Breaking News

နာမည်ကြီးဘောလုံးအသင်းများနဲ့ ချန်ပီယံအိပ်မက် လွဲချော်မှုများ။

ဖီအိုရင်တီးနား (၁၉၉၈-၉၉)

ပက်ထရာတိုနီနည်းပြနေစဉ် (၁၉၉၈-၉၉) ခုနှစ် ဘောလုံးရာသီ၌ ဖီအိုရင်တီးနားအသင်းသည် နှစ်ပေါင်း (၃၀) ကျော်ကြာ ဝေးကွာနေတဲ့ စကူဒက်တိုချန်ပီယံဆုကိုရရှိရန် အနီးစပ်ဆုံးအနေအထားကို ရောက်ရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလ နှောင်းပိုင်းကာလအထိ ဖီအိုရင်တီးနားအသင်းက အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေပြီး ဘတ်တစ္စတူတာက အသင်းအတွက် ပထမဆုံး (၁၃) ပွဲမှာ (၁၃) ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အဆိုပါ ကစားသမား ဒဏ်ရာရရှိချိန်မှစတင်ကာ ဖီအိုရင်တီးနားအသင်းဟာ အခက်အခဲများနဲ့ ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံး (၁၁) ပွဲ၌ (၂) ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။ ရာသီကုန်ချိန်၌မူ ဖီအိုရင်တီးနားအသင်းအနေနဲ့ အဆင့် (၃) နေရာ၌သာ ရပ်တည်ခဲ့ရပြီး စကူဒက်တိုချန်ပီယံဆုနဲ့ လွဲချော်ခဲ့ရပါတယ်။ အဆိုပါရာသီ၌ ဖီအိုရင်တီးနားအသင်းက ကိုပါအီတလီယာဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပေမယ့် ပါးမားအသင်းကို ဗိုလ်လုပွဲ၌ နှစ်ကျော့ပေါင်းရလဒ် အဝေးဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး လက်ရှိအချိန်ထိလည်း စီးရီးအေအမှတ်ပေးဖလားကို ရရှိရန် စောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။

 

လေဗာကူဆင် (၂၀၀၁-၀၂)

နည်းပြ Klaus Toppmoller လက်ထက်၌ လေဗာကူဆင်အသင်းသည် ရာသီကုန်ဆုံးရန် (၃) ပွဲအလိုမှာ ဒုတိယနေရာမှ ဒေါ့မွန်အသင်းကို (၅) မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်ထားသည့်အပြင် ဂျာမန်ပိုကယ်ဖလားနဲ့ချန်ပီယံလိဂ် ပြိုင်ပွဲနှစ်ခုလုံး၌ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်ထားနိုင်ပါတယ်။ လူငယ်ကစားသမားဖြစ်သူူ မိုက်ကယ်ဘားလက်က အတောက်ပဆုံးခြေစွမ်းကို ပြသနေပြီး ကွင်းလယ်ကစားသမားတစ်ယောက်ပင်ဖြစ်သော်ငြား အသင်းအတွက် (၁၇) ဂိုးသွင်းယူပေးထားနိုင်ပါတယ်။

ဒါပေမယ့် အသင်းရဲ့ အဓိက ခံစစ်ကစားသမားဖြစ်သူ Nowotny ဒဏ်ရာရရှိခဲ့ပြီးနောက် လက်ကျန်ဘွန်ဒက်စ်လီဂါ (၃) ပွဲမှာ (၂) ပွဲရှုံံးနိမ့်ခဲ့ပြီး အမှတ်ပေးချန်ပီယံဆုကို ဒေါ့မွန်အသင်းထံ လွှဲပေးခဲ့ရပါတယ်။ ဂျာမန်ပိုကယ်ဖလားဗိုလ်လုပွဲ၌လည်း ရှော်လ်ကေးအသင်းကို တစ်ဂိုးဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ဆုဖလားကို လက်လွှတ်ခဲ့ရသလို ချန်ပီယံလိဂ်ဗိုလ်လုပွဲ၌လည်း ချန်ပီယံဆုနဲ့ အနီးစပ်ဆုံးအနေအထားအထိ ရောက်ရှိပြီးမှ ရီးရဲယ်မက်ဒရစ်အသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ကာ လွဲချော်ခဲ့ရပါတယ်။

 

ဘိုင်ယန်မြူးနစ် (၂၀၁၁-၁၂)

ဂျက်ဟေးနက်စ်ရဲ့ ဘိုင်ယန်မြူးနစ်အသင်းသည် ရာသီအစဘွန်ဒက်စ်လီဂါပွဲဦးထွက် (၇) ပွဲ၌ (၆) ပွဲအနိုင်ရရှိခဲ့ပြီး အကောင်းဆုံးတာထွက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယာဂင်ကလော့ပ်ရဲ့ ဒေါ့မွန်အသင်းက အကောင်းဆုံးပုုံစံရရှိနေခဲ့ပြီး (၂၈) ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန်နဲ့ ခရီးဆက်နိုင်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်တို့ ချန်ပီယံဆုနဲ့ လွဲွချော်ခဲ့ရပါတယ်။ ဒါ့အပြင် ဂျာမန်ပိုကယ်ဖလားပြိုင်ပွဲမှာလည်း ဘိုင်ယန်မြူးနစ်အသင်းက ဒေ့ါမွန်အသင်းကို ငါးဂိုးနှစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါသေးတယ်။

အိမ်ကွင်းအလိုင်းယန့်ဇ်အရီနာကွင်းကြီး၌ လက်ခံယှဉ်ပြိုင်ကစားခွင့်ရရှိခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲကြီး၌လည်း ချဲလ်ဆီးအသင်းကို ရှုံံးနိမ့်ခဲ့ရပြီး ချန်ပီယံလိဂ်ဖလားကိုထပ်မံလက်လွှတ်ခဲ့ရပါတယ်။ သောမတ်စ်မူလာက အသင်းအတွက် နောက်ကျဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူး ဒရော့ဘာရဲ့ ချေပဂိုးကို ပြန်လည်ခွင့်ပြုခဲ့ရပါတယ်။ ညာတောင်ပံ ကစားသမား ရော်ဘင်ရဲ့ အချိန်ပိုမှာ ပင်နယ်တီလွဲချော်ခဲ့ခြင်းနဲ့အတူ ပင်နယ်တီအဆုံးအဖြတ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် ဘိုင်ယန်မြူးနစ်တို့အတွက် ကံဆိုးခဲ့တဲ့ ဘောလုံးရာသီတစ်ခုဟု ပြောရမှာလည်း ဖြစ်ပါတယ်။

 

အာဆင်နယ် (၁၉၉၈-၉၉)

ယူနိုက်တက်အသင်းရဲ့ သမိုင်းဝင်အောင်မြင်မှုဖြစ်သည့် ဖလား (၃) လုံးရရှိခဲ့သည့် (၁၉၉၈-၉၉) ခုနှစ် ဘောလုံးရာသီက အာဆင်နယ်အသင်းအတွက် အကြီးအကျယ် ကံဆိုးမိုးမှောင်ကျခဲ့သည့့် ဘောလုံးရာသီလည်း ဖြစ်ပါတယ်။ FA ဖလားဆီမီးဖိုင်နယ်၌ အာဆင်နယ်အသင်းသည် ယူနိုက်တက်အသင်းနဲ့ထိပ်တိုက်တွေ့ခဲ့ပြီး ပွဲပြီးဆုံရန် (၁၆) မိနစ်အလို၌ ယူနိုက်တက်အသင်းခေါင်းဆောင် ရွိုင်ကိန်းအထုတ်ခံရတာကြောင့် လက်ကျန်ပွဲကစားချိန်ကို အာဆင်နယ်တို့ တစ်ယောက်အသာနဲ့ကစားခဲ့ရပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းက အခွင့်အရေးအများအပြားကို ဖြုန်းတီးပစ်ခဲ့ပြီး ပွဲကစားချိန် နောက်ဆုံးမိနစ်တွင်လည်း ဘားကမ့်က ပင်နယ်တီလွဲချော်ခဲ့တာကြောင့် ယူနိုက်တက်အသင်းကို ရှုံးနိမ့်ကာ ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း ယူနိုက်တက်အသင်းက လက်ကျန်ပွဲစဉ် (၂) ပွဲလုံးကို အနိုင်ကန်ပြီး အာဆင်နယ်အသင်းရဲ့ ရှုံးပွဲကို အခွင့်ကောင်းယူကာ ပရီးမီးယားလိဂ်ဖလားကို ရရှိသွားခဲ့ပါတယ်။

 

ဂျူဗင်တပ်စ် (၁၉၉၁-၉၂)

(၁၉၉၀) ပြည့်နှစ်များ၌ မီလန်မြို့ရဲ့ လွှမ်းမိုးမှုကို ဖောက်ထွက်ရန် ဂျူဗင်တပ်စ်အသင်းက ရောဘတ်တိုဘက်ဂီယိုကို ထိုစဉ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်သည့် ပေါင် (၈) သန်းနဲ့ခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် ဂျာမနီလက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့သည့် ခိုလာ နဲ့ ရိုက်တာတို့ကိုလည်း ခေါ်ယူအားဖြည့်ခဲ့ပါတယ်။

စီးရီးအေပွဲစဉ် (၂၅) ရောက်သည့်အချိန်အထိ ဂျူဗင်တပ်စ်အသင်းက အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး ဘက်ဂီယိုကလည်း အသင်းအတွက် (၁၈) ဂိုးသွင်းယူကာ ခြေစွမ်းပြနေခဲ့ပါတယ်။ ဒါပေမယ့် ဂျူဗင်တပ်စ်အသင်းက လက်ကျန် ပွဲစဉ် (၉) ပွဲမှာ နိုင်ပွဲ (၂) ပွဲသာ ရရှိခဲ့ပြီး အမှတ်ပေးချန်ပီယံဆုဖလားကို လက်လွှတ်ခဲ့ရပါတယ်။ ကိုပါအီတလီယာဖလားပြိုင်ပွဲ၌လည်း ပါးမားအသင်းကို နှစ်ကျော့ပေါင်းရလဒ် နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရသည့် ဂျူဗင်တပ်စ်အသင်းသည် ပြည်တွင်းပြိုင်ပွဲများ၌ အောင်မြင်မှုရရှိရန်အတွက် (၁၉၉၅) ခုနှစ်အထိ စောင့်ဆိုင်းခဲ့ရပါတယ်။

 

ဘာစီလိုနာ (၁၉၉၉-၂၀၀၀)

လူးဝစ်ဗန်ဟားလ်ကိုင်တွယ်နေခဲ့သည့် ဘာစီလိုနာအသင်းက တီကီတာကာကစားကွက်နဲ့အတူ လူးဝစ်ဖီဂို၊ ပက်ထရစ်ကလွိုက်ဗက် နဲ့ ရီဗယ်လ်ဒိုတို့လည်း ရုန်းကန်ခဲ့ရပါတယ်။ ဘရာဇီးဘောလုံးအကျော်အမော် ရီဗယ်လ်ဒိုကိုလည်း သူ့ရဲ့ပုံမှန်ကစားနေကျ နေရာမဟုတ်သည့် ကွင်းလယ်တိုက်စစ်နေရာမှာ ကစားစေခဲ့သည့် လူးဝစ်ဗန်ဟားလ်ရဲ့ ဘာစီလိုနာအသင်းသည် နောက်ပိုင်းပွဲစဉ်များ၌မူ ဆက်တိုက်ဆိုသလို ရုန်းကန်ခဲ့ရပါတယ်။ ကိုပါဒယ်ရေးဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲများ၌ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့သည့် ဘာစီလိုနာအသင်းသည် အဆိုပါ ပြိုင်ပွဲနှစ်ခုလုံးမှထွက်ခွာခဲ့ရသည့်အပြင် စပိန်လာလီဂါချန်ပီယံဆုကိုလည်း ဒုတိယနေရာက ဒီပို့တီဗိုအသင်းထံလွှဲပြောင်းပေးခဲ့ရပါတယ်။

 

ဘော်ဒိုး (၂၀၀၉-၁၀)

လောရင့်ဘလန့်နည်းပြနေသည့် ဘော်ဒိုးအသင်းသည် (၂၀၀၉) ခုနှစ်၌ ပြင်သစ်လီဂူးအမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ရန် နီးစပ်ခဲ့ပေမယ့် ရာသီကုန်ချိန်၌မူ လိုင်ယွန်အသင်းကသာ အမှတ်ပေးချန်ပီယံဆုကို ရရှိသွားခဲ့ပါတယ်။ ဂေါ်ကပ်ဖ်၊ ချာမက်တို့ရဲ့ ခြေစွမ်းပြမှုများနဲ့အတူ ရာသီနှောင်းပိုင်းအချိန်ကာလ၌ လိုင်ယွန်အသင်းက (၇) ပွဲဆက်နိုင်ပွဲရယူကာ အမှတ်ပေးချန်ပီယံဆုကို ရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ဘော်ဒိုးအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်၌လည်း ဂျူဗင်တပ်စ် ဘိုင်ယန်မြူးနစ်အသင်းများရဲ့အထက် အုပ်စုပထမနေရာတွင် ရပ်တည်နိုင်ခဲ့ကာ ကွာတားဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့ပေမယ့် ပြည်တွင်းပြိုင်ဘက် လိုင်ယွန်အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ ပြည်တွင်းဖလားပြိုင်ပွဲ၌လည်း မာဆေးလ်အသင်းကို ဗိုလ်လုပွဲ၌ သုံးဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့သလို အမှတ်ပေးပြိုင်ပွဲ၌လည်း အခြေအနေဆိုးများနဲ့ ဆက်တိုက်ရင်ဆိုင်ခဲ့ရကာ (၃) ပွဲဆက်ရှုံးပွဲနဲ့အတူ ယူရိိုပါလိဂ်ဝင်ခွင့်နဲ့ပင် လွဲချော်ခဲ့ရတာလည်းဖြစ်ပါတယ်။

 

ဘင်ဖီကာ (၂၀၁၂-၁၃)

(၂၀၁၃) ခုနှစ် မေလကတော့ ဘင်ဖီကာအသင်းအတွက် မေ့မရနိုင်သည့် အချိန်ကာလပင်ဖြစ်ပါတယ်။ ပေါ်တူဂီအမှတ်ပေးဖလားပြိုင်ပွဲအတွက် အဆုံးအဖြတ်ပွဲစဉ်တစ်ခုအဖြစ် သတ်မှတ်လို့ရသည့် အဆိုပါ ပွဲစဉ်၌ ဘင်ဖီကာအသင်းအနေနဲ့ ပေါ်တိုအသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ကာ အမှတ်ပေးချန်ပီယံဆုကို လက်လွှတ်ခဲ့ရသလို ပြည်တွင်းဖလားပြိုင်ပွဲ၌လည်း ဗစ်တိုးရီးယားဂွီမာရက်စ်အသင်းကိုလည်း ပွဲကစားချိန် နောက်ဆုံး မိနစ် (၁၁) အတွင်း နှစ်ဂိုးပေးခဲ့ရကာ ပွဲအပြီး၌ နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ကာ နောက်ထပ်ဖလားတစ်လုံးကို လက်လွှတ်ခဲ့ရပါတယ်။

ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့သည့် ဘင်ဖီကာအသင်းသည် ချဲလ်ဆီးအသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီး ပြိုင်ဘက်ချဲလ်ဆီးအသင်း နောက်ခံလူ အီဗန်နိုဗစ်ရဲ့ နောက်ကျခေါင်းတိုက်သွင်းဂိုးကြောင့် တစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပြီး ဆုဖလား (၃) လုံးမျှော်လင့်ချက်ကို စွန့်လွှတ််ခဲ့ရပြီး ဖလားလက်မဲ့အဖြစ်နဲ့သာ ဘောလုံးရာသီကို ကုန်ဆုံးခဲ့ရပါတယ်။

 

အေဂျက်စ် (၂၀၁၆-၁၇)

ပြည်တွင်းပြိုင်ပွဲ၌ လူငယ်ကစားသမားအများစုဖြင့် စုဖွဲ့ထားသည့် အေဂျက်စ်အသင်းသည် ဖီယင်နုအသင်းနဲ့ အပြိုင်အမှတ်ပေးဖလားကို ဆွတ်ခူးရန် ရေပန်းစားခဲ့ပေမယ့် ချန်ပီယံဆုအတွက် အရေးကြီးသည့် အဆုံးအဖြတ်ကာလများ၌ လူငယ်ကစားသမားများရဲ့ အတွေ့အကြုံနုနယ်မှုက သိသာထင်ရှားခဲ့ပြီး အမှတ်ပေးဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။ ယူရိုပါလိဂ်ပြိုင်ပွဲ၌လည်း ဗိုလ်လုပွဲအဆင့်အထိ ရောက်ရှိခဲ့ပေမယ့် ဥရောပဝါရင့် ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး နှစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ကာ ချန်ပီယံဆုကို ထပ်မံလက်လွှတ်ခဲ့ရပါတယ်။

 

ဆဲလ်တစ် (၂၀၀၂-၀၃)

(၁၉၇၀) ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယူရိုပါလိဂ်(ထိုစဉ်က UEFA Cup) ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်နိုင်ခဲ့သည့် ဆဲလ်တစ်အသင်းသည် ပြည်တွင်းအမှတ်ပေးပြိုင်ပွဲ၌လည်း ရိန်းဂျားစ်အသင်းနဲ့အပြိုင် ဖြစ်နေသလို စကော့တလန်ပြည်တွင်းဖလားရဲ့ ဗိုလ်လုပွဲအဆင့်ကိုလည်း တက်ရောက်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်တွင်းဖလားဗိုလ်လုပွဲ၌ အဲလက်စ်မက်လစ်ရှ် ကိုင်တွယ်နေသည့် ရိန်းဂျားစ်အသင်းကို နောက်ဆုံးမိနစ် ပင်နယ်တီလွဲချော်မှုနဲ့အတူ နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ချိန်မှစတင်ပြီး ကံဆိုးမှုများ စတင်ခဲ့သည့် ဆဲလ်တစ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ၌လည်း ထိုစဉ်က မော်ရင်ဟိုကိုင်တွယ်နေသည့် ပေါ်တိုအသင်းကို ဗိုလ်လုပွဲ၌ အချိန်ပိုအထိ ကစားခဲ့ရပြီးမှ သုံးဂိုးနှစ်ဂိုးနဲ့ရှုံးနိမ့်ကာ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပါတယ်။ အမှတ်ပေးပြိုင်ပွဲ၌လည်း နောက်ဆုံးအချိန်အထိယှဉ်ပြိုင်ခဲ့ရပြီး နောက်ဆုံးပွဲစဉ်၌ ကီလ်မာနော့အသင်းကို လေးဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပေမယ့် ရိန်းဂျားစ်အသင်းနဲ့ ဂိုးကွာခြားချက် (၁) ဂိုးအကွာနဲ့ အမှတ်ပေးချန်ပီယံဆုကို လက်လွှတ်ခဲ့ရပါတယ်။

<Unicode Version>

 

 

နာမည္ႀကီးေဘာလုံးအသင္းမ်ားနဲ႕ ခ်န္ပီယံအိပ္မက္ လြဲေခ်ာ္မႈမ်ား။

ဖီအိုရင္တီးနား (၁၉၉၈-၉၉)

ပက္ထရာတိုနီနည္းျပေနစဥ္ (၁၉၉၈-၉၉) ခုႏွစ္ ေဘာလံုးရာသီ၌ ဖီအိုရင္တီးနားအသင္းသည္ ႏွစ္ေပါင္း (၃၀) ေက်ာ္ၾကာ ေဝးကြာေနတ့ဲ စကူဒက္တိုခ်န္ပီယံဆုကိုရရွိရန္ အနီးစပ္ဆံုးအေနအထားကို ေရာက္ရွိခ့ဲပါတယ္။ ေဖေဖာ္ဝါရီလ ေႏွာင္းပိုင္းကာလအထိ ဖီအိုရင္တီးနားအသင္းက အမွတ္ေပးဇယားထိပ္ဆံုး၌ ရပ္တည္ေနၿပီး ဘတ္တစၥတူတာက အသင္းအတြက္ ပထမဆံုး (၁၃) ပြဲမွာ (၁၃) ဂိုးသြင္းယူေပးထားႏုိင္ခ့ဲပါတယ္။

ဒါေပမယ့္ အဆုိပါ ကစားသမား ဒဏ္ရာရရွိခ်ိန္မွစတင္ကာ ဖီအုိရင္တီးနားအသင္းဟာ အခက္အခဲမ်ားနဲ႔ ရင္ဆုိင္ခ့ဲရၿပီး ေနာက္ဆံုး (၁၁) ပြဲ၌ (၂) ပြဲသာ အႏုိင္ရရွိခ့ဲပါတယ္။ ရာသီကုန္ခ်ိန္၌မူ ဖီအုိရင္တီးနားအသင္းအေနနဲ႔ အဆင့္ (၃) ေနရာ၌သာ ရပ္တည္ခ့ဲရၿပီး စကူဒက္တိုခ်န္ပီယံဆုနဲ႔ လြဲေခ်ာ္ခ့ဲရပါတယ္။ အဆိုပါရာသီ၌ ဖီအုိရင္တီးနားအသင္းက ကုိပါအီတလီယာဖလားဗိုလ္လုပြဲကို တက္ေရာက္ႏုိင္ခ့ဲေပမယ့္ ပါးမားအသင္းကုိ ဗိုလ္လုပြဲ၌ ႏွစ္ေက်ာ႕ေပါင္းရလဒ္ အေဝးဂုိးျဖင့္ ရံႈးနိမ့္ခ့ဲၿပီး လက္ရွိအခ်ိန္ထိလည္း စီးရီးေအအမွတ္ေပးဖလားကို ရရွိရန္ ေစာင့္ဆိုင္းေနရဆဲျဖစ္ပါတယ္။

 

ေလဗာကူဆင္ (၂၀၀၁-၀၂)

နည္းျပ Klaus Toppmoller လက္ထက္၌ ေလဗာကူဆင္အသင္းသည္ ရာသီကုန္ဆံုးရန္ (၃) ပြဲအလိုမွာ ဒုတိယေနရာမွ ေဒါ့မြန္အသင္းကို (၅) မွတ္ျဖတ္ကာ အမွတ္ေပးဇယားကို ဦးေဆာင္ထားသည့္အျပင္ ဂ်ာမန္ပိုကယ္ဖလားနဲ႔ခ်န္ပီယံလိဂ္ ၿပိဳင္ပဲြႏွစ္ခုလံုး၌ ဗိုလ္လုပြဲအဆင့္ကို တက္ေရာက္ထားႏုိင္ပါတယ္။ လူငယ္ကစားသမားျဖစ္သူူ မုိက္ကယ္ဘားလက္က အေတာက္ပဆံုးေျခစြမ္းကို ျပသေနၿပီး ကြင္းလယ္ကစားသမားတစ္ေယာက္ပင္ျဖစ္ေသာ္ျငား အသင္းအတြက္ (၁၇) ဂိုးသြင္းယူေပးထားႏုိင္ပါတယ္။

ဒါေပမယ့္ အသင္းရဲ႕ အဓိက ခံစစ္ကစားသမားျဖစ္သူ Nowotny ဒဏ္ရာရရွိခ့ဲၿပီးေနာက္ လက္က်န္ဘြန္ဒက္စ္လီဂါ (၃) ပြဲမွာ (၂) ပြဲရံံႈးနိမ့္ခ့ဲၿပီး အမွတ္ေပးခ်န္ပီယံဆုကို ေဒါ့မြန္အသင္းထံ လႊဲေပးခ့ဲရပါတယ္။ ဂ်ာမန္ပိုကယ္ဖလားဗိုလ္လုပြဲ၌လည္း ေရွာ္လ္ေကးအသင္းကို တစ္ဂိုးဂိုးမရွိျဖင့္ ရံႈးနိမ့္ခ့ဲၿပီး ဆုဖလားကို လက္လႊတ္ခ့ဲရသလို ခ်န္ပီယံလိဂ္ဗုိလ္လုပြဲ၌လည္း ခ်န္ပီယံဆုနဲ႔ အနီးစပ္ဆံုးအေနအထားအထိ ေရာက္ရွိၿပီးမွ  ရီးရဲယ္မက္ဒရစ္အသင္းကို ႏွစ္ဂိုးတစ္ဂိုးနဲ႔ ရံႈးနိမ့္ကာ လြဲေခ်ာ္ခ့ဲရပါတယ္။

 

ဘုိင္ယန္ျမဴးနစ္ (၂၀၁၁-၁၂)

ဂ်က္ေဟးနက္စ္ရဲ႕ ဘိုင္ယန္ျမဴးနစ္အသင္းသည္ ရာသီအစဘြန္ဒက္စ္လီဂါပြဲဦးထြက္ (၇) ပြဲ၌ (၆) ပြဲအႏုိင္ရရွိခ့ဲၿပီး အေကာင္းဆံုးတာထြက္ႏုိင္ခ့ဲပါတယ္။ ဒါေပမယ့္ ယာဂင္ကေလာ့ပ္ရဲ႕ ေဒါ့မြန္အသင္းက အေကာင္းဆံုးပံုုစံရရွိေနခ့ဲၿပီး (၂၈) ပြဲဆက္တိုက္ ရံႈးပြဲမရွိစံခ်ိန္နဲ႔ ခရီးဆက္ႏုိင္ခ့ဲတာေၾကာင့္ ဘုိင္ယန္ျမဴးနစ္တို႔ ခ်န္ပီယံဆုနဲ႔ လြဲြေခ်ာ္ခ့ဲရပါတယ္။ ဒါ့အျပင္ ဂ်ာမန္ပိုကယ္ဖလားၿပိဳင္ပြဲမွာလည္း ဘုိင္ယန္ျမဴးနစ္အသင္းက ေဒ့ါမြန္အသင္းကို ငါးဂိုးႏွစ္ဂိုးနဲ႔ ရံႈးနိမ့္ခ့ဲပါေသးတယ္။

အိမ္ကြင္းအလုိင္းယန္႔ဇ္အရီနာကြင္းႀကီး၌ လက္ခံယွဥ္ၿပိဳင္ကစားခြင့္ရရွိခ့ဲသည့္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲႀကီး၌လည္း ခ်ဲလ္ဆီးအသင္းကို ရံံႈးနိမ့္ခ့ဲရၿပီး ခ်န္ပီယံလိဂ္ဖလားကိုထပ္မံလက္လႊတ္ခ့ဲရပါတယ္။ ေသာမတ္စ္မူလာက အသင္းအတြက္ ေနာက္က်ဦးေဆာင္ဂိုးသြင္းယူႏုိင္ခ့ဲေပမယ့္ ခ်ဲလ္ဆီးအသင္းရဲ႕ တိုက္စစ္မွဴး ဒေရာ့ဘာရဲ႕ ေခ်ပဂိုးကို ျပန္လည္ခြင့္ျပဳခ့ဲရပါတယ္။ ညာေတာင္ပံ ကစားသမား ေရာ္ဘင္ရဲ႕ အခ်ိန္ပိုမွာ ပင္နယ္တီလြဲေခ်ာ္ခ့ဲျခင္းနဲ႔အတူ ပင္နယ္တီအဆံုးအျဖတ္မွာ ရံႈးနိမ့္ခ့ဲတာေၾကာင့္ ဘုိင္ယန္ျမဴးနစ္တို႔အတြက္ ကံဆုိးခ့ဲတ့ဲ ေဘာလံုးရာသီတစ္ခုဟု ေျပာရမွာလည္း ျဖစ္ပါတယ္။

 

အာဆင္နယ္ (၁၉၉၈-၉၉)

ယူႏုိက္တက္အသင္းရဲ႕ သမုိင္းဝင္ေအာင္ျမင္မႈျဖစ္သည့္ ဖလား (၃) လံုးရရွိခ့ဲသည့္ (၁၉၉၈-၉၉) ခုႏွစ္ ေဘာလံုးရာသီက အာဆင္နယ္အသင္းအတြက္ အႀကီးအက်ယ္ ကံဆိုးမိုးေမွာင္က်ခ့ဲသည့့္ ေဘာလံုးရာသီလည္း ျဖစ္ပါတယ္။ FA ဖလားဆီမီးဖိုင္နယ္၌ အာဆင္နယ္အသင္းသည္ ယူႏုိက္တက္အသင္းနဲ႔ထိပ္တိုက္ေတြ႔ခ့ဲၿပီး ပြဲၿပီးဆံုရန္ (၁၆) မိနစ္အလို၌ ယူႏုိက္တက္အသင္းေခါင္းေဆာင္ ရိြဳင္ကိန္းအထုတ္ခံရတာေၾကာင့္ လက္က်န္ပဲြကစားခ်ိန္ကို အာဆင္နယ္တို႔ တစ္ေယာက္အသာနဲ႔ကစားခ့ဲရပါတယ္။ ဒါေပမယ့္ အာဆင္နယ္အသင္းက အခြင့္အေရးအမ်ားအျပားကုိ ျဖဳန္းတီးပစ္ခ့ဲၿပီး ပြဲကစားခ်ိန္ ေနာက္ဆံုးမိနစ္တြင္လည္း ဘားကမ့္က ပင္နယ္တီလဲြေခ်ာ္ခ့ဲတာေၾကာင့္ ယူႏုိက္တက္အသင္းကို ရံႈးနိမ့္ကာ ၿပိဳင္ပြဲကထြက္ခ့ဲရပါတယ္။

ပရီးမီးယားလိဂ္ၿပိဳင္ပြဲတြင္လည္း ယူႏုိက္တက္အသင္းက လက္က်န္ပြဲစဥ္ (၂) ပြဲလံုးကို အႏုိင္ကန္ၿပီး အာဆင္နယ္အသင္းရဲ႕ ရံႈးပြဲကို အခြင့္ေကာင္းယူကာ ပရီးမီးယားလိဂ္ဖလားကို ရရွိသြားခ့ဲပါတယ္။

 

ဂ်ဴဗင္တပ္စ္ (၁၉၉၁-၉၂)

(၁၉၉၀) ျပည့္ႏွစ္မ်ား၌ မီလန္ၿမိဳ႕ရဲ႕ လႊမ္းမုိးမႈကို ေဖာက္ထြက္ရန္ ဂ်ဴဗင္တပ္စ္အသင္းက ေရာဘတ္တိုဘက္ဂီယိုကို ထိုစဥ္က ကမာၻ႕စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖစ္သည့္ ေပါင္ (၈) သန္းနဲ႔ေခၚယူခ့ဲပါတယ္။ ဒါ့အျပင္ ဂ်ာမနီလက္ေရြးစင္အသင္းနဲ႔အတူ ကမာၻ႕ဖလားကို ရယူႏုိင္ခ့ဲသည့္ ခိုလာ နဲ႔ ရိုက္တာတုိ႔ကိုလည္း ေခၚယူအားျဖည့္ခ့ဲပါတယ္။

စီးရီးေအပြဲစဥ္ (၂၅) ေရာက္သည့္အခ်ိန္အထိ ဂ်ဴဗင္တပ္စ္အသင္းက အမွတ္ေပးဇယားကို ဦးေဆာင္ထားၿပီး ဘက္ဂီယိုကလည္း အသင္းအတြက္ (၁၈) ဂိုးသြင္းယူကာ ေျခစြမ္းျပေနခ့ဲပါတယ္။ ဒါေပမယ့္ ဂ်ဴဗင္တပ္စ္အသင္းက လက္က်န္ ပဲြစဥ္ (၉) ပြဲမွာ ႏုိင္ပြဲ (၂) ပြဲသာ ရရွိခ့ဲၿပီး အမွတ္ေပးခ်န္ပီယံဆုဖလားကို လက္လႊတ္ခ့ဲရပါတယ္။ ကိုပါအီတလီယာဖလားၿပိဳင္ပြဲ၌လည္း ပါးမားအသင္းကုိ ႏွစ္ေက်ာ့ေပါင္းရလဒ္ ႏွစ္ဂိုးတစ္ဂိုးနဲ႔ ရံႈးနိမ့္ခ့ဲရသည့္ ဂ်ဴဗင္တပ္စ္အသင္းသည္ ျပည္တြင္းၿပိဳင္ပြဲမ်ား၌ ေအာင္ျမင္မႈရရွိရန္အတြက္ (၁၉၉၅) ခုႏွစ္အထိ ေစာင့္ဆုိင္းခ့ဲရပါတယ္။

 

ဘာစီလိုနာ (၁၉၉၉-၂၀၀၀)

လူးဝစ္ဗန္ဟားလ္ကိုင္တြယ္ေနခ့ဲသည့္ ဘာစီလိုနာအသင္းက တီကီတာကာကစားကြက္နဲ႔အတူ လူးဝစ္ဖီဂို၊ ပက္ထရစ္ကလြိဳက္ဗက္ နဲ႔ ရီဗယ္လ္ဒိုတို႔လည္း ရုန္းကန္ခ့ဲရပါတယ္။ ဘရာဇီးေဘာလံုးအေက်ာ္အေမာ္ ရီဗယ္လ္ဒိုကိုလည္း သူ႔ရဲ႕ပုံမွန္ကစားေနက် ေနရာမဟုတ္သည့္ ကြင္းလယ္တုိက္စစ္ေနရာမွာ ကစားေစခ့ဲသည့္ လူးဝစ္ဗန္ဟားလ္ရဲ႕ ဘာစီလိုနာအသင္းသည္ ေနာက္ပိုင္းပြဲစဥ္မ်ား၌မူ ဆက္တုိက္ဆုိသလို ရုန္းကန္ခ့ဲရပါတယ္။ ကိုပါဒယ္ေရးဖလားနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမ်ား၌ ဆီမီးဖိုင္နယ္အဆင့္အထိ တက္ေရာက္ႏုိင္ခ့ဲသည့္ ဘာစီလိုနာအသင္းသည္ အဆုိပါ ၿပိဳင္ပြဲႏွစ္ခုလံုးမွထြက္ခြာခ့ဲရသည့္အျပင္ စပိန္လာလီဂါခ်န္ပီယံဆုကိုလည္း ဒုတိယေနရာက ဒီပို႔တီဗိုအသင္းထံလႊဲေျပာင္းေပးခ့ဲရပါတယ္။

 

ေဘာ္ဒုိး (၂၀၀၉-၁၀)

ေလာရင့္ဘလန္႔နည္းျပေနသည့္ ေဘာ္ဒိုးအသင္းသည္ (၂၀၀၉) ခုႏွစ္၌ ျပင္သစ္လီဂူးအမွတ္ေပးဖလားကို ဆြတ္ခူးႏုိင္ရန္ နီးစပ္ခ့ဲေပမယ့္ ရာသီကုန္ခ်ိန္၌မူ လိုင္ယြန္အသင္းကသာ အမွတ္ေပးခ်န္ပီယံဆုကို ရရွိသြားခ့ဲပါတယ္။ ေဂၚကပ္ဖ္၊ ခ်ာမက္တုိ႔ရဲ႕ ေျခစြမ္းျပမႈမ်ားနဲ႔အတူ ရာသီေႏွာင္းပိုင္းအခ်ိန္ကာလ၌ လိုင္ယြန္အသင္းက (၇) ပြဲဆက္ႏုိင္ပြဲရယူကာ အမွတ္ေပးခ်န္ပီယံဆုကို ရရွိခ့ဲျခင္းလည္း ျဖစ္ပါတယ္။

ေဘာ္ဒိုးအသင္းသည္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ အုပ္စုအဆင့္၌လည္း ဂ်ဴဗင္တပ္စ္ ဘုိင္ယန္ျမဴးနစ္အသင္းမ်ားရဲ႕အထက္ အုပ္စုပထမေနရာတြင္ ရပ္တည္ႏုိင္ခ့ဲကာ ကြာတားဖိုင္နယ္အဆင့္ထိ တက္ေရာက္ႏုိင္ခ့ဲေပမယ့္ ျပည္တြင္းၿပိဳင္ဘက္ လိုင္ယြန္အသင္းကို ရံႈးနိမ့္ၿပီး ၿပိဳင္ပြဲက ထြက္ခ့ဲရပါတယ္။ ျပည္တြင္းဖလားၿပိဳင္ပြဲ၌လည္း မာေဆးလ္အသင္းကို ဗိုလ္လုပြဲ၌ သံုးဂိုးတစ္ဂိုးနဲ႔ ရံႈးနိမ့္ခ့ဲသလို အမွတ္ေပးၿပိဳင္ပြဲ၌လည္း အေျခအေနဆုိးမ်ားနဲ႔ ဆက္တုိက္ရင္ဆိုင္ခ့ဲရကာ (၃) ပြဲဆက္ရံႈးပြဲနဲ႔အတူ ယူရိုိပါလိဂ္ဝင္ခြင့္နဲ႔ပင္ လြဲေခ်ာ္ခ့ဲရတာလည္းျဖစ္ပါတယ္။

 

ဘင္ဖီကာ (၂၀၁၂-၁၃)

(၂၀၁၃) ခုႏွစ္ ေမလကေတာ့ ဘင္ဖီကာအသင္းအတြက္ ေမ့မရႏုိင္သည့္ အခ်ိန္ကာလပင္ျဖစ္ပါတယ္။ ေပၚတူဂီအမွတ္ေပးဖလားၿပိဳင္ပြဲအတြက္ အဆံုးအျဖတ္ပြဲစဥ္တစ္ခုအျဖစ္ သတ္မွတ္လို႔ရသည့္ အဆုိပါ ပြဲစဥ္၌ ဘင္ဖီကာအသင္းအေနနဲ႔ ေပၚတိုအသင္းကို ႏွစ္ဂိုးတစ္ဂိုးနဲ႔ ရံႈးနိမ့္ကာ အမွတ္ေပးခ်န္ပီယံဆုကို လက္လႊတ္ခ့ဲရသလို ျပည္တြင္းဖလားၿပိဳင္ပြဲ၌လည္း ဗစ္တိုးရီးယားဂြီမာရက္စ္အသင္းကိုလည္း ပြဲကစားခ်ိန္ ေနာက္ဆံုး မိနစ္ (၁၁) အတြင္း ႏွစ္ဂိုးေပးခ့ဲရကာ ပြဲအၿပီး၌ ႏွစ္ဂိုးတစ္ဂိုးနဲ႔ ရံႈးနိမ့္ကာ ေနာက္ထပ္ဖလားတစ္လံုးကို လက္လႊတ္ခ့ဲရပါတယ္။

ယူရိုပါလိဂ္ၿပိဳင္ပြဲရဲ႕ ဗုိလ္လုပြဲအဆင့္ကို တက္ေရာက္ႏုိင္ခ့ဲသည့္ ဘင္ဖီကာအသင္းသည္ ခ်ဲလ္ဆီးအသင္းနဲ႔ ထိပ္တိုက္ရင္ဆုိင္ခ့ဲရၿပီး ၿပိဳင္ဘက္ခ်ဲလ္ဆီးအသင္း ေနာက္ခံလူ အီဗန္ႏိုဗစ္ရဲ႕ ေနာက္က်ေခါင္းတုိက္သြင္းဂိုးေၾကာင့္ တစ္ဂိုးဂိုးမရွိနဲ႔ ရံႈးနိမ့္ခ့ဲရၿပီး ဆုဖလား (၃) လံုးေမွ်ာ္လင့္ခ်က္ကို စြန္႔လႊတ္္ခ့ဲရၿပီး ဖလားလက္မ့ဲအျဖစ္နဲ႔သာ ေဘာလံုးရာသီကုိ ကုန္ဆံုးခ့ဲရပါတယ္။

 

ေအဂ်က္စ္ (၂၀၁၆-၁၇)

ျပည္တြင္းၿပိဳင္ပြဲ၌ လူငယ္ကစားသမားအမ်ားစုျဖင့္ စုဖြဲ႕ထားသည့္ ေအဂ်က္စ္အသင္းသည္ ဖီယင္ႏုအသင္းနဲ႔ အၿပိဳင္အမွတ္ေပးဖလားကို ဆြတ္ခူးရန္ ေရပန္းစားခ့ဲေပမယ့္ ခ်န္ပီယံဆုအတြက္ အေရးႀကီးသည့္ အဆံုးအျဖတ္ကာလမ်ား၌ လူငယ္ကစားသမားမ်ားရဲ႕ အေတြ႔အႀကံဳႏုနယ္မႈက သိသာထင္ရွားခ့ဲၿပီး အမွတ္ေပးဖလားနဲ႔ လြဲေခ်ာ္ခ့ဲရပါတယ္။ ယူရိုပါလိဂ္ၿပိဳင္ပြဲ၌လည္း ဗိုလ္လုပြဲအဆင့္အထိ ေရာက္ရွိခ့ဲေပမယ့္ ဥေရာပဝါရင့္ ယူႏုိက္တက္အသင္းနဲ႔ ရင္ဆုိင္ခ့ဲရၿပီး ႏွစ္ဂိုးဂိုးမရွိနဲ႔ ရံႈးနိမ့္ကာ ခ်န္ပီယံဆုကို ထပ္မံလက္လႊတ္ခ့ဲရပါတယ္။

 

ဆဲလ္တစ္ (၂၀၀၂-၀၃)

(၁၉၇၀) ခုႏွစ္ေနာက္ပိုင္း ပထမဆံုးအႀကိမ္အျဖစ္ ယူရိုပါလိဂ္(ထုိစဥ္က UEFA Cup) ၿပိဳင္ပြဲရဲ႕ ဗုိလ္လုပြဲအဆင့္ကို တက္ေရာက္ႏုိင္ခ့ဲသည့္ ဆဲလ္တစ္အသင္းသည္ ျပည္တြင္းအမွတ္ေပးၿပိဳင္ပြဲ၌လည္း ရိန္းဂ်ားစ္အသင္းနဲ႔အၿပိဳင္ ျဖစ္ေနသလို စေကာ့တလန္ျပည္တြင္းဖလားရဲ႕ ဗိုလ္လုပြဲအဆင့္ကိုလည္း တက္ေရာက္ထားႏုိင္ခ့ဲပါတယ္။ ဒါေပမယ့္ ျပည္တြင္းဖလားဗိုလ္လုပြဲ၌ အဲလက္စ္မက္လစ္ရွ္ ကိုင္တြယ္ေနသည့္ ရိန္းဂ်ားစ္အသင္းကုိ ေနာက္ဆံုးမိနစ္ ပင္နယ္တီလြဲေခ်ာ္မႈနဲ႔အတူ ႏွစ္ဂိုးတစ္ဂိုးနဲ႔ ရံႈးနိမ့္ခ့ဲခ်ိန္မွစတင္ၿပီး ကံဆုိးမႈမ်ား စတင္ခ့ဲသည့္ ဆဲလ္တစ္အသင္းသည္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ၌လည္း ထုိစဥ္က ေမာ္ရင္ဟိုကိုင္တြယ္ေနသည့္ ေပၚတိုအသင္းကို ဗိုလ္လုပြဲ၌ အခ်ိန္ပိုအထိ ကစားခ့ဲရၿပီးမွ သံုးဂိုးႏွစ္ဂိုးနဲ႔ရံႈးနိမ့္ကာ ခ်န္ပီယံဆုနဲ႔ လြဲေခ်ာ္ခ့ဲပါတယ္။ အမွတ္ေပးၿပိဳင္ပြဲ၌လည္း ေနာက္ဆံုးအခ်ိန္အထိယွဥ္ၿပိဳင္ခ့ဲရၿပီး ေနာက္ဆံုးပြဲစဥ္၌ ကီလ္မာေနာ့အသင္းကို ေလးဂိုးဂိုးမရွိျဖင့္ အႏုိင္ရရွိခ့ဲေပမယ့္ ရိန္းဂ်ားစ္အသင္းနဲ႔ ဂိုးကြာျခားခ်က္ (၁) ဂိုးအကြာနဲ႔ အမွတ္ေပးခ်န္ပီယံဆုကို လက္လႊတ္ခ့ဲရပါတယ္။

<Zawgyi Version>

 

#HM(Soshwe)

#SoshweSports

#SoshweForYourDailyLife

#Like&Share

About admin

Check Also

ဖလွိုက်မေဝဲလ်သာပိုင်ဆိုင်သည့် ဒေါ်လာ (၂၅) သန်းတန် စံအိမ်ကြီးအကြောင်း။

လက်ဝှေ့အကျော်အမော် မေဝဲလ်သာသည် အိမ်ခြံမြေနဲ့ ပတ်သက်သည့် စီးပွါးရေးလုပ်ငန်းများကို အလွန်အမင်းစိတ်ဝင်စားသူတစ်ဦးဖြစ်ပြီး အိမ်များကို ဝယ်ယူစုဆောင်းသည့်နေရာ၌လည်း ဝါသနာထုံသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ မက်ဂရီဂေါ်ကို အနိုင်ရရှိပြီးနောက် မေဝဲလ်သာက ကယ်လီဖိုးနီးယားရှိ သူ့ရဲ့ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro