Breaking News

အီသီယိုးပီးယားနိုင်ငံရဲ့ အသက်အငယ်ဆုံး နည်းပညာစွန့်ဦးတီထွင်သူ။

အီသီယိုးပီးယားနိုင်ငံဟာ နှစ်ပေါင်း ၂၀ နီးပါးလောက် စီးပွားရေး တည်ငြိမ်နေပြီး နိုင်ငံရဲ့ ထုတ်ကုန်ပစ္စည်းတွေဟာလည်း တခြားနိုင်ငံတွေနဲ့ယှဉ်ရင် အလွန်ပဲ နည်းပါးလှပါတယ်။ နိုင်ငံရဲ့ အဓိကစီးပွားရေးလုပ်ငန်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေပြီး နိုင်ငံရှိ လူငယ်တွေမှလည်း နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းတွေကို စတင်အကောင်အထည်ဖော်လာကြပါတယ်။

အီသီယိုးပီးယားနိုင်ငံတစ်နိုင်ငံတည်း နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းတွေကို စတင် အကောင်အထည်ဖော်နေတာမဟုတ်ပါဘူး။ အခြားနိုင်ငံတွေဖြစ်ကြတဲ့ ကင်ညာ၊ နိုင်ဂျီးရီးယား၊ တောင်အာဖရိကနဲ့ ဂါနာနိုင်ငံတို့မှာလည်း အင်အားတောင့်တင်းတဲ့ ရင်းနှီးမြှုပ်နှံသူတွေက နည်းပညာနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းဆောင်တာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာကြပါတယ်။ အခုလိုပြုလုပ်လာတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံရဲ့ လိုအပ်ချက်တွေကို နည်းပညာပိုင်းအသုံးပြုပြီး ဖြေရှင်းဖို့အတွက်ပဲ ဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် Betelhem Dessie ဆိုတဲ့ ကောင်မလေးဟာ အီသီယိုးပီးယားမှာ အသက်အငယ်ဆုံး နည်းပညာ စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ (၇) နှစ်ကျော်လောက်က စတင်ကာ နိုင်ငံအတွင်း လှည့်လည်သွားလာ၍ လူငယ်တွေအား ကွန်ပျူတာ ဆော့ဖ်ဝဲ coding ရေးသားနည်း Workshop တွေကို သင်ယူပို့ချခဲ့ကာ သုံးနှစ်ကျော််အတွင်း အယောက် ၂၀၀၀၀ ကျော်အထိကို သင်ယူပို့ချပေးနိုင်ခဲ့ပါတယ်။

“ ဖွံဖြိုးပြီး နိုင်ငံတွေမှာဆိုရင် နည်းပညာအသစ်တွေကို လုပ်ငန်းစဉ်တွေ လွယ်ကူချောမွေ့စေဖို့ အသုံးပြုနေကြပြီး ကျွန်မတို့ အီသီယိုးပီးယားမှာဆိုရင်တော့ မရှိမဖြစ် လိုအပ်ချက်အရ အသုံးပြုနေရပါတယ် . . .” ဆိုပြီး Dessie မှ BBC သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

<Unicode Version>

 

 




အသက် ၂၁ နှစ်အရွယ် Betelhem Dessie ဆိုတဲ့ ကောင်မလေးဟာ အီသီယိုးပီးယားမှာ အသက်အငယ်ဆုံး နည်းပညာ စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ (၇) နှစ်ကျော်လောက်က စတင်ကာ နိုင်ငံအတွင်း လှည့်လည်သွားလာ၍ လူငယ်တွေအား ကွန်ပျူတာ ဆော့ဖ်ဝဲ coding ရေးသားနည်း Workshop တွေကို သင်ယူပို့ချခဲ့ကာ သုံးနှစ်ကျော်အတွင်း အယောက် ၂၀၀၀၀ ကျော်အထိကို သင်ယူပို့ချပေးနိုင်ခဲ့ပါတယ်။


<Zawgyi Version>

 

#ST(Soshwe)

#Soshwetech

#SoshweForYourDailyLife

#Like&Share

About admin

Check Also

လျှပ်စစ်ကားကဏ္ဍထဲကို ခြေဆန့်လာတဲ့ တရုတ် နည်းပညာကုမ္ပဏီကြီးများ။

တရုတ်ဟာ ကမ္ဘာတစ်ဝှမ်းက စမတ်ဖုန်းစျေးကွက်ကို နေရာယူထားတဲ့အပြင် လျှပ်စစ်ကား ထုတ်လုပ်ရေးဘက်ကိုပါ ဦးတည်လာပြီး မော်တော်ယာဉ် ထုတ်လုပ်ခြင်းဟာလည်း ဒီဂျစ်တယ်ပိုင်းဆိုင်ရာ စစ်အေးတိုက်ပွဲရဲ့ အဓိကကျတဲ့ သော့ချက်တစ်ခုဖြစ်လာနိုင်တယ်လို့ စက်မှုလုပ်ငန်းဆိုင်ရာ ပညာရှင်တွေက …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro