Breaking News

အနာဂတ် ယူနိုက်တက်နည်းပြအကြောင်းကို ပြောပြခဲ့သည့် တက်ဒီရှရင်ဂမ်။

ယူနိုက်တက်အသင်းရဲ့ ကစားသမားတစ်ဦးဖြစ်သည့် တက်ဒီရှရင်ဂမ်က သူ့ရဲ့ အသင်းဖော်ဟောင်း အိုလီဂန်နာဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံထားရပြီးဖြစ်သည့်အကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ပြီးခဲ့သည့် ဒီဇင်ဘာလ၌ နည်းပြမော်ရင်ဟိုရဲ့ နေရာကို အစားထိုးဝင်ရောက်လာခဲ့သည့် ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းကို အခြေအနေဆိုးများကြားထဲမှ ကယ်တင်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ကွာတားဖိုင်နယ်အဆင့်ကို ပို့ဆောင်ပေးနိုင်ခဲ့သလို လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ထိပ်သီး (1209၄) သင်းနေရာအတွက်လည်း အသင်းကို မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ကနဦးတွင် ယူနိုက်တက်အသင်းတာဝန်ရှိသူများအနေဖြင့် လာမည့်နွေရာသီရောက်မှသာ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ကြောင်း ကြေညာရန် စီစဉ်ထားသော်လည်း ဆိုးလ်ရှားလက်ထက် ယူနိုက်တက်အသင်းရဲ့ အခြေအနေများမှာမူ သိသာထင်ရှားစွာ တိုးတက်လာခြင်းကြောင့် မကြာမီအချိန်၌ပင် ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ကြောင်း ကြေညာရန် စီစဉ်ထားတယ်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပါတယ်။

အာဆင်နယ်အသင်းနဲ့ပရီးမီးယားလိဂ်ပွဲစဉ်၊ ဝုလ်ဗ်အသင်းနဲ့ ကစားခဲ့သည့် FA ဖလားပွဲစဉ်များ၌ နှစ်ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့ပြီး ဆိုးလ်ရှားအတွက် ယူနိုက်တက်နည်းပြဘဝ ပထမဆုံးမေးခွန်းထုတ်မှုများနဲ့ ရင်ဆိုင်နေရသော်လည်း ရှရင်ဂမ်ကမူ ယူနိုက်တက်အသင်းအနေနဲ့ ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ပြီးဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ရှရင်ဂမ်က “ယူနိုက်တက်အသင်းရဲ့ တာဝန်ရှိသူတွေက ဆိုးလ်ရှားကို အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ပြီးသားလို့ ကျွန်တော်ကြားထားပါတယ်။” ဟူ၍ BBC 5Live ရုပ်သံအစီအစဉ်၌ ပြောကြားသွားခဲ့ပါတယ်။ ဆက်လက်၍လည်း ရှရင်ဂမ်က “နောက်ဆုံးနှစ်ပွဲမှာ ချို့ယွင်းချက်နည်းနည်းလေးရှိခဲ့ပေမယ့် အရိုးသားဆုံးပြောရရင် သူ့အတွက် အရာအားလုံးက အဆင်ပြေပြီးသားလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်စိတ်ထင် သူသာ ယူနိုက်တက်နည်းပြ အဖြစ်ခန့်အပ်ခံရပြီလို့ ကြေညာလိုက်ရင် လူတော်တော်များများလည်း အံ့အားသင့်သွားကြမှာပါ။”

“သူက ယူနိုက်တက်အသင်းကို ရောက်လာပြီး ဖာဂူဆန်လက်ထက်က အသင်းရဲ့ ရိုးရားတွေကို ပြန်လည်သယ်ဆောင်လာခဲ့ပါတယ်။ ယူနိုက်တက်အသင်းအတွက် ကစားခွင့်ရတဲ့ဂုဏ်ပုဒ်တွေ၊ ယူနိုက်တက်အသင်းအတွက် ကစားပေးလို့ရရှိတဲ့ အထူးအခွင့်အရေးတွေ နောက်ပြီး အသင်းရဲ့ ဂျာစီကိုဝတ်ဆင်ခွင့်ရတဲ့ဂုဏ်တွေကို ကစားသမားတွေရဲ့ စိတ်ထဲကို သူရိုက်သွင်းပေးခဲ့ပြီးပါပြီ။ ကစားသမားတွေကလည်း ဒါတွေကို သိပြီးသားဖြစ်ပြီး ယူနိုက်တက်အသင်းရဲ့ ဂျာစီအင်္ကျီအတွက် အလုပ်ကြိုးစားနေကြပါပြီ။”

“ဆိုလ်းရှားက တကယ်ကို အံ့အားသင့်စရာအလုပ်တွေကို လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပြီး သူ ဒီအသင်းကို ပြန်ရောက်လာတည်းက သူမျှော်လင့်ထားတဲ့အတိုင်း အရာအားလုံးဖြစ်ခဲ့ပါတယ်။ သူက ယူနိုက်တက်အသင်းရဲ့ အမြဲတမ်းနည်းပြဖြစ်သွားပါပြီ။” ဟူ၍ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

ဆိုးလ်ရှားသည် ယူနိုက်တက်နည်းပြဘဝ ပြိုင်ပွဲစုံ (1209၁၉) ပွဲမှာ (1209၁၄) ပွဲကို အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အဆိုပါ နိုင်ပွဲအရေအတွက်သည် ယခင်နည်းပြဟောင်း မော်ရင်ဟိုရဲ့ ယူနိုက်တက်နည်းပြဘဝ နောက်ဆုံး (1209၃၂) ပွဲ၌ ရရှိခဲ့သည့် နိုင်ပွဲအရေအတွက်နဲ့ တူညီသည့် နိုင်ပွဲအရေအတွက်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

About Kyaw Naing Oo

Check Also

Covid ကပ်ရောဂါ ဖြစ်ပွါးနေစဉ်အတွင်း ကင်ဆာရောဂါကို တိုက်ထုတ်နိုင်ခဲ့တဲ့ကလေးငယ်။

Kennedy News Service ရဲ့ သတင်းပေးပို့ချက်အရ အသက် (၆) နှစ်အရွယ် Beckett လေးဟာ ကင်ဆာရောဂါကို ဓါတုကုထုံးနဲ့ ဆက်လက်ကုသနေစရာမလိုတော့ဘဲ ရောဂါပျောက်ကင်းသွားလို့ ကျောင်းပြန်တက်ခွင့် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro