HomeOtherအသက် (၂) နှစ်အရွယ်သမီးနဲ့မိခင်ဖြစ်သူတို့ ရက်ရက်စက်စက် သတ်ဖြတ်ခံရခြင်းအတွက် တရားခံက ဘယ်သူဖြစ်မလဲ ? ? ?

အသက် (၂) နှစ်အရွယ်သမီးနဲ့မိခင်ဖြစ်သူတို့ ရက်ရက်စက်စက် သတ်ဖြတ်ခံရခြင်းအတွက် တရားခံက ဘယ်သူဖြစ်မလဲ ? ? ?

- Advertisement -

Noelani Robinson ဟုအမည်ရသည့် အသက် (၂) နှစ်အရွယ် မိန်းကလေးငယ်လေးရဲ့ အလောင်းကို ပြီးခဲ့သည့် မတ်လ (၁၅) ရက်နေ့ ညနေ (၆) နာရီဝန်းကျင်တွင် ရေမြောင်းတစ်ခုအတွင်း၌ စောင်ဖြင့်ပတ်လျက်ရှိနေသည်ကို တွေ့ရှိခဲ့ရပြီး လက်ရှိအချိန်၌ Minnesota ဒေသမှ မှုခင်းစုံစမ်းရေးတပ်ဖွဲ့က Robinson သေဆုံးမှုနဲ့ ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့နေပြီဖြစ်ပါတယ်။

Robinson ရဲ့ အလောင်းကို ရှာဖွေမတွေ့ရှိခင် (၂) ရက်အလို၌ အသက် (၂၄) နှစ်အရွယ် မိခင်ဖြစ်သူ Sierra သည်လည်း Milwaukee ဒေသရှိ သူမတို့မိသားစု နေအိမ်အပြင်ဘက်၌ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး လက်ရှိအချိန်တွင်မူ ရဲတပ်ဖွဲ့က Robinson ရဲ့ ဖခင်ဖြစ်သူ Higgin က ယခုကဲ့သို့ လူသတ်မှုများ ကျူးလွန်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ယုံကြည်နေပါတယ်။

Wisconsin မြို့တော်ဝန်သည်လည်း ယခုဖြစ်ရပ်နဲ့ ပတ်သက်၍ အလွန်အမင်းကြေကွဲဝမ်းနည်းရပါကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မြို့တော်ဝန်ဖြစ်သူ Tom Barrett က “Robinson ကအရမ်းကို ချစ်စရာကောင်းတဲ့ ကလေးသေးသေးလေးပါပဲ။ ဒါပေမယ့် လူကုန်ကူးခံခဲ့ရတဲ့ ရလဒ်ဆိုးအနေနဲ့  သူမရဲ့ ဘဝက စောစောစီးစီးပဲ နိဂုံးချုပ်သွားခဲ့ရပါတယ်။ သူမရဲ့ ဖြစ်ရပ်ဆိုးကြီးက လူသားတွေအနေနဲ့ လူကုန်ကူးမှု အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရဆဲဆိုတာကို မီးမောင်းထိုးပြခဲ့တာဖြစ်ပြီး ဒီကိစ္စမှာ သေချာပေါက် လူကုန်ကူးမှု ဖြစ်ရပ်တွေ ပါဝင်ပတ်သက်နေပါလိမ့်မယ်။” ဟုပြောကြားခဲ့ပါတယ်။

- Advertisement -

လူသတ်မှု ကျူးလွန်ခဲ့သူဟု ယူဆရသည့် Higgins ကို မတ်လ (၁၃) ရက်နေ့၌ Milwaukee ဒေသရှိ Motel တစ်ခုတွင် ဖမ်းဆီးရမိခဲ့ပြီး ရဲတပ်ဖွဲ့ကလည်း ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းတည်းက Higgins ကို ဝရမ်းထုတ်ထားခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရပါတယ်။ သေဆုံးသူ Robinson ရဲ့ အဘွားဖြစ်သူ Latosha Bryant ကလည်း ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌ သူမရဲ့ မြေးဖြစ်သူကို ပြန်ပေးရန် သံသယရှိသူ Higgins ထံအသနားခံတောင်းဆိုခဲ့ကြောင်း ပြန်လည်ဖွင့်ဟပြောကြားခဲ့ပါတယ်။

- Advertisement -

Bryant က “မင်းငါ့ရဲ့ ကလေးကို ယူသွားပြီးပြီပဲ။ ငါ့မြေးကိုတော့ ပြန်ပေးပါ။ ဒါမှမဟုတ်လည်း တခြားတစ်ယောက်ယောက်ကို ပေးလိုက်ပါ။ ဒါမှ သူလည်း ဘေးကင်းပြီး ငါတို့ သူ့ကို ပြန်ခေါ်နိုင်မှာ။ ငါတောင်းဆိုချင်တာ ဒါအကုန်ပါပဲ။” ဟုတောင်းဆိုခဲ့ကြောင်း MSN ထံသို့ ပြောကြားခဲ့ပါတယ်။ Higgins ကို လက်ရှိအချိန်၌ Milwaukee အကျဉ်းထောင်၌ ဖမ်းဆီးအချုပ်ချထားပြီး လာမည့် မတ်လ (၂၅) ရက်နေ့၌ ပထမဆုံး ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။

 

#HM(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

2 + sixteen =

Must Read

အလွန်ချစ်ဖို့ကောင်းတဲ့ အမူအယာမျိုးစုံနဲ့ ခွေးလေးများ။

ဒီတစ်ခေါက်မှာတော့ Soshwe ကနေ ခွေးလေးတွေကို ချစ်ခင်နှစ်သက်ကြတဲ့ သူငယ်ချင်းတွေအတွက် အမူအယာအမျိုးမျိုးနဲ့ ချစ်စရာကောင်းတဲ့ခွေးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် . . .   ၁။ ဘယ်လိုတောင်ဆော့လဲမေး . . . ၂။ နေချင်သလိုနေမယ်၊ လုပ်ချင်သလို လုပ်မယ်ဆိုတဲ့အထာမျိုုး . . . ၃။ သခင်လိုပဲ သူလည်းသောက်ချင်မှာပေါ့...