ဝါရင့်မင်းသားကြီးများဖြစ်ကြသည့် DiCaprio နဲ့ Brad Pitt တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Once Upon a Time in Hollywood ဆိုသည့် ရုပ်ရှင်ဇာတ်ကားသစ်ကြီးအတွက် Trailer ကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တရားဝင်ထုတ်လွှင့် ပြသခဲ့ပါတယ်။
ယခုတစ်ပတ်အစောပိုင်းက မင်းသားကြီး DiCaprio က ယခုရုပ်ရှင်ဇာတ်ကားအတွက် ပထမဆုံး ပိုစတာတစ်ခုကို ပရိသတ်တွေဆီ မျှဝေခဲ့ပါတယ်။ နောက်ခံ Background အဖြစ် ရှေးဟောင်းကားတစ်စီးကို အသုံးပြုထားသည့် အဆိုပါပိုစတာသစ်ကြီးထဲ၌ DiCaprio နဲ့ Brad Pitt တို့ နှစ်ဦးက ပျင်းရိပျင်းတွဲဟန်ဖြင့် မတ်တပ်ရပ်လျက်ရှိနေကြပြီး အဆိုပါ ဇာတ်ကား၌ ပါဝင်သရုပ်ဆောင်မည့် မင်းသမီး Margot Robbie ကလည်း လော့စ်အိန်ဂျယ်လိစ်အနောက်ပိုင်း၌ တည်ရှိသည့်The Fox Village Theater ရှေ့၌ စမတ်ကျကျရပ်နေဟန်ဖြင့် ရိုက်ကူးထားသည့် အခြားသောပိုစတာတစ်ခုကို သူမကိုယ်တိုင်က ပရိသတ်တွေထံ မျှဝေခဲ့ပါသေးတယ်။
(၁၉၆၉) ခုနှစ်ရဲ့လော့စ်အိန်ဂျယ်လိစ်မြို့က အပြင်အဆင်များဖြင့် ရိုက်ကူးထားသည့် အဆိုပါ ဇာတ်ကား၌ DiCaprio က Rick Dalton အဖြစ် သရုပ်ဆောင်ထားပြီး Brad Pitt မှာမူ Cliff Booth အဖြစ် ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ကနဦးတွင် ဇာတ်ဆောင်မင်းသားနှစ်ယောက်လုံးက Hollywood တွင် ရှင်သန်နေထိုင်ရေးအတွက် ရုန်းကန်ခဲ့ရပြီး အဆိုပါ Once upon a Time in Hollywood ဇာတ်ကား၏ မိတ်ဆက်ပွဲအခမ်းအနား၌ Dalton အဖြစ် သရုပ်ဆောင်ထားသည့် DiCaprio က “သရုပ်ဆောင်တွေ အနေနဲ့ ဒီဇာတ်ကားမှာ အရမ်းကို အန္တရာယ်များတဲ့ စတန့်ကွက်တွေကို လုပ်ပြဖို့ လိုအပ်ခဲ့ပါတယ်။ ဒီဝန်ထုပ်ဝန်ပိုးတွေအတွက် Cliff ကလည်း အကောင်းဆုံး ကူညီပေးခဲ့ပါတယ်။” ဟုပြောကြားသွားခဲ့ပါတယ်။
Cliff Booth အဖြစ် သရုပ်ဆောင်သည့် Brad Pitt ကလည်း DiCaprio ရဲ့ ပြောစကားနဲ့ ပတ်သက်၍ “ဘာဝန်ထုပ်ဝန်ပိုးလဲဗျ? အော်သူ့ရဲ့ ဝန်ထုပ်ဝန်ပိုးလား။ ဒါဆိုရင်တော့ ဟုတ်တာပေါ့။” ဟူ၍လည်း နောက်ပြောင်ပြောကြားသွားခဲ့ပါသေးတယ်။ Once Upon a Time in Hollywood ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းအပြင်အဆင်များကိုလည်း (၁၉၆၀) ခုနှစ်ကာလများက အပြင်အဆင်အတိုင်းရိုက်ကူးထားသည်ကိုလည်း Trailer အတွင်း၌ မြင်တွေ့ခဲ့ရပြီး လာမည့် ဇူလိုင်လ (၂၆) ရက်နေ့၌ စတင်ပွဲထွက်လာဖွယ်ရှိပါတယ်။
#HM(Soshwe)
#SoshweEntertainment
#SoshweForYourDailyLife
#Like&Share