Breaking News

ဒေါ်လာ ၅ ဘီလီယမ်ကျော် လှူဒါန်းခဲ့တဲ့ သူဌေးကြီး။

အိန္ဒိယနိုင်ငံရဲ့ ဒုတိယအချမ်းသာဆုံးသူဌေးကြီးဖြစ်သူက နိုင်ငံသက်တမ်းတစ်လျှောက် အကြီးမားဆုံး လှူဒါန်းမှုတစ်ခုဖြစ်တဲ့ ဒေါ်လာ ၅.၇ ဘီလီယမ်ကို ပရဟိတအသင်းအဖွဲ့များဆီသို့ လှူဒါန်းခဲ့ပါတယ်။

IT ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Wipro ရဲ့ Chairman ဖြစ်သူ Billionaire သူဌေးကြီး Azim Premji ဟာ အခုလိုမျိုး ကြီးကျယ်တဲ့ကိစ္စရပ်ကြီးကို ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ သူဌေးကြီး Azim ဟာ ဒေါ်လာ ၅.၇ ဘီလီယမ်ကို သူတည်ထောင်ထားတဲ့ Azim Premji Foundation သို့ ရက်ရက်ရောရော လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

Azim Premji Foundation ဟာ နိုင်ငံအနှံ့ ပညာရေးတိုးတက်လာစေဖို့ အာရုံစိုက်လုပ်ဆောင်နေပြီး အကျိုးအမြတ်မယူဘဲ လူမှုရေးကိစ္စရပ်တွေကို လုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်း ၁၅၀ ကျော်ကိုလည်း ထောက်ပ့ံပေးနေတဲ့ Foundation တစ်ခုပဲဖြစ်ပါတယ်။ ထို့အပြင် ဘန်ဂလိုမြို့မှာလည်း Azim Premji တက္ကသိုလ်ကို ဖွင့်လှစ်ထားပါသေးတယ်။

အခုလှူဒါန်းမှုကြီးဟာ အသက် ၇၀ ကျော်အရွယ်ရှိတဲ့ သူဌေးကြီး Azim ရဲ့ ပထမဦးဆုံး လှူဒါန်းမှုမဟုတ်ပါဘူး။ Wipro ရဲ့ Chairman ကြီးဟာ ကုမ္ပဏီရှယ်ယာ စုစုပေါင်း ၆၇ ရာခိုင်နှုန်း (၂၁ ဘီလီယမ် ဒေါ်လာ) ကို ခုနှစ်နှစ်ကျော်အတွင်း Azim Premji Foundation ကို လှူးဒါန်းခဲ့တာပဲဖြစ်ပါတယ်။

Forbes Magazine ရဲ့ ထုတ်ပြန်ကြေငြာချက်အရ သူဌေးကြီး Azim ဟာ ဒေါ်လာ ၂၂.၆ ဘီလီယမ်ကျော် ကြွယ်ဝချမ်းသာရာကနေ ခုနစ်နှစ်ကျော်အတွင်း ဒေါ်လာ ဘီလီယမ်းပေါင်းမြောက်မြားစွာ လှူဒါန်းပြီးနောက်ပိုင်း Wipro ရဲ့ ရှယ်ယာ ၇ ရာခိုင်နှုန်း (ဒေါ်လာ ၄.၄ ဘီလီယမ်) သာ ပိုင်ဆိုင်ပါတော့တယ်။

Warren Buffett နဲ့ Bill Gates ပြီးနောက်ပိုင်း ကြွယ်ဝချမ်းသာမှုတွေကို အများဆုံးလှူဒါန်းတဲ့ ပထမဦးဆုံး အိန္ဒိယသူဌေးကြီးတစ်ဦးအဖြစ် အသိအမှတ်ပြုခြင်း ခံခဲ့ရပါတယ်။
<Unicode Version>

 

ေဒၚလာ ၅ ဘီလီယမ္ေက်ာ္ လွဴဒါန္းခ့ဲတ့ဲ သူေဌးႀကီး။

အိႏၵိယႏိုင္ငံရဲ႕ ဒုတိယအခ်မ္းသာဆုံးသူေဌးႀကီးျဖစ္သူက ႏိုင္ငံသက္တမ္းတစ္ေလွ်ာက္ အႀကီးမားဆုံး လွဴဒါန္းမႈတစ္ခုျဖစ္တ့ဲ ေဒၚလာ ၅.၇ ဘီလီယမ္ကို ပရဟိတအသင္းအဖြဲ႕မ်ားဆီသို႕ လွဴဒါန္းခ့ဲပါတယ္။

IT ကုမၸဏီႀကီးတစ္ခုျဖစ္တ့ဲ Wipro ရဲ႕ Chairman ျဖစ္သူ Billionaire သူေဌးႀကီး Azim Premji ဟာ အခုလိုမ်ိဳး ႀကီးက်ယ္တ့ဲကိစၥရပ္ႀကီးကို ျပဳလုပ္ခ့ဲတာပဲျဖစ္ပါတယ္။ သူေဌးႀကီး Azim ဟာ ေဒၚလာ ၅.၇ ဘီလီယမ္ကို သူတည္ေထာင္ထားတ့ဲ Azim Premji Foundation သို႕ ရက္ရက္ေရာေရာ လွဴဒါန္းခ့ဲတာပဲျဖစ္ပါတယ္။

Azim Premji Foundation ဟာ ႏိုင္ငံအႏွံ႕ ပညာေရးတိုးတက္လာေစဖို႕ အာရုံစိုက္လုပ္ေဆာင္ေနၿပီး အက်ိဳးအျမတ္မယူဘဲ လူမႈေရးကိစၥရပ္ေတြကို လုပ္ေဆာင္ေပးေနတ့ဲ အဖြဲ႕အစည္း ၁၅၀ ေက်ာ္ကိုလည္း ေထာက္ပ့ံေပးေနတ့ဲ Foundation တစ္ခုပဲျဖစ္ပါတယ္။ ထို႕အျပင္ ဘန္ဂလိုၿမိဳ႕မွာလည္း Azim Premji တကၠသိုလ္ကို ဖြင့္လွစ္ထားပါေသးတယ္။

အခုလွဴဒါန္းမႈႀကီးဟာ အသက္ ၇၀ ေက်ာ္အရြယ္ရွိတ့ဲ သူေဌးႀကီး Azim ရဲ႕ ပထမဦးဆုံး လွဴဒါန္းမႈမဟုတ္ပါဘူး။ Wipro ရဲ႕ Chairman ႀကီးဟာ ကုမၸဏီရွယ္ယာ စုစုေပါင္း ၆၇ ရာခိုင္ႏႈန္း (၂၁ ဘီလီယမ္ ေဒၚလာ) ကို ခုႏွစ္ႏွစ္ေက်ာ္အတြင္း Azim Premji Foundation ကို လွဴးဒါန္းခ့ဲတာပဲျဖစ္ပါတယ္။

Forbes Magazine ရဲ႕ ထုတ္ျပန္ေၾကျငာခ်က္အရ သူေဌးႀကီး Azim ဟာ ေဒၚလာ ၂၂.၆ ဘီလီယမ္ေက်ာ္ ၾကြယ္ဝခ်မ္းသာရာကေန ခုနစ္ႏွစ္ေက်ာ္အတြင္း ေဒၚလာ ဘီလီယမ္းေပါင္းေျမာက္ျမားစြာ လွဴဒါန္းၿပီးေနာက္ပိုင္း Wipro ရဲ႕ ရွယ္ယာ ၇ ရာခိုင္ႏႈန္း (ေဒၚလာ ၄.၄ ဘီလီယမ္) သာ ပိုင္ဆိုင္ပါေတာ့တယ္။

Warren Buffett နဲ႕ Bill Gates ၿပီးေနာက္ပိုင္း ၾကြယ္ဝခ်မ္းသာမႈေတြကို အမ်ားဆုံးလွဴဒါန္းတ့ဲ ပထမဦးဆုံး အိႏၵိယသူေဌးႀကီးတစ္ဦးအျဖစ္ အသိအမွတ္ျပဳျခင္း ခံခ့ဲရပါတယ္။

<Zawgyi Version>

 

#ST(Soshwe)

#SoshweNews

#SoshweForYourDailyLife

#Like&Share

About admin

Check Also

၂၀၂၂ ခုနှစ်ရဲ့ အလုံခြုံဆုံးနဲ့ အန္တရာယ်အကင်းဆုံးသော မြို့တော်များ။

ခရီးသွားတွေအနေနဲ့ ဘယ်နေရာကို အလည်အပတ်သွားရမလဲဆိုတာ ဆုံးဖြတ်တဲ့အချိန်မှာ အန္တရာယ်ကင်းပြီး လုံခြုံမှုကို ပေးစွမ်းနိုင်တဲ့ နေရာတွေကိုသာ အဓိကဦးစားပေး ရွေးချယ်တတ်ကြပါတယ်။ ဒါပေမယ့် မကြာသေးခင်က ကမ္ဘာတစ်ဝှမ်းလုံးမှာ ကပ်ရောဂါဆိုးကြီး ပျံ့နှံ့လာခဲ့တာကြောင့် …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro