HomeEntertainmentရုပ်ရှင်သရုပ်ဆောင်အဖြစ် မြင်တွေ့ရတော့မယ့် Cardi B

ရုပ်ရှင်သရုပ်ဆောင်အဖြစ် မြင်တွေ့ရတော့မယ့် Cardi B

- Advertisement -

နယူးယောက်ခ်မြို့မှာ မကြာခင် စတင်ရိုက်ကူးတော့မယ့် Hustlers ဆိုတဲ့ ဇာတ်ကားမှာ Cardi B ဟာ Jennifer Lopez ၊ Lili Reinhart ၊ Constance Wu ၊ Julia Stiles တို့နဲ့အတူ ပါဝင်သရုပ်ဆောင်မှာပဲဖြစ်တယ်လို့ Deadlines သတင်းဌာနက ကြေငြာလိုက်ပါတယ်။  ဒီဇာတ်ကားဟာ ၂၀၁၆ခုနှစ် New York မဂ္ဂဇင်းထဲက ဆောင်းပါးတစ်ပုဒ်ကို အခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဆောင်းပါးထဲမှာဆိုရင် ဝတ်လစ်စားလစ်ကပြ ဖျော်ဖြေတင်ဆက်မှုတွေကျင်းပတဲ့ ကလပ်တစ်ခုရဲ့ ဝါရင့်ဝန်ထမ်းဟောင်းတွေက Wall Street က ဖောက်သည်တွေကို သူတို့ရဲ့သရုပ်ဆောင်မှုကို လာရောက်ကြည့်ရှုဖို့အတွက် အတူတကွကြိုးပမ်းဆောင်ရွက်ကြတာပါပဲဖြစ်ပါတယ်။

ကောင်းကွက်တစ်ခုကတော့ Cardi B ဟာ ယခင်ကလည်း ဒီအလုပ်ကို ကိုယ်တိုင်လုပ်ဖူးတာဖြစ်တဲ့အတွက်ကြောင့် သူမအတွက် ဇာတ်လမ်းဇာတ်ကွက်ကို ပိုပြီးခိုင်မာလာစေမယ့် အကြောင်းရင်းပဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် Cosmopolitan မဂ္ဂဇင်းရဲ့ မျက်နှာဖုံးအတွက် ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာတော့ Cardi B က သူမဟာ ဒီဝတ်လစ်စားလစ် ဖျော်ဖြေတင်ဆက်သူ အဖြစ် အသက်မွေးဝမ်းကျောင်းလာတဲ့တစ်လျှောက် ဝင်ငွေတော်တော်ရခဲ့တာဖြစ်ပြီး လူတွေကိုလည်း ဒီဖျော်ဖြေမှုကို အလုပ်တစ်ခုအဖြစ်မြင်စေချင်ကြောင်း ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ ထပ်ပြီးတော့ သူမက “လူတွေဟာ ကျွန်မကို ဘာလို့ ဒီအလုပ်ကိုလုပ်ရတာလဲလို့မေးတယ်။ ကျွန်မ ဒီအလုပ်ကို လုပ်ရခြင်းအကြောင်းအရင်းကိုပြောတော့ မပြောချင်ပါဘူး။ ကျွန်မက ကျွန်မရဲ့ချစ်သူနဲ့ပြတ်ချင်တယ်။ ကျွန်မအတွက်ငွေလိုတယ်။ အဲ့ဒါကြောင့် လုပ်ဖြစ်သွားတာပါ။ အဲ့ဒီတော့ လူတွေက ကျွန်မကို ဒီလိုဝတ်လစ်စားလစ် ကပြဖျော်ဖြေသူဖြစ်ခဲ့ဖူးတာကို သူတို့သိထားပေမယ့် ဘာလို့ ထပ်ခါတလဲလဲ ပြောနေရတာလဲလို့ ထင်ချင်ထင်နေပါလိမ့်မယ်။ ကျွန်မပြောချင်တာက လူတော်တော်များများက ကျွန်မကိုမလေးစားကြတာကလည်း ကျွန်မရဲ့အတိတ်ကြောင့်ပဲလေ။ ဒါပေမယ့် အဲ့ဒီလူတွေအကုန်လုံး အခုကနေစပြီး ကျွန်မလို ဝတ်လစ်စားလစ်ကပြဖျော်ဖြေသူတွေကို လေးစားအသိအမှတ်ပြုရတော့မယ် . . . ” လို့ဆိုခဲ့ပါတယ်။

 

- Advertisement -

#SY(Soshwe)

- Advertisement -

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

 

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

11 + four =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...