HomeOtherWarner Bros စီအီးအိုနဲ့ လိင်ကိစ္စအရှုပ်တော်ပုံ။

Warner Bros စီအီးအိုနဲ့ လိင်ကိစ္စအရှုပ်တော်ပုံ။

- Advertisement -

Warner Bros ရဲ့ စီအီးအိုဖြစ်သူ Kevin Tsujihara သည် လိင်ပိုင်းဆိုင်မရာ မလျော်မကန်ပြုကျင့်ခဲ့သည်ဆိုသော စွပ်စွဲချက်များကြောင့် Warner Bros ရဲ့ စီအီးအိုရာထူးမှ နှုတ်ထွက်ခဲ့ပြီဖြစ်ကြောင်း သိရှိရပါတယ်။ အသက် (၅၄) နှစ်အရွယ်ရှိပြီဖြစ်သူ Kevin သည် ပြီးခဲ့သည့် (၂၀၁၃) ခုနှစ်မှစတင်ကာ Warner Bros ရဲ့ စီအီးအိုရာထူးကို တာဝန်ယူခဲ့သူဖြစ်ပြီး မင်းသမီးတစ်ဦးဖြစ်သူ Charlotte Kirk နဲ့ လိင်ပိုင်းဆိုင်ရာ အရှုပ်အထွေးများနဲ့ အခြားသော အလုပ်အမှုဆောင် အဖွဲ့ဝင်များကိုလည်း Kirk အား ရုပ်ရှင်ရိုက်ကူးရေးတွင် ပါဝင်ခွင့်ပေးရန်အတွက် တွန်းအားပေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် အခုလိုပဲ စီအီးအိုရာထူးမှ နှုတ်ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း The Hollywood Reporter မှ ဖော်ပြခဲ့ပါတယ်။

WarnerMedia ရဲ့ စီအီးအို John Stankey ကလည်း “Kevin က ပြီးခဲ့တဲ့ (၂၅) နှစ်တာ ကာလတစ်လျှောက် ဒီစတူဒီယိုနဲ့ ပတ်သက်ပြီး အောင်မြင်မှုတွေ အများကြီး ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့အတွက် သူ့ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ လက်ရှိအချိန်မှာလည်း သူ့ရဲ့ အမှားတွေကြောင့် ကုမ္ပဏီရဲ့ ရှေ့ဆက်သွားမယ့် လမ်းစဉ်တွေကို ထိခိုက်စေနိုင်တာကြောင့် ဒီကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုနေရာနဲ့ မသင့်တော်ဘူးလို့ ယူဆပြီး အခုလိုပဲ ရာထူးက နှုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။

သို့ရာတွင်မူ Warner Bros သည် Kevin အားစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည့် တတိယအုပ်စုတစ်ခုဖြစ်သည့် Law Firm နဲ့မူ ဆက်လက် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။ THR က Kevin အနေနဲ့ လိင်ပိုင်းဆိုင်ရာ မက်ဆေ့ခ်ျများ ပေးပို့ခွင့်အတွက် Kirk အား ရုပ်ရှင်ဇာတ်ကားများ၌ ပါဝင်သရုပ်ဆောင်ခွင့်နဲ့ မက်လုံးပေးကမ်းလှမ်းခဲ့ကြောင်း ပြည်သူလူထု ရှေ့မှောက်ထံ ယခုလအစောပိုင်းက ဖွင့်ချပြခဲ့ပါတယ်။

- Advertisement -

Deadline ရဲ့ ဖော်ပြချက်အရ Kevin က “ပြီးခဲ့တဲ့ တစ်ပတ်ကျော်ကြာ ကာလအတွင်းမှာ ပေါ်ပေါက်လာခဲ့တဲ့ ကျွန်တော့်ရဲ့ အတိတ်ကဖြစ်ရပ်တွေက ကုမ္ပဏီရဲ့ အနာဂတ်ကို ထိခိုက်စေနိုင်တဲ့ဖြစ်ရပ်မျိုးတွေ ဖြစ်ခဲ့ပါတယ်။ John Stankey နဲ့ အချိန်အတော်ကြာ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ Warner Bros အတွက် အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပြီး စီအီးအိုရာထူးကနေ နှုတ်ထွက်ပေးခဲ့ပါတယ်။”

- Advertisement -

“ကျွန်တော် ဒီကုမ္ပဏီကို ချစ်မြတ်နိုးပြီး ဒီအဖွဲ့အစည်းတစ်ခုလုံးကို ဦးဆောင်နိုင်ခဲ့တဲ့အပြင် လွန်ခဲ့တဲ့ (၂၅) နှစ်လုံးလုံး အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေနဲ့ အလုပ်လုပ်ခွင့်ရခဲ့တာက တကယ်ကို ဂုဏ်ယူစရာပါပဲ။ ဒီစတူဒီယိုကို အားလုံးအတူတကွတည်ထောင်ခဲ့ပြီး ဒီလုပ်ငန်းခွင်ထဲမှာ အခြား ကုမ္ပဏီတွေထက် အပြတ်အသတ်အသာရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်သာ ဒီမှာ ဆက်ရှိနေရင် ကုမ္ပဏီရဲ့ ရှေ့ဆက်လျှောက်လှမ်းရမယ့် ခရီးလမ်းမှာ အခက်အခဲတွေရှိလာနိုင်ပါတယ်။ လူတိုင်းရဲ့ အလုပ်ကြိုးစားမှုက ဒီအဖွဲ့အစည်းကြီးတစ်ခုလုံးရဲ့ လေးစားစရာစွမ်းဆောင်ရည်ပါပဲ။ မီဒီယာတွေက ဒီလိုမျိုးစွမ်းဆောင်ရည်တွေထက် ကျွန်တော့်ရဲ့ အတိတ်က အကြောင်းအရာတွေကိုပဲ ပိုပြီး စိတ်ဝင်စားနေတာမျိုးကို ကျွန်တော် မဖြစ်စေချင်ပါဘူး။” ဟုလည်း ပြောကြားခဲ့ပါတယ်။

Kirk သည် Warner Bros က ရိုက်ကူးခဲ့သည့် Ocean’s 8 ဇာတ်ကား နဲ့ How To Be Single ဆိုသည့် ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပြီးခဲ့သည့် (၂၀၁၃) ခုနှစ်တွင် သြစတြေးလျ ဘီလျံနာတစ်ဦးဖြစ်သည့် James Packer ရဲ့ မိတ်ဆက်ပေးမှုကြောင့် Kevin နဲ့ စတင်ရင်းနှီးခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် Packer နဲ့ ဒါရိုက်တာဖြစ်သည့် Brett Ratner တို့နှစ်ဦးကြား၌လည်း ရင်းနှီးသော ဆက်ဆံရေးများရှိခဲ့ကြောင်း ပြည်သူလူထုထံ ဖွင့်ချပြခဲ့ပါတယ်။

သို့ရာတွင်မူ ဒါရိုက်တာ Ratner ရဲ့ ရှေ့နေဖြစ်သူက ယခုဖြစ်ရပ်တွင် သူ့ရဲ့ အမှုသည်၌ မည်သည့်အပြစ်မျှ မရှိကြောင်း တရားဝင်ငြင်းဆန်ထားခဲ့သလို Kirk ကိုယ်တိုင်ကလည်း ယခုဖြစ်ရပ်တွင် ဒါရိုက်တာဖြစ်သူ Brett Ratner နဲ့ သြစတြေးလျ ဘီလျံနာ James Packer တို့ နှစ်ဦးလုံးထံ၌ အပြစ်မရှိကြောင်း ကာကွယ်ပြောကြားမှုများ ပြုလုပ်ထားကြောင်းလည်း သိရှိရပါတယ်။

 

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

ten + sixteen =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...