အသက် (၆၇) နှစ်အရွယ် အမျိုးသားတစ်ဦးသည် သူ၏နေအိမ်အတွင်း၌ ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အသက် (၆၀) အရွယ် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း Norfolk ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။
Rajasingam Kumarathas ဟုအမည်ရသည့် စတိုးဆိုင်ပိုင်ရှင်ဟောင်းဖြစ်သူသည် Wymondham, Norfolk အရပ်ဒေသ၌ နေထိုင်သူတစ်ဦးဖြစ်ပြီး စနေနေ့ည (၁၁း၅၀) နာရီတွင် ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာ အဆိုပါနေအိမ်ကို ရောက်ရှိသွားခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သေဆုံးသူသည် ရင်ဘတ်နဲ့ဦးခေါင်းတို့၌ ဓားဒဏ်ရာများ ပြင်းပြင်းထန်ထန်ရရှိပြီး အလောင်းကိုမူ တနင်္ဂနွေနေ့၌ Norwich University ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ ဖြစ်ရပ်နဲ့ ပတ်သက်၍ ရဲတပ်ဖွဲ့က အသက် (၆၀) အရွယ် အမျိုးသမီးတစ်ဦးကို ဖမ်းဆီးပြီး အချုပ်ချထားကြောင်းလည်း သိရှိရပါတယ်။ Norfolk ရဲတပ်ဖွဲ့ရဲ့ ရဲအုပ် Kate Thacker က “ကျွန်တော်တို့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို စတင်ပြုလုပ်နေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ တစ်ခုပြောနိုင်တာကတော့ ဒီဖြစ်ရပ်မှာ သေဆုံးသူနဲ့တရားခံတို့က အချင်းချင်းရင်းနှီးပြီးသားလူတွေဖြစ်ကြပြီး အခင်းဖြစ်ပွားချိန်မှာ သေဆုံးသူနဲ့ အဆက်အသွယ်ရှိတဲ့သူတိုင်းကို လိုက်လံရှာဖွေသွားမှာ မဟုတ်ပါဘူး။” ဟုသတင်းထုတ်ပြန်ခဲ့ပါတယ်။
သေဆုံးသူနဲ့ သူ့ရဲ့ ဇနီးဖြစ်သူတို့သည် အိပ်ခန်း (၃) ခန်းပါဝင်သည့် အခင်းဖြစ်ပွားရာနေအိမ်ကို ပြီးခဲ့သည့် (၂၀၀၈) ခုနှစ်က ပေါင် (၁၉၅,၀၀) ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး Mr. Kumarathas သည်သီရိလကာင်္ာနိုင်ငံဖွားတစ်ဦးလည်း ဖြစ်ပါတယ်။ ယခင်က သူ၏နေအိမ်နဲ့ ကိုက် (၁၀၀) အကွာတွင် စတိုးဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ခဲ့ပေမယ့် စီးပွားရေးကျပ်တည်းမှုကြောင့် လွန်ခဲ့သည့် (၃) နှစ်ခန့်က ပိတ်လိုက်ရကြောင်းလည်း သိရှိရပါတယ်။
လွန်ခဲ့သည့် (၂) ပတ်ကမှ အခင်းဖြစ်ပွားရာ နေအိမ်ပတ်ဝန်းကျင်သို့ ပြောင်းရွှေ့လာသည့် အသက် (၄၀) အရွယ် အိမ်နီးချင်းတစ်ယောက်က “ကျွန်မတို့ရဲ့ အိမ်ပြတင်းပေါက်တွေကို အပြာရောင်မီးတွေ ဖျတ်ခနဲဖျတ်ခနဲဝင်လာပြီး လူတွေကလည်း ပြေးလွှားနေကြတာကို တွေ့လိုက်ရချိန်မှာ တစ်ယောက်ယောက်တော့ တစ်ခုခုဖြစ်ပြီလို့ စဉ်းစားမိပါတယ်။ ဒီနေရာကို နေရာကောင်းတစ်ခုအဖြစ် စဉ်းစားမိပြီး ရောက်လာတဲ့ ကျွန်မတို့လူတွေအတွက်တော့ ဒီကိစ္စက သိပ်တော့မကောင်းပါဘူး။” ဆိုပြီး ပြောကြားခဲ့ပါတယ်။
အခြားသော အိမ်နီးချင်းတစ်ဦးကလည်း “ရဲကားတွေက ပတ်ပတ်လည်မှာ ဝိုင်းထားပြီး ရဲတွေ အားလုံးကလည်း အခင်းဖြစ်ပွားတဲ့ အိမ်ကို ပြေးလာနေကြပါတယ်။ ဒီမှာ နာရီဝက်လောက်ပဲကြာမယ်ထင်ပါတယ်။ လက်အိတ်ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက်ကို ရဲတွေက ခေါ်သွားပြီး ကျွန်မတို့ အိမ်ရှေ့မှာ ရှိတဲ့ ရဲကားပေါ် တင်ခေါ်သွားကြပါတယ်။ ဆေးရုံကား ရောက်လာဖို့ (၁၅) မိနစ် မိနစ် (၂၀) လောက် အချိန်ကြာပြီး အဲ့ဒီနောက်မှာမှ သူတို့က သေဆုံးသူကို တွန်းလှည်ပေါ်တင်ပြီး အရေးပေါ် ကုသမှုတွေနဲ့ ဆေးရုံကို ခေါ်သွားကြပါတယ်။” ဟုလည်း ပြောကြားခဲ့ကြကြောင်း သိရှိရပါတယ်။
#HM(Soshwe)
#SoshweNews
#SoshweForYourDailyLife
#Like&Share