ကမ္ဘာတစ်ဝှမ်းက လူပေါင်း ၁၆၀၀ ကျော်ကို စာရင်းပြုစုပြီးနောက် လက်ထပ်ခွင့်တောင်းဖို့အကောင်းဆုံးနေရာများကို Dating Website တစ်ခုဖြစ်တဲ့ EliteSingles မှ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
၁။ Venice, Italy
ကမ္ဘာပေါ်က အလှပဆုံးသောမြို့တော်တွေထဲက တစ်ခုဖြစ်တဲ့ Venice မြို့မှာ ကိုယ့်ချစ်သူက လက်ထပ်ခွင့်တောင်းတာကို ဘယ်သူက မလိုချင်ပဲနေမလဲနော်။
၂။ Paris, France
Paris က နံပါတ် (၁) နေရာမှာမရှိလို့ အ့ံအားသင့်သွားတာလား ? ? ?
၃။ Hawaii, USA
နေဝင်ဆည်းဆာချိန်မှာ ပင်လယ်ပြင်ကြီးရဲ့ အလှအပကို ခံစားရင်း လပ်ထပ်ခွင့်တောင်းတာကလည်း အကြံညဏ်ကောင်းတခုပဲဖြစ်ပါတယ်။
၄။ The Bahamas
သဲဖြူတွေဖုံးလွှမ်းနေတဲ့ ကျွန်းပေါ်မှာ Snorkeling လည်း လုပ်လို့ရသလို ဝက်ပေါက်စလေးတွေနဲ့လည်း ရေကူးလို့ရနိုင်ပါတယ်။ နောက်ပြီး ကြည်လင်ပြာတောက်နေတဲ့ ရေပြင်အလှအပနဲ့လည်း Propose လုပ်ဖို့ အကောင်းဆုံးနေရာတစ်နေရာ ဖြစ်ပါတယ်။
၅။ Vanua Levu, Fiji
သဘာဝအလှတရားနဲ့ ခမ်းနားမှုတွေဖုံးလွှမ်းနေတဲ့ Fiji ဟာ သင့်ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့ အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။
၆။ မိမိရဲ့ နေအိမ်
အပြင်မှာ လက်ထပ်ခွင့်မတောင်းဘဲ နေအိမ်မှာ လက်ထပ်ခွင့်တောင်းတာကလည်း အကုန်အကျနည်းနည်းနဲ့ ချစ်ကြည်နူးစရာအချိန်လေးတွေကို ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။
၇။ Bali, Indonesia
ဘာလီကျွန်းက ကမ်းခြေတစ်ခုခုမှာ နေဝင်တာကို အတူတူကြည့်ရှုခံစားနေတဲ့အချိန် လက်ထပ်ခွင့်တောင်းသင့်ပါတယ်။
၈။ New Yourk, USA
နယူးယောက်မှာ မလုပ်နိုင်တဲ့အရာဆိုတာ မရှိသလောက်ပဲ။ အကောင်းဆုံးအကြံပေးရမယ်ဆိုရင်တော့ နယူယောက်မှာရှိတဲ့ မိုးမျှော် Sky Bar တွေဟာ ချစ်သူကို လက်ထပ်ခွင့်တောင်းဖို့ အကောင်းဆုံးနေရာပဲဖြစ်ပါတယ်။
၉။ Niagara Falls, North America
သင့်ချစ်သူကို မှင်သက်သွားစေနိုင်လောက်အောင် ဆွဲဆောင်မှုရှိတဲ့ ရေတံခွန်ကြီးမှာ ချစ်ခွင့်ပန်လိုက်ပါ။
၁၀။ Sydney, Australia
Australia လို လှပတဲ့ ရှုခင်းတွေပြည့်ဝနေတဲ့ နေရာမျိုးမှာလည်း လက်ထပ်ခွင့်တောင်းခြင်းက သင့်အတွက် အရှုံးမရှိနိုင်ပါဘူး။
၁၁။ Edinburgh, Scotland
နန်းတော်လိုမျိုး၊ ရဲတိုက်လိုမျိုး အဆောက်အဦးတွေ အများကြီးရှိတဲ့ စကော့တလန်ဟာလည်း Propose လုပ်ဖို့ နေရာကောင်းတစ်ခုပဲဖြစ်ပါတယ်။
၁၂။ Las Vegas, USA
တကယ်လို့ သင်ဟာ ငွေကြေးတတ်နိုင်တဲ့လူတစ်ယောက်ဆိုရင် Las Vegas ကတော့ သင့်အတွက် Propose လုပ်ဖို့ အကောင်းဆုံးနေရာဖြစ်ပါလိမ့်မယ်။
<Unicode Version>
ကမ္ဘာတစ်ဝှမ်းက ကြည်နူးဖွယ် လက်ထပ်ခွင့်တောင်းဖို့ အကောင်းဆုံးနေရာများ။
၁။ Venice, Italy
၂။ Paris, France
Paris က နံပါတ် (၁) နေရာမှာမရှိလို့ အံ့အားသင့်သွားတာလား ? ? ?
၃။ Hawaii, USA
၎။ The Bahamas
၅။ Vanua Levu, Fiji
၆။ မိမိရဲ့ နေအိမ်
၇။ Bali, Indonesia
၈။ New Yourk, USA
၁၀။ Sydney, Australia
၁၁။ Edinburgh, Scotland
၁၂။ Las Vegas, USA
<Zawgyi Version>
#SY(Soshwe)
#soshwelifestyle
#soshweforyourdailylife
#likeandshare