Breaking News

ဂျပန်လူမျိုးတို့ရဲ့ ထူးထူးခြားခြား အမျိုးသားလိင်အင်္ဂါပွဲတော်။

ဂျပန်နိုင်ငံ၌ ကျင်းပလေ့ရှိသည့် အမျိုးသားလိင်အင်္ဂါပွဲတော်ဆိုတာ အဖွဲ့ဝင်ပေါင်းများစွာ၊ ပုံစံအမျိုးမျိုးဖြင့် ပြုလုပ်ထားသည့် အမျိုးသား လိင်တံအင်္ဂါများအပြင် အစားအသောက်များကိုပါ လိင်တံပုံစံဖြင့် ဒီဇိုင်းတီထွင်ထားသည့် အဆိုပါ ပွဲတော်ကို Honen- sai ဟုလည်း ခေါ်ဆိုပြီး နှစ်စဉ် မတ်လရောက်တိုင်း ကျင်းပလေ့ရှိတာလည်း ဖြစ်ပါတယ်။

အမျိုးသားလိင်အင်္ဂါပွဲတော်ကျင်းပရာ လမ်းတစ်လျှောက်၌ ထောင်မတ်နေသည့် ဧရာမလိင်တံအင်္ဂါများကိုလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ အမျိုးသားများ သယ်ဆောင်လာသည့် နှစ်မီတာရှည်လျားသည့် လိင်တံအင်္ဂါကို ဂျပန်နိုင်ငံရှိ ထင်းရှူးပင်တစ်မျိုးမှ လှီးဖြတ်ကာ ပုံဖော်ထားခြင်းဖြစ်ပြီး သီးနှံအထွက်တိုးစေရန်၊ သဘာဝတရားကြီး စည်ပင်ဝပြောစေရန် နဲ့ ချစ်ခင်ရသူများ မျိုးအောင်စေရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် အဆိုပါ ပွဲတော်ကို ကျင်းပခြင်းလည်း ဖြစ်ပါတယ်။

အဆိုပါပွဲတော်၌ အမျိုးသားများ သယ်ဆောင်သည့် လိင်တံအင်္ဂါမှာ အလေးချိန်အားဖြင့် (၄၀၀) ကီလိုဂရမ်ထက်မနည်းလေးလံပြီး လုံးပတ်အားဖြင့်လည်း (၁၀၀) စင်တီမီတာထက် ပိုကြောင်း သိရှိရပါတယ်။ မူလတွင်မူ အဆိုပါ လိင်တံအင်္ဂါ၏ အရွယ်အစားမှာ လက်ရှိထက်ပိုမိုသေးငယ်ပေမယ့် နှစ်ကြာလာသည်နဲ့အမျှ ပိုမိုကြီးမားလာခဲ့ခြင်းလည်း ဖြစ်ပါတယ်။ အဆိုပါပွဲတော်ကို တက်ရောက်လာသည့် ဧည့်သည်များအနက် ကံကောင်းသူများအနေဖြင့် အဆိုပါ လိင်တံအင်္ဂါကြီးကို နမ်းရှုံ့ခွင့်ပင်ရရှိမှာလည်းဖြစ်ပါတယ်။


အဆိုပါ ဧရာမလိင်တံအင်္ဂါကြီးကို ပြသထားရုံတင်မကဘဲ လမ်းတစ်လျှောက်၌လည်း ထောင်မတ်နေသော လိင်တံအင်္ဂါများဖြင့် အလှဆင်ထားပါတယ်။ အဆိုပါပွဲတော်သို့ လာရောက်ကြသည့် ဧည့်သည်များသည်လည်း ချော့ကလက်ရောင်လိင်တံအင်္ဂါနဲ့ ပုံစံတူ ငှက်ပျောသီး၊ ဟော့ဒေါ့နဲ့ လက်ရာမြောက် ပြုလုပ်ထားသော ပန်ကိတ်များကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။

ဧရာမလိင်တံအင်္ဂါကြီးကို သယ်ဆောင်ပြီး ချီတက်ရာလမ်းတစ်လျှောက်၌ စားစရာများ၊ ဂျပန်အရက်များနဲ့ အခြားသော အမှတ်တရလက်ဆောင်ပစ္စည်းများကိုလည်း မိမိနှစ်သက်သလို ယူဆောင်နိုင်ပြီး ဂျပန်အရက်ဖြစ်သည့် ဆာကေးကို အဆိုပါပွဲတော်၌ အခမဲ့သောက်သုံးနိုင်ကြောင်းလည်း သိရှိရပါတယ်။

အဆိုပါပွဲတော်ကို တက်ရောက်လာကြသည့် ပရိသတ်များက အများအားဖြင့် လိင်တံအင်္ဂါပုံစံ ဖယောင်းတိုင်များ၊ ဟင်းသီးဟင်းရွက်များ နဲ့ သစ်သီးများကို အမှတ်တရလက်ဆောင်အဖြစ် ယူဆောင်သွားလေ့ရှိပါတယ်။ ဒါ့အပြင် ဧည့်ပရိသတ်များအနေဖြင့် သားသမီးရရှိစေရန်အတွက်၊ ချစ်ခင်ရသူနဲ့ ဆုံစည်းခွင့်ရရှိရန်အတွက်နဲ့ စိုက်ပျိုးထားသော သီးနှံများအောင်မြင်စေရန်အတွက် ဆုမွန်တောင်းလေ့ရှိကြပါတယ်။ ထူးခြားသည့် အဆိုပါ အမျိုးသား လိင်အင်္ဂါပွဲတော်ကိုမူ နှစ်စဉ်နှစ်တိုင်း မတ်လ (၁၅) ရက်နေ့၌ ကျင်းပကြောင်းလည်း သိရှိရပါတယ်။
<Unicode Version>

 

 





 



 


<Zawgyi Version>

 

#HM(Soshwe)

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

About admin

Check Also

သူနာပြုတစ်ဦးရဲ့ကြင်နာမှုကြောင့် အသက်ဆက်ရှင်ခွင့်ရခဲ့တဲ့ ၈ နှစ်အရွယ်ကလေးငယ်။

Wrightstown ပြည်နယ်မှာနေထိုင်တဲ့ James Auten နဲ့ Ruth Auten တို့ရဲ့ အသက် ၈ နှစ်အရွယ်သားလေး Brayden Auten ဟာ ၂၀၂၀ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro