Breaking News
ကမ္ဘာ့အကောင်းဆုံး အစားအသောက်များရရှိနိုင်သည့် နိုင်ငံ (၁၀) နိုင်ငံ။
၁၀။ အမေရိကန်
အီတလီနိုင်ငံရဲ့ အထင်ကရ အစားအစာအဖြစ် ပီဇာ၊ ဘယ်လ်ဂျီယံနဲ့ဒတ်ချ်တို့ရဲ့ အထင်ကရ အစားအစာအဖြစ် အာလူးကြော်တို့ရှိပြီး အမေရိကန်နိုင်ငံကတော့ အဆိုပါ အစားအသောက်အားလုံးကို Upgrade မြှင့်တင်ထားတာလည်း ဖြစ်ပါတယ်။ ခုံးကောင်ဟင်းချိုကဲ့သို့သော အမေရိကန် ဟင်းရည်တစ်မျိုးသည်လည်း အမေရိကန်နိုင်ငံရဲ့ ရိုးရာအစားအသောက်တစ်မျိုးဖြစ်ပါတယ်။
ချိစ်ဘာဂါ နဲ့ ချောကလက်ကွတ်ကီးတို့သည်လည်း အမေရိကန်တို့ရဲ့ အထင်ကရ အစားအသောက်ကောင်းများလည်း ဖြစ်ပါတယ်။
၉။ မက္ကဆီကို
မက္ကဆီကို ရိုးရာအစားအသောက်များ၌ ထောပတ်သီး၊ ခရမ်းချဉ်သီး၊ သံပရာသီးနဲ့ အခြားသော အစေ့အဆန်များနဲ့ ချောကလက်များပါဝင်ပါတယ်။ မက္ကဆီကိုအစားအသောက်များသည် ကျန်းမာရေးနဲ့ညီညွှတ်သည့် အစားအစာများဖြစ်ကြပြီး အဆိုပါ အစားအသောက်များ၌ Antioxidant နဲ့ ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေသည့် အခြားသော အာဟာရဓာတ်များလည်း ပါဝင်ပါတယ်။
Mole ဆိုသည့် ရှေးကျသည့် ဆော့စ်တစ်မျိုးနဲ့ ငရုတ်ကောင်းမှုန့်များ၊ ငရုတ်သီးများ၊ ချောကလက်များဖြင့် ပြုလုပ်ထားသည့် အစားအသောက်နဲ့ ကိုလံဘီယာစတိုင် ရောနှောနေသည့် ဝက်သားကင်ကလည်း မက္ကဆီကိုနိုင်ငံရဲ့ အထင်ကရ အစားအသောက်များထဲ၌ ပါဝင်နေပါတယ်။
၈။ ထိုင်း
လမ်းဘေးအစားအစာများက ထိုင်းနိုင်ငံရဲ့ အဓိက ဆွဲဆောင်မှုဖြစ်ပြီး အချို့သော ဆိုုင်ခန်းများ၌ Orchestra Music နဲ့ပါ တွဲဖက်ပြီး စားသုံးသူပရိသတ်များကို ဖျော်ဖြေလေ့ရှိပါတယ်။ ထိုင်းရိုးရာ အစားအသောက်များ၌ တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ မြန်မာနိုင်ငံတို့ရဲ့ လွှမ်းမိုးမှုများလည်း ပါဝင်နေသည်ကို တွေ့ရှိရပါတယ်။
တုန်ယမ်းဟင်းချိုက စားသုံးသူများရဲ့ပါးစပ်အတွင်း၌ အရသာမျိုးစုံကို ခံစားစေရပြီး အချဉ်အရသာအပါအဝင် ပူပူစပ်စပ်အရသာကိုလည်း ခံစားရစေပါတယ်။
Massaman ဟင်းကလည်း မွတ်စလင်တို့ရဲ့ ဟင်းလျာတစ်မျိုးကို အခြေခံထားခြင်းဖြစ်ပြီး ကမ္ဘာ့အရသာအရှိဆုံး ဟင်းလျာအမျိုးပေါင်း (၅၀) အနက် တစ်ခုအဖြစ် ပါဝင်လျက်ရှိပါတယ်။
Som tam ကမူ နာမည်ကြီး သဘောင်္သီးထောင်းဖြစ်ပြီး အချဉ်အရသာနဲ့ သာမန်ထက်လွန်ကဲတဲ့ အစပ်အရသာတို့ ပေါင်းစပ်ထားတဲ့ ထိုင်းနိုင်ငံရဲ့ အကောင်းဆုံးသော ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။
၇။ ဂရိ
နောက်ပိုင်းကာလများ၌ ဂရိနိုင်ငံသို့ ခရီးထွက်ခြင်းနဲ့ ဂရိရိုးရာအစားအသောက်များကို မြည်းစမ်းကြည့်ခြင်းက မဂ္ဂဇင်းစာမျက်နှာများအပေါ် ပျံ့နှံ့ရောက်ရှိလာခဲ့ပြီး အဆိုပါ ဓာတ်ပုံများမှာ မူရင်းအတိိုင်း ထွက်ရှိလာသော ဓာတ်ပုံများသာဖြစ်ပြီး Photoshop ပင်ပြုလုပ်စရာ မလိုလောက်အောင် သာယာလှပသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အပြင် အစားအသောက်များရဲ့ အရသာကလည်း တမူထူးခြားကောင်းမွန်လှပါတယ်။
အဆိုပါ အစားအသောက်များရဲ့ လျှို့ဝှက်ချက်မှာမူ သံလွင်ဆီပင်ဖြစ်ပြီး အဆိုပါ သံလွင်ဆီသည် ဂရိနိုင်ငံရဲ့ တန်ဖိုးအကြီးမားဆုံး ပို့ကုန်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဝိုင်ကဲ့သို့ပင် အသုံးတည့်ပြီး ပေါင်မုန့်နဲ့အခြားသောအစားအသောက်များအပေါ် ဆမ်းပေးခြင်းဖြင့် အရသာကို တမူထူးခြားကောင်းမွန်စေသည့် ပါဝင်ပစ္စည်းတစ်မျိုးလည်း ဖြစ်ပါတယ်။
၆။ အိန္ဒိယ
အစားအသောက်တစ်မျိုးကို အရသာရှိစေရန်အတွက် အစပ်ကိုအကန့်အသတ်မရှိ ထည့်သုံးတတ်သည့် အိန္ဒိယနိုင်ငံ ဂိုအာမြို့ရဲ့ ပင်လယ်စာက အထူးပင် နာမည်ကြီးလှပါတယ်။ Dal ဟုခေါ်သည့် ပဲနီကလေးပြုတ်သည်လည်း အိန္ဒိယနိုင်ငံရဲ့ နာမည်ကျော် အစားအသောက်တစ်မျိုးဖြစ်သလို Dosa ဟုခေါ်သည့် ပန်ကိတ်တစ်မျိုးကိုလည်း ချိစ် သို့မဟုတ် ဟင်းသီးဟင်းရွက်တစ်မျိုးမျိုးဖြင့်ဖြည့်စွက်ပြီး နေ့လယ်စာအဖြစ်နဲ့သာမက ညစာအဖြစ်နဲ့ပါ စားသုံးနိုင်ပါတယ်။ ကော်ဖီနဲ့လက်ဖက်ရည်နှစ်မျိုးလုံးကို ကြိုက်နှစ်သက်ခြင်းမရှိသူတွေပင် အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီး Chai ကို ငြင်းဆန်ရန်ခက်ခဲကြပါတယ်။
၅။ ဂျပန်
ဆူရှီနဲ့ Ramen တို့ကို Decoration မျိုးစုံ၊ တည်ခင်းဧည့်ခံမှုပုံစံမျိုးစုံတို့နဲ့ အမြဲတမ်း အဆင့်မြှင့်တင်လေ့ရှိသည့် ဂျပန်နိုင်ငံတွင်မူ မီဆိုဟင်းရည်က ဂျပန်အစားအသောက်များ၌ ပါဝင်သည့် အခြေခံအရသာများအားလုံးနဲ့ ပေါင်းစပ််ထားသည့် ဟင်းရည်တစ်မျိုးလည်းဖြစ်ပါတယ်။ Sushi နဲ့ Sashimi တို့မှာမူ အားလုံးသိထားပြီးဖြစ်သည့်အတိုင်း ထမင်းနဲ့ငါးအစိမ်းများကို အလှဆင်ထားသည့် အစားအသောက်တစ်မျိုးလည်းဖြစ်ပါတယ်။ တန်ပူရာဟင်းလျာသည်လည်း မည်သို့မျှ ဆီဖြင့် ချွဲကပ်နေခြင်းမရှိဘဲ ဂျုံပါးပါးနဲ့ ကြွပ်ကြွပ်ရွရွ ဟင်းလျာတစ်မျိုးလည်း ဖြစ်ပါတယ်။
၄။ စပိန်
Jamon Iberico ဟုခေါ်သည့် ဝက်ပေါင်ခြောက်ကို အပေါ်ကဂျုံဖြင့်အုပ်ထားသည့် အစားအသောက်က စပိန်နိုင်ငံရဲ့ နာမည်ကြီး အစားအသောက်တစ်မျိုးဖြစ်ပြီး Churros ကလည်း ကမ္ဘာ့စားချင်စဖွယ်အကောင်းဆုံး စပိန်နိုင်ငံရဲ့ ဂျုံမုန့်တစ်မျိုးဖြစ်ပါတယ်။
၃။ ပြင်သစ်
Escargot, Macarons နဲ့ Baguette တို့သည် ပြင်သစ်နိုင်ငံရဲ့ အထင်ကရ အစားအသောက်များ ဖြစ်ကြပြီး Macarons ဆိုလျှင်ကလေးငယ်များကြိုက်နှစ်သက်သည့် အစားအသောက်တစ်မျိုးလည်း ဖြစ်ပါတယ်။
၂။ တရုတ်
ဝက်သားကို ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်တတ်ကြသည့် တရုတ်လူမျိုးများရဲ့ ရိုးရာ အစားအစာတစ်ခုဖြစ်သည့် ဒင်းဆမ်းကလည်း ဟောင်ကောင်မှသည် အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့အထိ ကူးစက်ပျံ့နှံ့သွားခဲ့ပါတယ်။
တရုတ်စားဖိုမှူးကြီးများရဲ့ ပုံစံအမျိုးမျိုး အရသာအမျိုုးမျိုးနဲ့ ပီကင်းဘဲကင်က တရုတ်နိုင်ငံတွင်သာမက အခြားသောနိုင်ငံများအထိပါ နာမည်ကြီး ပျံ့နှံ့လျက်ရှိပါတယ်။ Xiaolongbao ဆိုသည့် ဟင်းချိုတစ်မျိုးကလည်း တရုတ်လူမျိုးများရဲ့ အထင်ကရ အစားအစာတစ်မျိုး ဖြစ်ပါတယ်။
၁။ အီတလီ
Spaghetti နဲ့ Pizza တို့ဖြင့် နာမည်ကြီးလျက်ရှိသည့် အီတလီနိုင်ငံ၌ အစိမ်းလိုက်စားသုံးရသည့် ကြက်သား၊ အမဲအူသားတို့ကဲ့သို့သော Italian- style salami ဟင်းလျာတစ်မျိုးကလည်း စားသုံးသူများရဲ့ ပါးစပ်ထဲ စွဲထင်ကျန်ရစ်နေစေမှာ အသေအချာပင်ဖြစ်ပါတယ်။ အီတလီနိုင်ငံမှ ကော်ဖီသည်လည်း နံနက်စာတစ်ခုတည်းအတွက်တင်မဟုတ်ဘဲ နေ့ညအချိန်မရွေး သောက်ချင်လောက်အောင် အရသာ ထူးကဲကောင်းမွန်လှပါတယ်။
<Unicode Version>
၁၀။ အမေရိကန်
၉။ မက္ကဆီကို
၈။ ထိုင်း
၇။  ဂရိ
နောက်ပိုင်းကာလများ၌ ဂရိနိုင်ငံသို့ ခရီးထွက်ခြင်းနဲ့ ဂရိရိုးရာအစားအသောက်များကို မြည်းစမ်းကြည့်ခြင်းက မဂ္ဂဇင်းစာမျက်နှာများအပေါ် ပျံ့နှံ့ရောက်ရှိလာခဲ့ပြီး အဆိုပါ ဓာတ်ပုံများမှာ မူရင်းအတိုင်း ထွက်ရှိလာသော ဓာတ်ပုံများသာဖြစ်ပြီး Photoshop ပင်ပြုလုပ်စရာ မလိုလောက်အောင် သာယာလှပသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အပြင် အစားအသောက်များရဲ့ အရသာကလည်း တမူထူးခြားကောင်းမွန်လှပါတယ်။
၆။ အိန္ဒိယ
၅။ ဂျပန်
၎။ စပိန်
၃။ ပြင်သစ်
၂။ တရုတ်
၁။ အီတလီ
#HM(Soshwe)
#SoshweFood
#SoshweForYourDailyLife
#Like&Share
About admin
Check Also
၂၀၂၂ ခုနှစ်ရဲ့ အလုံခြုံဆုံးနဲ့ အန္တရာယ်အကင်းဆုံးသော မြို့တော်များ။
ခရီးသွားတွေအနေနဲ့ ဘယ်နေရာကို အလည်အပတ်သွားရမလဲဆိုတာ ဆုံးဖြတ်တဲ့အချိန်မှာ အန္တရာယ်ကင်းပြီး လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ နေရာတွေကိုသာ အဓိကဦးစားပေး ရွေးချယ်တတ်ကြပါတယ်။ ဒါပေမယ့် မကြာသေးခင်က ကမ္ဘာတစ်ဝှမ်းလုံးမှာ ကပ်ရောဂါဆိုးကြီး ပျံ့နှံ့လာခဲ့တာကြောင့် …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro