HomeOtherPassword ကိုမျှဝေသုံးစွဲတတ်သည့် Netflix user များအတွက် သတင်းဆိုး။

Password ကိုမျှဝေသုံးစွဲတတ်သည့် Netflix user များအတွက် သတင်းဆိုး။

- Advertisement -

ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း၌ Netflix မှတစ်ဆင့် Madeleine McCann ရဲ့ Documentary ဇာတ်လမ်းကို ကြည့်ရှုရန်အတွက် လူပေါင်းထောင်နဲ့ချီပြီး Netflix ကို အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့် AI စနစ်ကို အသုံးပြုပြီး Netflix အကောင့်များကို ခြေရာခံထောက်လှမ်းရန် စီစဉ်နေကြောင်း Synamedia မှ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ စနစ်သည် Netflix နဲ့ HBO တို့၌ Password မျှဝေပြီးအသုံးပြုနေသည့် အကောင့်များကို ခြေရာခံထောက်လှမ်းကာ အကောင့်များကို ဖျက်ချပစ်သည့် စနစ်တစ်ခုလည်း ဖြစ်ပါတယ်။

ပြီးခဲ့သည့် ဇန်နဝါရီလ၌ ကျင်းပပြုလုပ်ခဲ့သည့် CES နည်းပညာပိုင်းဆိုင်ရာညီလာခံ၌ Synamedia ဘက်မှ ထုတ်ပြန်ကြေညာခဲ့ပြီး Synamedia ရဲ့ Chief Product Officer ဖြစ်သူ Jean Marc Racine ကလည်း အဆိုပါညီလာခံ၌ “ပုံမှန် Customer မဟုတ်တဲ့သူတွေက အခုလိုမျိုး Password တွေကို မျှဝေပြီး အသုံးပြုနေတာတွေကို လျစ်လျူရှုထားဖို့ဆိုတာက အရမ်းကို ကုန်ကျစရိတ်ကြီးမားလာပါပြီ။ ဒီပြဿနာတွေအတွက် ကျွန်တော်တို့ရဲ့ ဖြေရှင်းနည်းအသစ်က အော်ပရေတာတွေဆီ အရေးယူနိုင်ဖို့ အခွင့်အရေးပေးတာပါပဲ။ ကျွန်တော်တို့ရဲ့ ပုံမှန် Customer မဟုတ်တဲ့သူတွေက Premium Service အတွက် ငွေပိုပေးရတဲ့အတွက် ပျော်ရွှင်နေမှာဖြစ်ပြီး ဒီနည်းလမ်းက ကျွန်တော်တို့ရဲ ရိုးသားတဲ့ Customer တွေအတွက်လည်း ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ ရရှိစေပါလိမ့်မယ် . . .” ဟုပြောကြားသွားခဲ့ကြောင်းသိရှိရပါတယ်။ Synamedia သည် လက်ရှိအချိန်၌ အဆိုပါ စနစ်ကို စတင်စမ်းသပ်နေပြီဖြစ်ပြီး အနာဂတ်၌ Netflix ကဲ့သို့သော Online Streaming Services လုပ်ငန်းများကို အကူအညီပေးနိုင်ဖွယ်ရှိနေပြီလည်း ဖြစ်ပါတယ်။

- Advertisement -

 

- Advertisement -

#HM(Soshwe)

- Advertisement -

#SoshweEntertainment

#SoshweForYourDailyLife

#Like&Share

- Advertisement -

Must Read