Breaking News

ကြက်ဥကို နှစ်ခြိုက်စွာစားသုံးသူများအတွက် သတင်းဆိုးတစ်ခု။

ကြက်ဥသည် ကျန်းမာရေးအတွက် ကောင်းကျိုးပေးသလား ဆိုးကျိုးပေးသလားဆိုသည့် မေးခွန်းနဲ့ ပတ်သက်၍ နှစ်ပေါင်းများစွာကြာအောင် အငြင်းအခုံဖြစ်ခဲ့ကြပြီး လက်ရှိအချိန်၌မူ တစ်ပတ်ကို ကြက်ဥ (၃) လုံးကနေ (၄) လုံးအထိ စားသုံးသူများသည် နှလုံးရောဂါဖြစ်နိုင်ချေနဲ့ အရွယ်မတိုင်ခင် သေဆုံးနိုင်ချေ မြင့်မားလျက်ရှိကြောင်း လေ့လာဆန်းစစ်မှုအသစ်များအရ သိရှိရပါတယ်။

ချီကာဂို ဆေးတက္ကသိုလ်တစ်ခုမှ Victor Zhong က “ဥများအထူးသဖြင့် ဥအနှစ်တွေက ကိုလက်စရောဓာတ်များရဲ့ အဓိကအရင်းအမြစ်များဖြစ်ပါတယ်။” ဟု ရေးသားဖော်ပြခဲ့ပါတယ်။ ဆေးပညာသိပ္ပံဂျာနယ်ဖြစ်သည့် JAMA ရဲ့ရေးသားဖော်ပြချက်အရ Victor Zhong နဲ့ အခြားသော လေ့လာသူများက ဥတစ်လုံး၌ ကိုလက်စထရောဓာတ် (၁၈၆) မီလီဂရမ်အထိ ပါဝင်နေသည်ကို ရှာဖွေတွေ့ရှိခဲ့ရကြောင်း သိရှိရပါတယ်။

အမေရိကန်နိုင်ငံမှ လေ့လာဆန်းစစ်ရေးအဖွဲ့အစည်း (၆) ခုမှလည်း လူဦးရေ (၂၉,၀၀၀) ကျော်ကို ပျမ်းမျှ (၁၇) နှစ်ခွဲကြာ လေ့လာစမ်းသပ်ခဲ့ပြီးနောက် စုစုပေါင်း လူဦးရေ (၅,၄၀၀)ကျော် ပမာဏက နှလုံး၊ နှလုံးသွေးကြောနဲ့ သက်ဆိုင်သော ရောဂါများ ခံစားခဲ့ရပြီး (၁,၃၀၂) ယောက်သည် လေဖြတ်ခြင်း၊ (၁,၈၉၇) ယောက်မှာမူ နှလုံးရပ်တန့်ခြင်းများ နဲ့ ရင်ဆိုင်ခဲ့ရသလို (၁၁၃) ယောက်မှာမူ သေဆုံးသည်အထိ နှလုံးရောဂါကို ခံစားခဲ့ရပြီး (၆,၁၃၂) ယောက်မှာမူ အခြားသော အကြောင်းပြချက်များဖြင့် သေဆုံးခဲ့ကြပါတယ်။

နေ့စဉ်စားသောက်နေသည့် အစားအသောက်များ၌ လိုအပ်သည်ထက် ကိုလက်စထရောပမာဏ (၃၀၀) မီလီဂရမ်ပါဝင်ခဲ့ပါက နှလုံးရောဂါဖြစ်ပွားနိုင်ချေကို (၃.၂) ရာခိုင်နှုန်းမြင့်မားစေခဲ့သလို အရွယ်မတိုင်ခင် စောစီးစွာ သေဆုံးခြင်းကိုလည်း (၄.၄) ရာခိုင်နှုန်းအထိ မြင့်တက်စေကြောင်း Zhong ရဲ့ လေ့လာဆန်းစစ်ချက်များအရ သိရှိရပါတယ်။ ဒါ့အပြင် တစ်နေ့ကို ကြက်ဥတစ်လုံးလုံး မစားသုံးဘဲ တစ်ဝက်ဘဲ စားသုံးသည့်တိုင် နှလုံး၊ နှလုံးရောဂါနဲ့ သက်ဆိုင်သော ရောဂါများဖြစ်နိုင်ချေက (၁.၁) ရာခိုင်နှုန်းတိုးတက်လာစေသလို အရွယ်မတိုင်ခင် သေဆုံးနိုင်ချေကလည်း (၁.၉) ရာခိုင်နှုန်းအထိ ရှိလာနိုင်ပါတယ်။

Colorado ဆေးတက္ကသိုလ်တစ်ခုမှ Dr. Robert H. Eckel ကလည်း ကြက်ဥနဲ့ပတ်သက်သည့် ယခုအကြောင်းအရာသည် ဆရာဝန်များ၊ လူနာများနဲ့ ပြည်သူလူထုအတွက် အရေးကြီးသည့် အချက်တစ်ချက်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ လေ့လာဆန်းစစ်မှု၌ မပါဝင်ခဲ့သည့် ဒေါက်တာ Robert က “ဘာကြောင့်အခုလို အရေးကြီးလာလဲဆိုရင် နှစ်ပေါင်းများစွာကြာအောင် ကြက်ဥစားသုံးခြင်းနဲ့ပတ်သက်ပြီး ငြင်းခုန်ခဲ့ကြပေမယ့် အခုချိန်မှသာ ကြက်ဥစားသုံးခြင်းက နှလုံးရောဂါကို ဖြစ်ပွါးစေတဲ့ ကိုလက်စထရောတွေနဲ့ ပတ်သက်ဆက်စပ်မှုတွေကို ရှာဖွေတွေ့ရှိခဲ့လို့ပါ။” ဟုပြောကြားခဲ့ပါတယ်။

ရှာဖွေဆန်းစစ်ခဲ့သည့် ဗစ်တာဂျုံးနဲ့အဖွဲ့ကလည်း “ဥကရတဲ့ ကိုလက်စထရောဓာတ်တွေကို သတိထားရမှာမှန်ပေမယ့် အခြားသော ကိုလက်စထရောဓာတ်ပါဝင်တဲ့ အစားအသောက်တွေကို အကန့်အသတ်နဲ့ စားသုံးခြင်းကို မရပ်တန့်ပစ်ဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ချက်ဖြစ်နေဆဲပါ။” ဟုထပ်မံဖြည့်စွက်ပြောကြားခဲ့ပါသေးတယ်။

British Heart Foundation မှ Victoria Taylor ကလည်း ယခု ရှာဖွေတွေ့ရှိခဲ့သည့် အချက်အလက်များထက် ပိုမိုခိုင်လုံသည့် အကြောင်းပြချက်များနဲ့ ပြည်သူလူထုကို နားလည်အောင် ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း ထောက်ပြပြောဆိုခဲ့ပါတယ်။ Victoria Taylor က “ဥတွေက အာဟာရရှိတဲ့ အစားအသောက်တွေဖြစ်ပြီး ကျွန်တော်တို့ အားလုံးလက်ရှိစားနေတဲ့ပမာဏအပေါ် အာရုံစိုက်ပြီး လေ့လာစမ်းသပ်မှုတွေ ပြုလုပ်သင့်ပါတယ်။ အခုတွေ့ရှိရတဲ့ အချက်အလက်တွေက ဥကို ဘယ်လိုချက်ပြုတ်ရမလဲဆိုတာမျိုးအထိ အာရုံစိုက်ရမယ့် ကိစ္စဖြစ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်ဖို့အတွက် အစားအသောက်အားလုံးကို မျှမျှတတစားသုံးပေးဖို့ လိုအပ်ပါတယ်။” ဟူ၍လည်း ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။
<Unicode Version>

 

 

 

ၾကက္ဥကို ႏွစ္ၿခိဳက္စြာစားသံုးသူမ်ားအတြက္ သတင္းဆုိးတစ္ခု။

ၾကက္ဥသည္ က်န္းမာေရးအတြက္ ေကာင္းက်ိဳးေပးသလား ဆုိးက်ိဳးေပးသလားဆုိသည့္ ေမးခြန္းနဲ႔ ပတ္သက္၍ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ အျငင္းအခံုျဖစ္ခ့ဲၾကၿပီး လက္ရွိအခ်ိန္၌မူ တစ္ပတ္ကို ၾကက္ဥ (၃) လံုးကေန (၄) လံုးအထိ စားသံုးသူမ်ားသည္ ႏွလံုးေရာဂါျဖစ္ႏုိင္ေခ်နဲ႔ အရြယ္မတိုင္ခင္ ေသဆံုးႏုိင္ေခ် ျမင့္မားလ်က္ရွိေၾကာင္း ေလ့လာဆန္းစစ္မႈအသစ္မ်ားအရ သိရွိရပါတယ္။

ခ်ီကာဂို ေဆးတကၠသိုလ္တစ္ခုမွ Victor Zhong က “ဥမ်ားအထူးသျဖင့္ ဥအႏွစ္ေတြက ကိုလက္စေရာဓာတ္မ်ားရဲ႕ အဓိကအရင္းအျမစ္မ်ားျဖစ္ပါတယ္။” ဟု ေရးသားေဖာ္ျပခ့ဲပါတယ္။ ေဆးပညာသိပၸံဂ်ာနယ္ျဖစ္သည့္ JAMA  ရဲ႕ေရးသားေဖာ္ျပခ်က္အရ Victor Zhong နဲ႔ အျခားေသာ ေလ့လာသူမ်ားက ဥတစ္လံုး၌ ကုိလက္စထေရာဓာတ္ (၁၈၆) မီလီဂရမ္အထိ ပါဝင္ေနသည္ကုိ ရွာေဖြေတြ႔ရွိခ့ဲရေၾကာင္း သိရွိရပါတယ္။

အေမရိကန္ႏုိင္ငံမွ ေလ့လာဆန္းစစ္ေရးအဖြဲ႕အစည္း (၆) ခုမွလည္း လူဦးေရ (၂၉,၀၀၀) ေက်ာ္ကို ပ်မ္းမွ် (၁၇) ႏွစ္ခြဲၾကာ ေလ့လာစမ္းသပ္ခ့ဲၿပီးေနာက္ စုစုေပါင္း လူဦးေရ (၅,၄၀၀)ေက်ာ္ ပမာဏက ႏွလံုး၊ ႏွလံုးေသြးေၾကာနဲ႔ သက္ဆိုင္ေသာ ေရာဂါမ်ား ခံစားခ့ဲရၿပီး (၁,၃၀၂) ေယာက္သည္ ေလျဖတ္ျခင္း၊ (၁,၈၉၇) ေယာက္မွာမူ ႏွလံုးရပ္တန္႔ျခင္းမ်ား နဲ႔ ရင္ဆုိင္ခ့ဲရသလို (၁၁၃) ေယာက္မွာမူ ေသဆံုးသည္အထိ ႏွလံုးေရာဂါကို ခံစားခ့ဲရၿပီး (၆,၁၃၂) ေယာက္မွာမူ အျခားေသာ အေၾကာင္းျပခ်က္မ်ားျဖင့္ ေသဆံုးခ့ဲၾကပါတယ္။

ေန႔စဥ္စားေသာက္ေနသည့္ အစားအေသာက္မ်ား၌ လိုအပ္သည္ထက္ ကုိလက္စထေရာပမာဏ (၃၀၀) မီလီဂရမ္ပါဝင္ခ့ဲပါက ႏွလံုးေရာဂါျဖစ္ပြားႏိုင္ေခ်ကို (၃.၂) ရာခုိင္ႏႈန္းျမင့္မားေစခ့ဲသလို အရြယ္မတုိင္ခင္ ေစာစီးစြာ ေသဆံုးျခင္းကိုလည္း (၄.၄) ရာခုိင္ႏႈန္းအထိ ျမင့္တက္ေစေၾကာင္း Zhong ရဲ႕ ေလ့လာဆန္းစစ္ခ်က္မ်ားအရ သိရွိရပါတယ္။ ဒါ့အျပင္ တစ္ေန႔ကုိ ၾကက္ဥတစ္လံုးလံုး မစားသုံးဘဲ တစ္ဝက္ဘဲ စားသံုးသည့္တုိင္ ႏွလံုး၊ ႏွလံုးေရာဂါနဲ႔ သက္ဆုိင္ေသာ ေရာဂါမ်ားျဖစ္ႏုိင္ေခ်က (၁.၁) ရာခိုင္ႏႈန္းတုိးတက္လာေစသလို  အရြယ္မတုိင္ခင္ ေသဆံုးႏိုင္ေခ်ကလည္း (၁.၉) ရာခိုင္ႏႈန္းအထိ ရွိလာႏုိင္ပါတယ္။

Colorado ေဆးတကၠသိုလ္တစ္ခုမွ Dr. Robert H. Eckel ကလည္း ၾကက္ဥနဲ႔ပတ္သက္သည့္ ယခုအေၾကာင္းအရာသည္ ဆရာဝန္မ်ား၊ လူနာမ်ားနဲ႔ ျပည္သူလူထုအတြက္ အေရးႀကီးသည့္ အခ်က္တစ္ခ်က္ျဖစ္ေၾကာင္း ေျပာၾကားခ့ဲပါတယ္။ ေလ့လာဆန္းစစ္မႈ၌ မပါဝင္ခ့ဲသည့္ ေဒါက္တာ Robert က “ဘာေၾကာင့္အခုလို အေရးႀကီးလာလဲဆိုရင္ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ၾကက္ဥစားသံုးျခင္းနဲ႔ပတ္သက္ၿပီး ျငင္းခုန္ခ့ဲၾကေပမယ့္ အခုခ်ိန္မွသာ ၾကက္ဥစားသံုးျခင္းက ႏွလံုးေရာဂါကို ျဖစ္ပြါးေစတ့ဲ ကိုလက္စထေရာေတြနဲ႔ ပတ္သက္ဆက္စပ္မႈေတြကို ရွာေဖြေတြ႔ရွိခ့ဲလို႔ပါ။” ဟုေျပာၾကားခ့ဲပါတယ္။

ရွာေဖြဆန္းစစ္ခ့ဲသည့္ ဗစ္တာဂ်ံဳးနဲ႔အဖြဲ႕ကလည္း “ဥကရတ့ဲ ကိုလက္စထေရာဓာတ္ေတြကို သတိထားရမွာမွန္ေပမယ့္ အျခားေသာ ကုိလက္စထေရာဓာတ္ပါဝင္တ့ဲ အစားအေသာက္ေတြကို အကန္႔အသတ္နဲ႔ စားသံုးျခင္းကုိ မရပ္တန္႔ပစ္ဖို႔ကလည္း အေရးႀကီးတ့ဲအခ်က္တစ္ခ်က္ျဖစ္ေနဆဲပါ။” ဟုထပ္မံျဖည့္စြက္ေျပာၾကားခ့ဲပါေသးတယ္။

British Heart Foundation မွ Victoria Taylor ကလည္း ယခု ရွာေဖြေတြ႔ရွိခ့ဲသည့္ အခ်က္အလက္မ်ားထက္ ပိုမိုခိုင္လံုသည့္ အေၾကာင္းျပခ်က္မ်ားနဲ႔ ျပည္သူလူထုကို နားလည္ေအာင္ ေဆာင္ရြက္ႏုိင္ရန္ လိုအပ္ေၾကာင္း ေထာက္ျပေျပာဆိုခ့ဲပါတယ္။ Victoria Taylor က “ဥေတြက အာဟာရရွိတ့ဲ အစားအေသာက္ေတြျဖစ္ၿပီး ကြ်န္ေတာ္တို႔ အားလံုးလက္ရွိစားေနတ့ဲပမာဏအေပၚ အာရံုစိုက္ၿပီး ေလ့လာစမ္းသပ္မႈေတြ ျပဳလုပ္သင့္ပါတယ္။ အခုေတြ႔ရွိရတ့ဲ အခ်က္အလက္ေတြက ဥကို ဘယ္လိုခ်က္ျပဳတ္ရမလဲဆိုတာမ်ိုးအထိ အာရံုစုိက္ရမယ့္ ကိစၥျဖစ္ၿပီး က်န္းမာေရးနဲ႔ ညီညႊတ္ဖို႔အတြက္ အစားအေသာက္အားလံုးကုိ မွ်မွ်တတစားသံုးေပးဖို႔ လိုအပ္ပါတယ္။” ဟူ၍လည္း ေျပာၾကားသြားခ့ဲေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

#HM(Soshwe)

#SoshweBeauty&Health

#SoshweForYourDailyLife

#Like&Share

About admin

Check Also

လူတော်တော်များများ နံနံပင်ကို မုန်းတီးရခြင်းနဲ့ပက်သက်ပြီး လေ့လာတွေ့ရှိမှု။

ကျွန်မတို့အနေနဲ့ စားသောက်ဆိုင်တစ်ခုခုမှာ တခြားသောစားသုံးသူပဲဖြစ်ဖြစ်၊ ကိုယ့်နဲ့အတူလိုက်လာတဲ့ သူငယ်ချင်းကပဲဖြစ်ဖြစ် စားပွဲထိုး (သို့) စားဖိုမှူးကို “နံနံပင်မထည့်နဲ့နော်။”ဆိုပြီး သတိပေးတဲ့ စကားမျိုးကို မကြာခဏကြားရမှာပါ။ ကမ္ဘာနဲ့ချီပြီးပြောရမယ်ဆိုရင်တော့ ကမ္ဘာတစ်ဝှမ်းမှာတော့ နံနံပင်ကို …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro