ဒီတစ်ကြိမ်မှာတော့ Soshwe ပရိသတ်ကြီးအတွက် Inspire Magazine မှ သတ်မှတ်ထားတဲ့ ကမ္ဘာ့အလှဆုံး အမျိုးသမီး အယောက် ၃၀ စာရင်းကိုဖော်ပြပေးလိုက်ပါတယ်။
၃၀။ Mozhdah Jamalzadah
Mozhdah ငယ်ငယ်တုန်းက အာဖဂန်နစ္စတန် ပြည်တွင်းစစ်ပွဲတွေကနေ ထွက်ပြေးတိမ်းရှောင်နေရသူ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သူမရဲ့ မိဘတွေက ကနေဒါနိုင်ငံမှာ အခြေချနေထိုင်ဖို့အတွက် ဆုံးဖြတ်လိုက်ကြပါတယ်။
၂၉။ Alicia Vikander
Alicia ဟာ လှပပြီး ထက်မြက်တဲ့ ဆွီဒင် သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေ သတိမထားမိတာက သူမ သရုပ်ဆောင်တစ်ယောက်မဖြစ်ခင်တုန်းက အကမယ်တစ်ယောက် ဖြစ်ခဲ့တယ် ဆိုတာပါပဲ။
၂၈။ Taraneh Alidoosti
တကယ်လို့ သင့်အနေနဲ့ အရှေ့အလယ်ပိုင်းရုပ်ရှင်တွေကို ကြည့်ရှုသူတစ်ယောက်ဆိုရင် Taraneh ကို သိမှာ အသေအချာပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Taraneh ကို အတော်ဆုံး အီရန်သရုပ်ဆောင်မင်းသမီးအဖြစ် ပရိသတ်တွေက သတ်မှတ်ခဲ့ကြပါတယ်။
၂၇။ Naomi Campbell
Naomi ရဲ့ မျက်နှာနဲ့ အပြင်အဆင်ပုံစံဟာ အခြားသူတွေနဲ့ နှိုင်းယှဉ်လို့မရနိုင်ပါဘူး။ အသက် ၄၇ နှစ်ရှိနေပြီဖြစ်တဲ့ Naomi တစ်ယောက်ဟာ အခုချိန်ထိ လန်ပြန်ထွက်နေတုန်းပါပဲ။
၂၆။ Anne Curtis
ဖိလစ်ပိုင် – သြစတြေးလျ ကပြားမလေး Anne ဟာ ရုပ်ရှင်သရုပ်ဆောင်၊ တီဗွီအစီအစဉ်တင်ဆက်သူ ဖြစ်ပါတယ်။
၂၅။ Manuela Arcuri
Manuela Arcuri ဟာ မော်ဒယ်ဘဝကနေ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။
၂၄။ Ronda Rousey
ကြိုးစားမှုမရှိဘဲ ဘာမှမဖြစ်လာဘူးဆိုတာကို လက်ကိုင်ထားသူ Rousey တစ်ယောက်ကတော့ ကိုယ်ခံပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
၂၃။ Elizaveta Boyarskaya
ရုရှားသရုပ်ဆောင်မင်းသမီးဖြစ်သူ Elizaveta ကိုတော့ သင့်အနေနဲ့ တစ်ခါမြင်လိုက်တာနဲ့ တစ်သက်လုံးမေ့လို့ရနိုင်မှာ မဟုတ်တော့ပါဘူး။ (ကိုယ့်အကြိုက်ဆုံး)
၂၂။ Aishwarya Rai
အိန္ဒိယသရုပ်ဆောင်မင်းသမီးရဲ့ လှပချက်ကတော့ အ့ံမခန်းပါပဲ။
၂၁။ Kate Upton
ရေကူးဝတ်စုံနဲ့ဆို အလွန်ဆွဲဆောင်မှုရှိတဲ့ အမေရိကန် ထိပ်တန်းမော်ဒယ်တစ်ယောက်ပဲဖြစ်ပါတယ်။
၂၀။ Haifa Wehbe
အသက် ၄၁နှစ်အရွယ်ရှိ လဘနွန်သူ ပေါ့အဆိုတော်တစ်ယောက်ဟာ ကမ္ဘာ့အလှဆုံး အမျိုးသမီးတစ်ယောက်ဖြစ်တယ်ဆိုတာကို ငြင်းစဖွယ်မရှိပါဘူး။
၁၉။ Adriana Lima
၁၉၉၉ ခုနှစ်ကတည်းက Victoria Secret မော်ဒယ်တစ်ယောက်ဖြစ်ပြီး ကလေးနှစ်ယောက် မိခင်လည်း ဖြစ်ပါတယ်။
၁၈။ Amanda Cerny
ကြည့်မဝတဲ့ မျက်နှာပိုင်ရှင်လေး။
၁၇။ Blake Lively
Deadpool မင်းသားကြီး Ryan Reynolds ရဲ့ အမျိုးသမီးဟာလည်း ကမ္ဘာ့အလှဆုံး အမျိုးသမီးတွေထဲမှာ တစ်ဦးဖြစ်ပါတယ်။
၁၆။ Gal Gadot
Wonder Woman ရဲ့ အလှအပကိုတော့ ထွေထွေထူးထူးပြောနေစရာကို မလိုပါဘူးနော်။
၁၅။ Ashley Graham
Plus Size Model တစ်ယောက်ဖြစ်တဲ့ Ashley ကိုလည်း ကမ္ဘာ့အလှဆုံး အမျိုးသမီးထဲမှတစ်ဦးအဖြစ် သတ်မှတ်ထားပါတယ်။
၁၄။ Niki Karimi
သရုပ်ဆောင်မင်းသမီးလည်းဖြစ်သလို၊ ဒါရိုက်တာ၊ စာရေးဆရာတစ်ဦးလည်း ဖြစ်ပါတယ်။
၁၃။ Gigi Hadid
ကမ္ဘာကျော်မော်ဒယ် Bella Hadid ရဲ့ အစ်မဖြစ်ပြီး One Direction အဖွဲ့ဝင်ဟောင်း Zayn Malik ရဲ့ ရည်စားလည်းဖြစ်ပါတယ်။
၁၂။ Emma Stone
ဆံပင်အနီရောင်ပိုင်ရှင် Spider Man မင်းသမီး Emma ကလည်း ကမ္ဘာ့အချောဆုံးစာရင်းဝင်တစ်ယောက် ဖြစ်ပါတယ်နော်။
၁၁။ Pia Wurtzbach
Miss Universe 2015 ဖြစ်သူ Pia ကိုလည်း ကမ္ဘာ့အချောအလှတွေစာရင်းထဲကနေ ချန်ထားလို့မရပါဘူး။
၁၀။ Alexandra Daddario
သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းတစ်စုံဟာ ပုရသတွေကိ်ု အပြည့်အဝဖမ်းစားနိုင်စွမ်း ရှိပါတယ်။
၉။ Fahriye Evcen
အရှေ့အလယ်ပိုင်းနိုင်ငံတွေထဲက တူရကီနိုင်ငံ သရုပ်ဆောင်မင်းသမီး Fahriye ကို ဂျာမနီနိုင်ငံမှာမွေဖွားခဲ့တယ်ဆိုတာကို လူတွေ သိပ်မသိကြပါဘူး။
၈။ Angelina Jolie
သူမရဲ့ အသက်အရွယ်နဲ့တောင်မှ ကမ္ဘာ့အလှဆုံးအမျိုးသမီး ၁၀ ယောက်စာရင်းထဲ ပါဝင်နေတုန်းပါပဲ။
၇။ Margot Robbie
The Wolf of Wall Street နဲ့အတူ အောင်မြင်မှုတွေ ရရှိလာခဲ့တဲ့ Margot တစ်ယောက်ရဲ့ အလှအပကိုလည်း လွန်ဆန်နိုင်မှာ မဟုတ်ပါဘူး။
၆။ Deepika Padukone
ဘောလီးဝုဒ်မှာ အောင်မြင်မှုတွေရရှိနေတဲ့ အိန္ဒိယ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။
၅။ Dakota Johnson
Fifty Shades of Grey စတား Dakota ဟာလည်း ဟောလီးဝုဒ်မှာ နာမည်ကျော်ကြားတဲ့ သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်ပါတယ်။
၄။ Emma Watson
Harry Potter မှာကတည်းက ပရိသတ်တွေရဲ့ အသည်းကျော်ဖြစ်ခဲ့တဲ့ Emma ကိုလည်း မေ့ထားလို့မရပါဘူး။
၃။ Taylor Hill
စူပါမော်ဒယ် ဒါမှမဟုတ် လိုတိုင်းတ၊ တတိုင်းရနေသူ Taylor တစ်ယောက်ကတော့ နံပါတ် (၃) နေရာမှာ ရပ်တည်နေပါတယ်။
၂။ Priyanka Chopra
အိန္ဒိယအမျိုးသမီးတွေဟာလည်း ကမ္ဘာတစ်ဝှမ်းကို စတင်ထိုးဖောက်လာကြပြီဖြစ်ပါတယ်။ သူမရဲ့ အလှဟာ တစ်မူထူးခြားပြီး ရိုးရိုးလေးနဲ့ ဆွဲဆောင်မှုရှိတယ်ဆိုတာကို ငြင်းလို့မရပါဘူး။
၁။ Beyonce
Queen B လို့ တင်စားခေါ်ဝေါ်ကြတဲ့ Beyonce ကိုတော့ Inspire Magazine မှ နံပါတ် (၁) အဖြစ် ရွေးချယ်ထားပါတယ်။
<Unicode Version>
၃၀။ Mozhdah Jamalzadah
၂၉။ Alicia Vikander
၂၈။ Taraneh Alidoosti
၂၇။ Naomi Campbell
၂၆။ Anne Curtis
၂၅။ Manuela Arcuri
၂၄။ Ronda Rousey
၂၃။ Elizaveta Boyarskaya
၂၂။ Aishwarya Rai
အိန္ဒိယသရုပ်ဆောင်မင်းသမီးရဲ့ လှပချက်ကတော့ အံ့မခန်းပါပဲ။
၂၁။ Kate Upton
၂၀။ Haifa Wehbe
၁၉။ Adriana Lima
၁၈။ Amanda Cerny
၁၇။ Blake Lively
၁၆။ Gal Gadot
၁၅။ Ashley Graham
၁၄။ Niki Karimi
၁၃။ Gigi Hadid
၁၂။ Emma Stone
၁၁။ Pia Wurtzbach
၁၀။ Alexandra Daddario
သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းတစ်စုံဟာ ပုရသတွေကို အပြည့်အဝဖမ်းစားနိုင်စွမ်း ရှိပါတယ်။
၉။ Fahriye Evcen
၈။ Angelina Jolie
၇။ Margot Robbie
၆။ Deepika Padukone
၅။ Dakota Johnson
၎။ Emma Watson
၃။ Taylor Hill
၂။ Priyanka Chopra
၁။ Beyonce
<Zawgyi Version>
#ST(Soshwe)
#SoshweCelebrities
#SoshweForYourDailyLife
#Like&Share