Breaking News

သူမရဲ့ချစ်သူဟောင်းတွေနဲ့ တွဲသွားတွဲလာလုပ်နေရတဲ့ အကြောင်းအရင်းကို ထုတ်ဖော်ပြောကြားလာတဲ့ Ariana Grande

Ariana Grande ရဲ့ Sweetener ဆိုတဲ့ ကမ္ဘာလှည့်ဖျော်ဖြေပွဲကြီးဟာ မကြာသေးခင်ကပဲ အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ သို့သော်လည်း အဆိုပါဖျော်ဖြေပွဲမတိုင်ခင်မှာ Ariana ရဲ့ ချစ်သူဟောင်းတွေနဲ့ တွဲသွားတွဲလာလုပ်နေတာတွေကို တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။

လွန်ခဲ့သော လအနည်းငယ်က သူမကို သူမရဲ့ချစ်သူဟောင်းတွေဖြစ်တဲ့ Big Sean ၊ Ricky Alvarez တို့နဲ့ တွဲသွားတွဲလာလုပ်တာကို သတင်းထောက်တွေက ဓါတ်ပုံရိုက်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ သူမဟာ ချစ်သူဟောင်းတွေဖြစ်တဲ့ Big Sean ၊ Ricky Alvarez ၊ Mac Miller နဲ့ Pete Davidson တို့ရဲ့ နာမည်တွေကို သူမရဲ့ “Thank U, Next” သီချင်းထဲတွင် ထည့်သွင်းသီဆိုခဲ့တာပဲဖြစ်ပါတယ်။ ကြည့်ရတာတော့ Ariana က သူမရဲ့ကမ္ဘာလှည့်ခရီးစဉ်မစတင်ခင်မှာ သူမနဲ့ သူမချစ်သူဟောင်းတွေကြားမှာရှိခဲ့တဲ့ ချွတ်ယွင်းမှုလေးတွေကို ပြင်ဆင်ချင်လို့ပဲဖြစ်မှာပါ။

ပြောရေးဆိုခွင့်ရှိသူတစ်ယောက်က US Weekly ကို “Thank U, Next” သီချင်းထွက်လာပြီးနောက်မှာတော့ သူမက သူမရဲ့တစ်ကိုယ်ရည်ဘဝကို သူမရဲ့သူငယ်ချင်းတွေနဲ့ အချိန်ကုန်စေပြီး ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးပဲ ဖြတ်သန်းနေတာပါ။ ဒါပေမယ့် ရက်သတ္တပတ်လည်းကြာရော သူမက ချစ်သူဟောင်းတွေနဲ့ သူမကြားမှာရှိတဲ့ ချစ်သံယောဇဉ်က ဘယ်လိုအမှားအယွင်းတွေကြောင့်ပျက်စီးခဲ့ရတာလည်းဆိုတာကို သိလိုစိတ်နဲ့ ချစ်သူဟောင်းတွေနဲ့ ပြန်လည်တွေ့ဆုံခဲ့တာပါ။ သူမရဲ့ ရှေ့လျှောက် ဘဝတစ်လျှောက်လုံးမှာလည်း သူမကို တစ်စုံတစ်ယောက်က မုန်းတီးနေတာမျိုးကိုလည်းမလိုချင်ပါဘူး။ ဒါကြောင့်မို့ သူမရဲ့ ချစ်သူဟောင်းတွေဆီမှာ သူမ မှားခဲ့တာတွေ၊ အဆင်မပြေဖြစ်စေခဲ့တာတွေအတွက် တောင်းပန်ပြီး ဘဝကို လိပ်ပြာသန့်သန့်လေးနဲ့ နေထိုင်ချင်လို့ပဲဖြစ်ပါတယ် . . .” လို့ ပြောပြခဲ့ပါတယ်။
<Unicode Version>

 

သူမရဲ႕ခ်စ္သူေဟာင္းေတြနဲ႔ တြဲသြားတြဲလာလုပ္ေနရတ့ဲ အေၾကာင္းအရင္းကို ထုတ္ေဖာ္ေျပာၾကားလာတ့ဲ Ariana Grande

Ariana Grande ရဲ႕ Sweetener ဆိုတဲ့ ကမာၻလွည့္ေဖ်ာ္ေျဖပြဲႀကီးဟာ မၾကာေသးခင္ကပဲ ေအာင္ျမင္စြာ ၿပီးဆံုးသြားၿပီျဖစ္ပါတယ္။ သို႔ေသာ္လည္း အဆိုပါေဖ်ာ္ေျဖပြဲမတိုင္ခင္မွာ Ariana ရဲ႕ ခ်စ္သူေဟာင္းေတြနဲ႔ တြဲသြားတြဲလာလုပ္ေနတာေတြကို ေတြ႔ခဲ့ရတာပဲျဖစ္ပါတယ္။

လြန္ခဲ့ေသာ လအနည္းငယ္က သူမကို သူမရဲ႕ခ်စ္သူေဟာင္းေတြျဖစ္တဲ့ Big Sean ၊ Ricky Alvarez တို႔နဲ႔ တြဲသြားတြဲလာလုပ္တာကို သတင္းေထာက္ေတြက ဓါတ္ပံုရိုက္ယူႏိုင္ခဲ့တာျဖစ္ပါတယ္။  သူမဟာ ခ်စ္သူေဟာင္းေတြျဖစ္တဲ့ Big Sean ၊ Ricky Alvarez ၊ Mac Miller နဲ႔ Pete Davidson တို႔ရဲ႕ နာမည္ေတြကို သူမရဲ႕ “Thank U, Next” သီခ်င္းထဲတြင္ ထည့္သြင္းသီဆိုခဲ့တာပဲျဖစ္ပါတယ္။ ၾကည့္ရတာေတာ့ Ariana က သူမရဲ႕ကမာၻလွည့္ခရီးစဥ္မစတင္ခင္မွာ သူမနဲ႔ သူမခ်စ္သူေဟာင္းေတြၾကားမွာရွိခဲ့တဲ့ ခၽြတ္ယြင္းမႈေလးေတြကို ျပင္ဆင္ခ်င္လို႔ပဲျဖစ္မွာပါ။

ေျပာေရးဆိုခြင့္ရွိသူတစ္ေယာက္က US Weekly ကို “Thank U, Next” သီခ်င္းထြက္လာၿပီးေနာက္မွာေတာ့ သူမက သူမရဲ႕တစ္ကိုယ္ရည္ဘဝကို သူမရဲ႕သူငယ္ခ်င္းေတြနဲ႔ အခ်ိန္ကုန္ေစၿပီး ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေပါ့ေပါ့ပါးပါးပဲ ျဖတ္သန္းေနတာပါ။ ဒါေပမယ့္ ရက္သတၱပတ္လည္းၾကာေရာ သူမက ခ်စ္သူေဟာင္းေတြနဲ႔ သူမၾကားမွာရွိတဲ့ ခ်စ္သံေယာဇဥ္က ဘယ္လိုအမွားအယြင္းေတြေၾကာင့္ပ်က္စီးခဲ့ရတာလည္းဆိုတာကို သိလိုစိတ္နဲ႔ ခ်စ္သူေဟာင္းေတြနဲ႔ ျပန္လည္ေတြ႔ဆံုခဲ့တာပါ။ သူမရဲ႕ ေရွ႕ေလွ်ာက္ ဘဝတစ္ေလွ်ာက္လုံးမွာလည္း သူမကို တစ္စုံတစ္ေယာက္က မုန္းတီးေနတာမ်ိဳးကိုလည္းမလိုခ်င္ပါဘူး။ ဒါေၾကာင့္မို႔ သူမရဲ႕ ခ်စ္သူေဟာင္းေတြဆီမွာ သူမ မွားခဲ့တာေတြ၊ အဆင္မေျပျဖစ္ေစခဲ့တာေတြအတြက္ ေတာင္းပန္ၿပီး ဘဝကို လိပ္ျပာသန္႔သန္႔ေလးနဲ႔ ေနထိုင္ခ်င္လို႕ပဲျဖစ္ပါတယ္ . . .” လို႔ ေျပာျပခဲ့ပါတယ္။

 

#SY(Soshwe)

#SoshweCelebrity

#SoshweForYourDailyLife

#Like&Share

About admin

Check Also

Miley Cyrus တွဲခုတ်ခဲ့ဖူးသော ရည်းစားများ။

နာမည်ကျော် အဆိုတော် Miley Cyrus တစ်ယောက် တွဲခုတ်ခဲ့ဖူးသော ရည်းစားများနဲ့ ပတ်သက်၍ အံ့အားသင့်ဖွယ်ရာ မှတ်တမ်းများရှိနေပြီး သြစတြေးလျသရုပ်ဆောင် Liam Hemsworth၊ မော်ဒယ်လ် Stella …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro