Breaking News

ကမ္ဘာတစ်ဝှမ်း အမျိုးသားနဲ့ အမျိုးသမီး သေကြောင်းကြံစည်မှုနှုန်း နှိုင်းယှဉ်ချက်။

ကမ္ဘာပေါ်ရှိ နိုင်ငံတော်တော်များများမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စိတ်ဖိစီးမှု၊ စိတ်ဓာတ် ကျဆင်းမှုတွေ ပိုမိုခံစားရပြီး မိမိကိုယ်ကို အဆုံးစီရင်ဖို့အတွက်လည်း ပိုမိုကြိုးစားလာကြပါတယ်။ ဒါဆို ဘာ့ကြောင့် အမျိုးသားတွေအဆုံးစီရင်မှုနှုန်းက အမျိုးသမီးအရေအတွက်ထက် ပိုများနေရတာလဲ ? ? ?

WHO ရဲ့ ထုတ်ပြန်ကြေငြာချက်အရ ၂၀၁၆ ခုနှစ်အတွင်း တစ်ကမ္ဘာလုံး အဆုံးစီရင်မှုနှုန်းဟာ ခန့်မှန်းခြေ ၇၉၃၀၀၀ ယောက်ခန့်ရှိပြီး အများဆုံးမှာ အမျိုးသားတွေဖြစ်ကြောင်း သိရှိရပါတယ်။ ၁၉၈၁ ခုနှစ်မှာတော့ အင်္ဂလန်နိုင်ငံဟာ မိမိကိုယ်ကို အဆုံးစီရင်မှုနှုန်း အနည်းဆုံးဖြစ်ပြီး အဓိကကျူးလွန်သူတွေကတော့ အသက် ၄၅ နှစ်အောက် အမျိုးသားတွေပဲ ဖြစ်ကြပါတယ်။ အမျိုးသမီး သေကြောင်းကြံစည်မှုနှုန်းကတော့ အမျိုးသားတွေရဲ့ သုံးပုံတစ်ပုံမျှသာ ရှိပါတယ်။ အခြားနိုင်ငံတွေကို လေ့လာကြည့်မယ်ဆိုရင် သြစတြေးလျနိုင်ငံမှာလည်း အင်္ဂလန်နဲ့ အဆုံးစီရင်မှုနှုန်း တူညီပြီး အမေရိကန်နိုင်ငံမှာတော့ အမျိုးသားရာခိုင်နှုန်းက အမျိုးသမီးရာခိုင်နှုန်းထက် ၃.၅ ဆ ကျော်ပိုများကာ ရုရှားနဲ့ အာဂျင်တီးနားမှာတော့ ၄ ဆ ပိုများပါတယ်။

အမေရိကန် သေကြောင်းကြံစည်မှု ကာကွယ်စောင့်ရှောက်ရေး Foundation ရဲ့ ဒုဥက္ကဌဖြစ်သူ Jill Harkavy Friedman မှ “ ကျွန်တော်တို့အနေနဲ့ Data တွေကို ပိုမိုလေ့လာလေလေ၊ အခုလို သေကြောင်းကြံစည်တဲ့နှုန်း ကွာလာတာကို ထင်ထင်ရှားရှား တွေ့ရှိလာလေပဲဖြစ်ပါတယ်။ ကမာတစ်ဝှမ်း အမျိုးသား သေကြောင်းကြံစည်မှုနှုန်းဟာ အမျိုးသမီး သေကြောင်းကြံစည်မှုနှုန်းထက် ပိုမိုများပြားတယ်ဆိုတာကို ငြင်းစရာအကြောင်း မရှိပါဘူး . . . ” ဆိုပြီး ပြောပြခဲ့ပါတယ်။

အကြီးအကျယ် စိတ်ထိခိုက်ခံစားမှုတွေ၊ ရှုပ်တွေးတဲ့ ကိစ္စရပ်တွေဟာ လူတွေကို သေကြောင်းကြံစည်ဖို့အတွက် ဖိအားဖြစ်စေပြီိး တိကျသေချာတဲ့ အကြောင်းပြချက်တွေမရှိဘဲ ကျူးလွန်ခဲ့ကြခြင်းတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စိတ်ထိခိုက်ခံစားလွယ်ခြင်း၊ စိတ်ဖိစီးမှုတွေနဲ့ စိတ်ဓာတ်ကျဆင်းမှုတွေကို အများဆုံး ထိခိုက်ခံစားနေရတာတောင်မှ အမျိုးသား သေကြောင်းကြံစည်မှုနှုန်းဟာ အမျိုးသမီးတွေထက် ပိုများနေရတဲ့အကြောင်းကို ရှာဖွေနိုင်ခြင်း မရှိသေးပါဘူး။

<Unicode Version>

 

 

ကမာၻတစ္ဝွမ္း အမ်ိဳးသားနဲ႕ အမ်ိဳးသမီး ေသေၾကာင္းႀကံစည္မႈႏႈန္း ႏိႈင္းယွဥ္ခ်က္။

ကမာၻေပၚရွိ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ စိတ္ဖိစီးမႈ၊ စိတ္ဓာတ္ က်ဆင္းမႈေတြ ပိုမိုခံစားရၿပီး မိမိကုိယ္ကို အဆုံးစီရင္ဖို႕အတြက္လည္း ပိုမိုႀကိဳးစားလာၾကပါတယ္။ ဒါဆို ဘာ့ေၾကာင့္ အမ်ိဳးသားေတြအဆုံးစီရင္မႈႏႈန္းက အမ်ိဳးသမီးအေရအတြက္ထက္ ပိုမ်ားေနရတာလဲ ? ? ?

WHO ရဲ႕ ထုတ္ျပန္ေၾကျငာခ်က္အရ ၂၀၁၆ ခုႏွစ္အတြင္း တစ္ကမာၻလုံး အဆုံးစီရင္မႈနႈန္းဟာ ခန္႕မွန္းေျခ ၇၉၃၀၀၀ ေယာက္ခန္႕ရွိၿပီး အမ်ားဆုံးမွာ အမ်ိဳးသားေတြျဖစ္ေၾကာင္း သိရွိရပါတယ္။ ၁၉၈၁ ခုႏွစ္မွာေတာ့ အဂၤလန္ႏိုင္ငံဟာ မိမိကိုယ္ကို အဆုံးစီရင္မႈႏႈန္း အနည္းဆုံးျဖစ္ၿပီး အဓိကက်ဴးလြန္သူေတြကေတာ့ အသက္ ၄၅ ႏွစ္ေအာက္ အမ်ိဳးသားေတြပဲ ျဖစ္ၾကပါတယ္။ အမ်ိဳးသမီး ေသေၾကာင္းႀကံစည္မႈႏႈန္းကေတာ့ အမ်ိဳးသားေတြရဲ႕ သုံးပုံတစ္ပုံမွ်သာ ရွိပါတယ္။ အျခားႏိုင္ငံေတြကို ေလ့လာၾကည့္မယ္ဆိုရင္ ၾသစေၾတးလ်ႏိုင္ငံမွာလည္း အဂၤလန္နဲ႕ အဆုံးစီရင္မႈႏႈန္း တူညီၿပီး အေမရိကန္ႏိုင္ငံမွာေတာ့ အမ်ိဳးသားရာခိုင္ႏႈန္းက အမ်ိဳးသမီးရာခိုင္ႏႈန္းထက္ ၃.၅ ဆ ေက်ာ္ပိုမ်ားကာ ရုရွားနဲ႕ အာဂ်င္တီးနားမွာေတာ့ ၄ ဆ ပိုမ်ားပါတယ္။

အေမရိကန္ ေသေၾကာင္းႀကံစည္မႈ ကာကြယ္ေစာင့္ေရွာက္ေရး Foundation ရဲ႕ ဒုဥကၠဌျဖစ္သူ Jill Harkavy Friedman မွ “ ကၽြန္ေတာ္တို႕အေနနဲ႕ Data ေတြကို ပိုမိုေလ့လာေလေလ၊ အခုလို  ေသေၾကာင္းႀကံစည္တ့ဲႏႈန္း ကြာလာတာကို ထင္ထင္ရွားရွား ေတြ႕ရွိလာေလပဲျဖစ္ပါတယ္။ ကမာတစ္ဝွမ္း အမ်ိဳးသား ေသေၾကာင္းႀကံစည္မႈႏႈန္းဟာ အမ်ိဳးသမီး ေသေၾကာင္းႀကံစည္မႈႏႈန္းထက္ ပိုမိုမ်ားျပားတယ္ဆိုတာကို ျငင္းစရာအေၾကာင္း မရွိပါဘူး . . . ” ဆိုၿပီး ေျပာျပခဲ့ပါတယ္။

အႀကီးအက်ယ္ စိတ္ထိခိုက္ခံစားမႈေတြ၊ ရႈပ္ေတြးတ့ဲ ကိစၥရပ္ေတြဟာ လူေတြကို  ေသေၾကာင္းႀကံစည္ဖို႕အတြက္ ဖိအားျဖစ္ေစၿပီိး တိက်ေသခ်ာတ့ဲ အေၾကာင္းျပခ်က္ေတြမရွိဘဲ က်ဴးလြန္ခ့ဲၾကျခင္းေတြပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ စိတ္ထိခိုက္ခံစားလြယ္ျခင္း၊ စိတ္ဖိစီးမႈေတြနဲ႕ စိတ္ဓာတ္က်ဆင္းမႈေတြကို အမ်ားဆုံး ထိခိုက္ခံစားေနရတာေတာင္မွ အမ်ိဳးသား ေသေၾကာင္းႀကံစည္မႈႏႈန္းဟာ အမ်ိဳးသမီးေတြထက္ ပိုမ်ားေနရတ့ဲအေၾကာင္းကို ရွာေဖြႏိုင္ျခင္း မရွိေသးပါဘူး။

<Zawgyi Version>

 

#ST(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

About admin

Check Also

သွေးနီရောင်ကောင်းကင်ကြီးဖြစ်ပေါ်ခဲ့တဲ့ တရုတ်မြို့။

တရုတ်မြို့တစ်မြို့ပေါ်မှ သွေးနီရောင်ကောင်းကင်ကြီးရဲ့ ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုက နိုင်ငံသားများအကြား ကြောက်ရွံ့ထိတ်လန့်မှု ဖြစ်စေခဲ့ပါတယ်။ Covid ဒဏ်ခံထားရပြီး ဆိပ်ကမ်းမြို့ဖြစ်တဲ့ ရှန်ဟိုင်းမြို့အနီးရှိ Zhoushan မှာ နေထိုင်သူများ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်မှာတော့ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro