တစ်ယောက်ယောက်က ကိုယ့်ရဲ့ပိုက်ဆံအိတ်ကို နှိုက်သွားတာပဲဖြစ်ဖြစ်၊ ပိုက်ဆံအိတ် ကျပျောက်သွားတာပဲဖြစ်ဖြစ် ငွေသားကို ဆုံးရှုံးလိုက်ရတာထက် တချို့သောအရေးကြီးတဲ့ ကတ်ပြားလေးတွေကို ဆုံးရှုံးလိုက်ရတာက ပိုပြီးဆိုးရွားသွားစေနိုင်ပါတယ်။
၁။ လူမှုဖူလုံရေးကတ်ပြား။
လူမှုဖူလုံရေးကတ်ပြားကို ပိုက်ဆံအိတ်ထဲ ထည့်ထားလို့ ပိုက်ဆံအိတ်သာ ကျပျောက်သွားမယ် ဒါမှမဟုတ် အခိုးခံရပြီး မသမာသူတွေလက်ထဲကို ရောက်ရှိသွားမယ်ဆိုရင် သူတို့တွေက ကိုယ့်ရဲ့နာမည်ကိုအသုံးပြုပြီး ထင်တိုင်းကျဲလို့ရတာမို့ ကိုယ့်အတွက် နစ်နာမှုတွေအများကြီး ရှိလာနိုင်ပါတယ်။
၂။ ဆေးဝါးအကူအညီပေးမှုကတ်ပြား။
ကိုယ့်ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး အရေးတကြီးကုသဖို့ လိုမယ်ဆိုမှသာ ဒီကတ်ပြားကို သယ်ဆောင်သွားသင့်ပါတယ်။
၃။ လက်ခံရရှိကြောင်းပြေစာ။
ရုတ်တရတ်ကြည့်ရင်တော့ ဒီပြေစာတွေက အရေးမပါဘူးလို့ထင်ရပေမယ့် အရမ်းပါးနပ်တဲ့မသမာသူတွေအတွက်က ဒါဟာ အရမ်းကို အသုံးဝင်တဲ့အချက်အလက်တွေပဲ ဖြစ်ပါတယ်။
၄။ အသင်းဝင်ကတ်။
ဒီကတ်သာ မသမာသူတွေလက်ထဲရောက်သွားမယ်ဆိုရင် သူတို့ဟာ ကိုယ့်နာမည်ကို အသုံးပြုပြီး ဝင်ထွက်သွားလာရာကနေ ပြဿနာတစ်စုံတစ်ခုတက်လာပါက ကိုယ့်တာဝန်ဖြစ်လာမှာ မုချဧကန်ပဲဖြစ်ပါတယ်။
၅။ လက်ဆောင်ပြေစာ။
လက်ဆောင်ပြေစာတွေဟာ ငွေနဲ့လဲလှယ်လို့မရနိုင်ဘဲ ပစ္စည်းနဲ့သာ လဲယူရရှိနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်အသုံးပြုမယ်ဆိုတာ သေချာမှ ထိုပြေစာကို သယ်ဆောင်သွားသင့်ပါတယ်။
၆။ အကြွေးဝယ်ကတ်ပြား။
အကြွေးဝယ်ကတ်ပြားတွေကို တစ်ခုနှစ်ခုထက်ပိုပြီး မသယ်ဆောင်သွားသင့်ပါဘူး။
၇။ အလုပ်ခွင်ကတ်ပြား။
ကိုယ့်ရဲ့အလုပ်ခွင်ကတ်ပြားကို ကျမပျောက်နိုင်တဲ့ဘောင်းဘီအိတ်ကတ် ဒါမှမဟုတ် လည်ပင်းမှာပဲ ဆွဲထားသင့်ပါတယ်။
၈။ လျှို့ဝှက်နံပါတ်။
လူတော်တော်များများဟာ သူတို့ရဲ့ လျှို့ဝှက်နံပါတ်တွေကို စာရွက်ပေါ်မှာချရေးထားတတ်ကြပါတယ်။ တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ကိုယ်ရေးအချက်အလက်တွေကို အသုံးပြုပြီး စိတ်ကြိုက်အကွက်ရွှေ့သွားနိုင်ပါတယ်။
၉။ ဘဏ်ချက်လက်မှတ်။
ချက်လက်မှတ်ဆိုတဲ့ စာရွက်စာတမ်းမျိုးဟာ ပိုက်ဆံအိတ်ထဲတွင် မထားသင့်ဘဲ လုံခြုံသောနေရာတွင်သာ သိမ်းဆည်းထားသင့်ပါတယ်။
၁၀။ သော့အပို။
သော့အပိုတွေကို ပိုက်ဆံအိတ်ထဲတွင် သယ်ဆောင်သွားခြင်းမျိုး မပြုလုပ်သင့်ပါဘူး။ တကယ်လို့ ပိုက်ဆံအိတ်ကျပျောက်ခဲ့ပါက အရေးနဲ့အကြောင်းနဲ့ဆိုရင် အခက်ကြုံနိုင်ပါတယ်။
<Unicode Version>
ပိုက္ဆံအိတ္ထဲတြင္ ေဆာင္မထားသင့္ေသာ ပစၥည္းမ်ား။
တစ္ေယာက္ေယာက္က ကိုယ့္ရဲ႕ပိုက္ဆံအိတ္ကို ႏႈိက္သြားတာပဲျဖစ္ျဖစ္၊ ပိုက္ဆံအိတ္ က်ေပ်ာက္သြားတာပဲျဖစ္ျဖစ္ ေငြသားကို ဆံုးရႈံးလိုက္ရတာထက္ တခ်ိဳ႕ေသာအေရးႀကီးတဲ့ ကတ္ျပားေလးေတြကို ဆံုးရႈံးလိုက္ရတာက ပိုၿပီးဆိုးရြားသြားေစႏိုင္ပါတယ္။
၁။ လူမႈဖူလံုေရးကတ္ျပား။
လူမႈဖူလံုေရးကတ္ျပားကို ပိုက္ဆံအိတ္ထဲ ထည့္ထားလို႔ ပိုက္ဆံအိတ္သာ က်ေပ်ာက္သြားမယ္ ဒါမွမဟုတ္ အခိုးခံရၿပီး မသမာသူေတြလက္ထဲကို ေရာက္ရွိသြားမယ္ဆိုရင္ သူတို႔ေတြက ကိုယ့္ရဲ႕နာမည္ကိုအသံုးျပဳၿပီး ထင္တိုင္းက်ဲလို႔ရတာမို႔ ကိုယ့္အတြက္ နစ္နာမႈေတြအမ်ားႀကီး ရွိလာႏိုင္ပါတယ္။
၂။ ေဆးဝါးအကူအညီေပးမႈကတ္ျပား။
ကိုယ့္က်န္းမာေရးအေျခအေနနဲ႔ပတ္သက္ၿပီး အေရးတႀကီးကုသဖို႔ လိုမယ္ဆိုမွသာ ဒီကတ္ျပားကို သယ္ေဆာင္သြားသင့္ပါတယ္။
၃။ လက္ခံရရွိေၾကာင္းေျပစာ။
ရုတ္တရတ္ၾကည့္ရင္ေတာ့ ဒီေျပစာေတြက အေရးမပါဘူးလို႔ထင္ရေပမယ့္ အရမ္းပါးနပ္တဲ့မသမာသူေတြအတြက္က ဒါဟာ အရမ္းကို အသံုးဝင္တဲ့ အခ်က္အလက္ေတြပဲ ျဖစ္ပါတယ္။
၄။ အသင္းဝင္ကတ္။
ဒီကတ္သာ မသမာသူေတြလက္ထဲေရာက္သြားမယ္ဆိုရင္ သူတို႔ဟာ ကိုယ့္နာမည္ကို အသံုးျပဳၿပီး ဝင္ထြက္သြားလာရာကေန ျပႆနာတစ္စံုတစ္ခုတက္လာပါက ကိုယ့္တာဝန္ျဖစ္လာမွာ မုခ်ဧကန္ပဲျဖစ္ပါတယ္။
၅။ လက္ေဆာင္ေျပစာ။
လက္ေဆာင္ေျပစာေတြဟာ ေငြနဲ႔လဲလွယ္လို႕မရႏိုင္ဘဲ ပစၥည္းနဲ႔သာ လဲယူရရွိႏိုင္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကိုယ္အသံုးျပဳမယ္ဆိုတာ ေသခ်ာမွ ထိုေျပစာကို သယ္ေဆာင္သြားသင့္ပါတယ္။
၆။ အေၾကြးဝယ္ကတ္ျပား။
အေၾကြးဝယ္ကတ္ျပားေတြကို တစ္ခုႏွစ္ခုထက္ပိုၿပီး မသယ္ေဆာင္သြားသင့္ပါဘူး။
၇။ အလုပ္ခြင္ကတ္ျပား။
ကိုယ့္ရဲ႕အလုပ္ခြင္ကတ္ျပားကို က်မေပ်ာက္ႏိုင္တဲ့ ေဘာင္းဘီအိတ္ကတ္ ဒါမွမဟုတ္ လည္ပင္းမွာပဲ ဆြဲထားသင့္ပါတယ္။
၈။ လွ်ိဳ႕ဝွက္နံပါတ္။
လူေတာ္ေတာ္မ်ားမ်ားဟာ သူတို႔ရဲ႕ လွ်ိဳ႕ဝွက္နံပါတ္ေတြကို စာရြက္ေပၚမွာခ်ေရးထားတတ္ၾကပါတယ္။ တစ္စံုတစ္ေယာက္က ကိုယ့္ရဲ႕ကိုယ္ေရးအခ်က္အလက္ေတြကို အသံုးျပဳၿပီး စိတ္ႀကိဳက္အကြက္ေရႊ႕သြားႏိုင္ပါတယ္။
၉။ ဘဏ္ခ်က္လက္မွတ္။
ခ်က္လက္မွတ္ဆိုတဲ့ စာရြက္စာတမ္းမ်ိဳးဟာ ပိုက္ဆံအိတ္ထဲတြင္ မထားသင့္ဘဲ လံုျခံဳေသာေနရာတြင္သာ သိမ္းဆည္းထားသင့္ပါတယ္။
၁၀။ ေသာ့အပို။
ေသာ့အပိုေတြကို ပိုက္ဆံအိတ္ထဲတြင္ သယ္ေဆာင္သြားျခင္းမ်ိဳး မျပဳလုပ္သင့္ပါဘူး။ တကယ္လို႕ ပိုက္ဆံအိတ္က်ေပ်ာက္ခ့ဲပါက အေရးနဲ႔အေၾကာင္းနဲ႔ဆိုရင္ အခက္ႀကံဳႏိုင္ပါတယ္။
#SY(Soshwe)
#SoshweLifeStyle
#SoshweForYourDailyLife
#Like&share