Breaking News

ကော်တင်ဟိုရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်၍ ဘာစီလိုနာအသင်းရဲ့ ဆုံးဖြတ်ချက်။

စပိန်အင်အားကြီးကလပ် ဘာစီလိုနာအသင်းသည် အသင်းရဲ့ဘရာဇီးလက်ရွေးစင်ကွင်းလယ်ကစားသမား ကော်တင်ဟိုအား လာမည့်နွေရာသီအပြောင်းအရွှေ့၌ ပြောင်းရွှေ့ကြေးနည်းနည်းဖြင့် ရောင်းချသွားမည်မဟုတ်တဲ့အကြောင်းကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ကတ်တလန်အခြေစိုက်ကလပ်အသင်း၌ ခြေစွမ်းပြသနိုင်ရန် ရုန်းကန်နေရသည့် ကော်တင်ဟိုအတွက် ကမ်းလှမ်းမှုများကို ဘာစီလိုနာအသင်းက စောင့်မျှော်လျက်ရှိနေပါတယ်။

Marca သတင်းစာရဲ့ ဖော်ပြချက်အရ ကော်တင်ဟိုအနေနဲ့ အသင်းဟောင်း လီဗာပူးအသင်း၌ ပြသခဲ့သော ခြေစွမ်းကို ဘာစီလိုနာအသင်း၌ ပြသနိုင်ရန်အတွက် လက်ကျန်ဘောလုံးရာသီဝက်ကာလသာ အချိန်ရတော့ပြီး အဆိုပါ ကာလအတွင်း၌ ဆက်လက်ရုန်းကန်နေရမည်ဆိုပါက ဘာစီလိုနာအသင်းအနေနဲ့ ကော်တင်ဟိုကို ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။ ဘာစီလိုနာအသင်းသည် အသက် (၂၆) နှစ်အရွယ်ရှိပြီဖြစ်သူ ကော်တင်ဟိုအတွက် လီဗာပူးအသင်းထံ ပြောင်းရွှေ့ကြေး ပေါင် (၁၄၂) သန်းပေးချေခဲ့ရပြီး လာမည့်နွေရာသီ အပြောင်းအရွှေ့၌ ကော်တင်ဟိုအား ရောင်းထုတ်ဖြစ်ခဲ့သည့်တိုင် နည်းပါးသော ပြောင်းရွှေ့ကြေးနဲ့ ရောင်းထုတ်ရန် ဆန္ဒမရှိကြောင်းလည်း သိရှိရပါတယ်။

အင်္ဂလန်ထိပ်သီးကလပ် ယူနိုက်တက်အသင်းနဲ့ပြင်သစ်လီဂူးကလပ် PSG အသင်းတို့က ကော်တင်ဟိုကို ခေါ်ယူရန်စိတ်ဝင်စားနေပြီး ကစားသမားကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်းနဲ့အနာဂတ်ဆက်ရှိရန် မသေချာတော့ကြောင်း ယခုရက်သတ္တပတ်အစောပိုင်း၌ ဝန်ခံပြောကြားမှုများ ပြုလုပ်ခဲ့ပါတယ်။

 

#HM(1209Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ယူနိုက်တက်ပရိသတ်တွေကို အာမခံချက်ပေးလိုက်တဲ့ ရော်နယ်ဒို။

ရာသီကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းကထွက်ခွာပြီး အသင်းဟောင်းရီးရဲလ်ကို အံ့အားသင့်ဖွယ် ပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်နေမှုကို ရော်နယ်ဒိုက ဘရန်ဖို့ဒ်နဲ့ပွဲအပြီးမှာ တိကျတဲ့အဖြေ ပေးသွားခဲ့ပြီဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးဟာ ယူနိုက်တက်ကနေ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro