျောသီးဆိုပြီး ရွေးချယ်စရာ နှစ်ခုရှိပေမယ့် ကျွန်မကတော့ အမြဲတမ်း ငှက်ပျောသီးကိုပဲ ရွေးချယ်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီတုန်းက ကျွန်မက အခုထက် ပိုပိန်တယ်လေ။” ဟူ၍လည်း Megan Fox က ထပ်မံပြောကြားခဲ့ပါသေးတယ်။

 

Brad Pitt

နာမည်ကျော်မင်းသားကြီး Brad Pitt သည်လည်း Megan Fox ကဲ့သို့ပင် ထူးထူးဆန်းဆန်း ကြက်ဝတ်စုံဖြင့် လော့စ်အိန်ဂျယ်လိစ်မြို့မှ El Pollo Loco စားသောက်ဆိုင်တစ်ဆိုင်၌ အလုပ်လုပ်ခဲ့ရပါတယ်။

 

Miley Cyrus

“ကျွန်မ Sparkles Cleaning Services လို့ခေါ်တဲ့ နေရာမှာ အလုပ်လုပ်ခဲ့ပြီး အိမ်သန့်ရှင်းရေးတွေ လိုက်လုပ်ခဲ့ရပါတယ်။ အသက် (၁၁) နှစ်အရွယ်မှာတင် ကျွန်မက အိမ်သာတွေကို ကောင်းကောင်းမွန်မွန် တိုက်ချွတ်နေနိုင်ပါပြီ။” ဟု (၂၀၀၈) ခုနှစ်နှောင်းပိုင်း၌ ပြောကြားခဲ့ဖူးပါတယ်။

<Unicode Version>

 

 

နာမည္ေက်ာ္ၾကယ္ပြင့္မ်ားရဲ႕ အႏုပညာရွင္မျဖစ္ခင္ ပထမဆံုးေသာ အလုပ္အေတြ႔အႀကံဳမ်ား။

လက္ရွိအခ်ိန္၌ Hollywood ေလာက၌ နာမည္တစ္လံုးျဖင့္ ထင္ေပၚေက်ာ္ၾကားလ်က္ရွိသည့္ အႏုပညာရွင္ၾကယ္ပြင့္အခ်ိဳ႕ရဲ႕ ငယ္ရြယ္စဥ္ဘဝမ်ားက သာမန္လူမ်ားက့ဲသို႔ ပုံမွန္အလုပ္မ်ား ရရွိရန္ လြယ္ကူခ့ဲျခင္းမရွိဘဲ ဟာသဆန္ဆန္ လုပ္ငန္းအေတြ႔အႀကံဳမ်ားလည္းရွိခ့ဲပါတယ္။

 

Ariana Grande

Ariana Grande သည္ အသက္ (၁၅) ႏွစ္အရြယ္၌ Broadway Production ရဲ႕ တီးဝုိင္းတစ္ခုတြင္ သူမရဲ႕ ပထမဆုံုးအလုပ္ကုိ စတင္လုပ္ကိုင္ခ့ဲရၿပီး လက္ရွိအခ်ိန္တြင္မူ နာမည္အေက်ာ္ၾကားဆံုး သီခ်င္းမ်ားထဲမွ တစ္ပုဒ္ျဖစ္သည့္ “7 Rings” ရဲ႕ အဆုိေတာ္တစ္ေယာက္အျဖစ္ ရပ္တည္လ်က္ရွိေနပါတယ္။

 

Leonardo DiCaprio

Leonardo DiCaprio သည္လည္း (၁၉၈၀) ေက်ာ္ကာလျဖစ္သည့္ ဆယ္ေက်ာ္သက္အရြယ္ အသက္ (၁၅) ႏွစ္၌ တီဗီေၾကာ္ျငာမ်ားထဲ၌ စတင္ပါဝင္လာခ့ဲရင္း လက္ရွိအခ်ိန္၌မူ ေအာ္စကာဆုရွင္တစ္ေယာက္အျဖစ္သာမက ပရိသတ္အခ်စ္ေတာ္ သရုပ္ေဆာင္တစ္ဦးအျဖစ္လည္း ရပ္တည္လ်က္ရွိပါတယ္။

 

Cardi B

Cardi B သည္လည္း ျပည္တြင္းေကာလိပ္တစ္ခု၌ ေက်ာင္းတက္ေနစဥ္အခ်ိန္က Manhattan’s Amish Market ၌ ေငြကုိင္တစ္ေယာက္အျဖစ္ လုပ္ကုိင္ခ့ဲဖူးၿပီး ေက်ာင္းဆက္တက္ႏုိင္ရန္ပင္ အခက္အခဲမ်ား ရွိခ့ဲပါတယ္။ Rolling Stone သို႔ ေျပာၾကားခ်က္အရ Cardi B ရဲ႕ သူေဌးျဖစ္သူက သူမကုိ အလုပ္ထြက္ရန္အထိ တုိက္တြန္းခ့ဲေၾကာင္းလည္း သိရွိရပါတယ္။ (၂၀၁၇) ခုႏွစ္ကလည္း Cardi B က “လူေတာ္ေတာ္မ်ားမ်ားက ဘာေၾကာင့္ Dancer တစ္ေယာက္ျဖစ္ခ်င္တာလဲ ဆုိၿပီးေတာ့ အ့ံၾသေနၾကပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ပိုက္ဆံေၾကာင့္ပါပဲ။” ဟု ေျပာၾကားခ့ဲဖူးပါတယ္။

 

Taylor Swift

နာမည္ေက်ာ္ အဆိုေတာ္တစ္ဦးျဖစ္သည့္ Taylor Swift ရဲ႕ငယ္စဥ္ဘဝ၌ သူမရဲ မိဘမ်ားက Wyomissing, Pennsylvania ေဒသတြင္ ခရစၥမတ္သစ္ပင္မ်ားကို ေရာင္းခ်ခ့ဲၾကၿပီး ထိုစဥ္က Taylor Swift ရဲ႕ အသက္အရြယ္က အရြက္ႏုေလးမ်ားကို ျဖတ္ေတာက္ရန္ ငယ္ရြယ္လြန္းေသာေၾကာင့္ ဖခင္ျဖစ္သူက သစ္ကုိင္းမ်ားမွ အသီးေတာင့္ေလးမ်ားကို ဖယ္ရွားေစျခင္းက့ဲသုိ႔ေသာ အလုပ္မ်ိဳးကိုသာ ခုိင္းေစခ့ဲပါတယ္။

 

Johnny Depp

The Crimes of Grindelwald ဇာတ္ကားရဲ႕ ရုပ္ရွင္သရုပ္ေဆာင္တစ္ဦးျဖစ္သည့္ Johnny Depp သည္ ငယ္စဥ္က ေဘာလ္ပင္အေရာင္းစာေရးအျဖစ္ ခဏတာသာ လုပ္ကိုင္ခ့ဲၿပီး အလုပ္မွ ႏႈတ္ထြက္ခ့ဲပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အဆိုပါ အေရာင္းစာေရးအလုပ္ကို လိမ္ညာသည့္ အလုပ္အျဖစ္ မွတ္ယူျခင္းေၾကာင့္ ယခုက့ဲသုိ႔ ႏႈတ္ထြက္ခ့ဲျခင္းျဖစ္ေၾကာင္း Johnny Depp က ၿပီးခဲ့သည့္ (၂၀၁၄) ခုႏွစ္က ေျပာၾကားခ့ဲပါတယ္။ Johnny Depp က “ခင္ဗ်ားက သူတို႔အားလံုးကုိ ျဖစ္ႏုိင္တာေတြေရာ မျဖစ္ႏုိင္တာေတြေရာ ေလွ်ာက္ေျပာၿပီး သူတုိ႔ကို ဒီေဘာလ္ပင္ေတြကို ဝယ္ေအာင္လုပ္ရပါတယ္။ တကယ္လို႔ သူတို႔က ဒါကိုအမ်ားႀကီး ဝယ္တယ္ဆုိရင္ေတာ့ သိပ္ေကာင္းတ့ဲ ကိစၥပဲေပါ့။ ကြ်န္ေတာ္က တစ္ခုတည္းေရာင္းရၿပီး ဒီေလာက္ႀကီး လိမ္ညာေနရရင္ေတာ့ မေကာင္းဘူးေလ။ အ့ဲဒါေၾကာင့္လည္း ကြ်န္ေတာ္ အ့ဲဒီအလုပ္က ထြက္လုိက္တာပါ။” ဟု ေျပာၾကားခ့ဲဖူးပါတယ္။

 

Hugh Jackman

Wolverine ဇာတ္ကားထဲ၌ X- Men မင္းသားအျဖစ္ သရုပ္ေဆာင္ခ့ဲသည့္ Hugh Jackman သည္ အဆိုပါ ဇာတ္ကားမရိုက္ကူးခင္၌ 7-11 Convenience Store ၌ အလုပ္လုပ္ခ့ဲရပါတယ္။ Hugh Jackman က “ကြ်န္ေတာ္ အလုပ္စဝင္ၿပီး (၆) ပတ္ေလာက္ၾကာေတာ့ သူေဌးက ကြ်န္ေတာ့္ကို ေပါက္ကြဲခ့ဲပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကြ်န္ေတာ္က ဝယ္ယူသူေတြကို စကားေတြ အရမ္းအမ်ားႀကီး ေျပာလို႔ပါ။” ဟု ေျပာျပခ့ဲဖူးပါတယ္။

 

Kourtney Kardashian

Kourtney က သူမရဲ႕ ပထမဆံုး အလုပ္အေတြ႔အႀကံဳအျဖစ္ ရုပ္ရွင္ထုတ္လုပ္ေရးတစ္ခု၌ Production Assistant အျဖစ္ စတင္လုပ္ကိုင္ခ့ဲရၿပီး အဆိုပါ အလုပ္နဲ႔ ပတ္သက္ၿပီး သူမက “ကြ်န္မ တစ္ေနကုန္ “cut” လုိ႕ ေအာ္ေနရၿပီး တစ္ေနကုန္လည္း ေလွ်ာက္သြားေနရပါတယ္။” ဆိုၿပီး ၿပီးခ့ဲသည့္ (၂၀၁၀) ခုႏွစ္ ေအာက္တိုဘာလက ေျပာၾကားခ့ဲဖူးပါတယ္။

 

Megan Fox

Megan Fox က “ကြ်န္မက smoothie cafe တစ္ခုမွာ အလုပ္လုပ္ခ့ဲၿပီး ဒီအလုပ္တစ္ခုတည္းနဲ႔ပဲ ႀကီးျပင္းလာခ့ဲတာပါ။” ဟု ၿပီးခ့ဲသည့္ (၂၀၀၉) ခုႏွစ္က ေျပာၾကားခ့ဲဖူးပါတယ္။ “ကြ်န္မက အၿမဲတမ္း ငွက္ေပ်ာသီးလိုမ်ိဳး ဝတ္စားဆင္ယင္ခ့ဲရပါတယ္။ ပန္းသီးနဲ႔ ငွက္ေပ်ာသီးဆုိၿပီး ေရြးခ်ယ္စရာ ႏွစ္ခုရွိေပမယ့္ ကြ်န္မကေတာ့ အၿမဲတမ္း ငွက္ေပ်ာသီးကိုပဲ ေရြးခ်ယ္ပါတယ္။ ဘာလို႔လဲဆိုေတာ့ အ့ဲဒီတုန္းက ကြ်န္မက အခုထက္ ပိုပိန္တယ္ေလ။” ဟူ၍လည္း Megan Fox က ထပ္မံေျပာၾကားခ့ဲပါေသးတယ္။

 

Brad Pitt

နာမည္ေက်ာ္မင္းသားႀကီး Brad Pitt သည္လည္း Megan Fox က့ဲသုိ႔ပင္ ထူးထူးဆန္းဆန္း ၾကက္ဝတ္စုံျဖင့္ ေလာ့စ္အိန္ဂ်ယ္လိစ္ၿမိဳ႕မွ El Pollo Loco စားေသာက္ဆိုင္တစ္ဆုိင္၌ အလုပ္လုပ္ခ့ဲရပါတယ္။

 

Miley Cyrus

“ကြ်န္မ Sparkles Cleaning Services လို႔ေခၚတ့ဲ ေနရာမွာ အလုပ္လုပ္ခ့ဲၿပီး အိမ္သန္႔ရွင္းေရးေတြ လိုက္လုပ္ခ့ဲရပါတယ္။ အသက္ (၁၁) ႏွစ္အရြယ္မွာတင္ ကြ်န္မက အိမ္သာေတြကို ေကာင္းေကာင္းမြန္မြန္ တိုက္ခြ်တ္ေနႏိုင္ပါၿပီ။” ဟု (၂၀၀၈) ခုႏွစ္ေႏွာင္းပိုင္း၌ ေျပာၾကားခ့ဲဖူးပါတယ္။

<Zawgyi Version>

 

#HM(Soshwe)

#SoshweCelebrities

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ဂြိုဟ်သားတွေတကယ်ရှိတယ်ဆိုတာကို ယုံကြည်ထားကြတဲ့ နာမည်ကျော်များ။

ဂြိုဟ်သားတွေ အမှန်တကယ်ရှိ၊ မရှိဆိုတာနဲ့ ပတ်သက်လို့ လူတွေကြားထဲမှာ အမြဲတမ်း အငြင်းအခုံတွေ ရှိနေရပေမယ့် အချို့သောနာမည်ကျော်အနုပညာရှင်တွေကတော့ ဂြိုဟ်သားတွေ အမှန်တကယ်ရှိတယ်ဆိုတာကို လက်ခံယုံကြည်ထားပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ ဒီလိုမျိုးယုံကြည်ထားတဲ့ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro